AD
AD
AD

၂၀၁၇ ခုနှစ်ကလည်းက စမတ်ဖုန်းလုံခြုံရေးနည်းပညာလောကကို စိန်ခေါ်နေတဲ့ မှန်ပြင်အောက် လက်ဗွေထည့်စနစ်ကို လာ့စ်ဗီးဂတ်စ်မှာ ကျင်းပနေတဲ့ CES2018 ပွဲမှာ Vivo ထုတ် စမတ်ဖုန်းတစ်လုံးမှာ ပထမဆုံး စတင်သုံးစွဲပြသသွားပါတယ်။

play

 

ကယ်လီဖိုးနီးယားအခြေစိုက် Synaptics ထုတ် မှန်ပြင်အောက် လက်ဗွေအာရုံခံစနစ် under-display fingerprint scanner ကို ဒီနှစ် CES ထုတ်ကုန်ပြပွဲမှာ စတင်ကြေငြာသွားတာဖြစ်ပြီး သုံးသွားတဲ့ ဖုန်းကလည်း ယခင် ထွက်ပေါ်ခဲ့တဲ့ သတင်းများအတိုင်း Vivo စမတ်ဖုန်းပဲ ဖြစ်ပါတယ။် ဖုန်းနာမည်ကိုတော့ မကြေငြာထားပေမယ့် ဒီဖုန်းဟာ OLED display သုံး ဖုန်းဖြစ်ပြီး home button မပါတာကြောင့် မှန်ပြင်နေရာ ပိုကျယ်သွားပါတယ်။ လက်ဗွေစနစ်ကိုလည်း OLED Display အောက်မှာပဲ virtual button အနေနဲ့ ထည့်ထားတာပါ။ ဒီခလုတ်ကလည်း အပြာရောင် လက်ဗွေရာပုံအလင်းနဲ့ ထုတ်ထားတာ ဖြစ်လို့ screen မှာ ထင်းခနဲ နေအောင် လှပနေတာ တွေ့ ရပါတယ်။

 

မျက်နှာပြင် ၆ လက်မရှိတဲံ ဒီဖုန်းရဲ့ တစ်ခြားနည်းပညာများအကြောင်း မသိရသေးပေမယ့် under-display fingerprint စနစ်ကြောင့်ကိုပဲ သူ့ အထက်က ကမ္ဘာ့အကြီးဆုံး ထိပ်တန်းစမတ်ဖုန်းတွေကို ယှဉ်နိုင်မှာ ဖြစ်ပါတယ်။ တစ်ခုရှိတာက Vivo စမတ်ဖုန်းမှာ သုံးထားတဲ့ Under-display fingerprint က ရိုးရိုး လက်ဗွေစနစ်လောက်တေုာ့ ဖွင့်ရတာ သိပ်မမြန်ဘူးလို့ ဆိုပါတယ်။ ဒါကလည်း ပြဿနာတော့ မဟုတ်ပါဘူး။ လက်ဗွေလုံခြုံရေးစနစ်ဟာ စမတ်ဖုန်း biometric နည်းပညာတွေထဲမှာ အလုံခြုံဆုံးနဲ့ အတိကျဆုံး နည်းပညာလည်း ဖြစ်လို့ ဒီနည်းပညာဟာ မှန်ပြင်ပြည့် စမတ်ဖုန်းများ ခေတ်စားနေတဲ့ လက်ရှိ trend အတွက် အလိုက်ဖက်ဆုံး ဖြစ်တော့မှာပါ။

play

 

Under-display Fingerprint စနစ်ကို သုံးမယ့် ဖုန်းဟာ OLED display သုံးတဲ့ ဖုန်းပဲ ဖြစ်ရမယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ ဒီ လက်ဗွေစနစ်ဟာ မှန်မှာ virtual အနေနဲ့ ပေါ်ဖို့ မှန်ကနေ backlight နောက်ခံမီးစနစ် ပါရမှာပါ။ LCD display ရိုးရိုးကတော့ backlight မပါတာကြောင့် ဒီလိုမျိုး မှန်ပြင်အောက် လက်ဗွေစနစ်ကို သုံးလို့ မရဘူးလို့ လည်း ဆိုပါတယ်။ ဒီနည်းပညာကိုတော့ Clear ID အာရုံခံစနစ်လို့ လည်း နာမည်ပေးထားပြီး Synaptics အနေနဲ့ အကြီးအကျုယ် ထုတ်လုပ်မှု စတင်နေပြီ လို့ ဆိုပါတယ်။ မကြာခင်မှာ ကမ္ဘာ့စမတ်ဖုန်းလောကရဲ့ အသိသာဆုံး အပြောင်းအလဲများကို မြင်ရတော့မှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD