256GB အထိ ဗားရှင်း ၃ မျိုးထွက်ထားပါတယ်။

တစ်နှစ်လုံးလုံး သတင်းမျိုးစုံထွက်ထားခဲ့ပြီး နောက်ဆုံးမှာ တန်ဖိုးအနည်းဆုံး iPhone အကြောင်း သိလိုက်ရပြီ ဖြစ်ပါတယ်။



Apple iPhone XR a.jpg

Photo: Business Insider

 

သတင်းအရင်းအမြစ် အားလုံး ညွှန်းထားတဲ့အထဲမှာ တူညီ မှန်ကန်တဲ့ တစ်ချက်က Apple ဟာ ဒီနှစ်မှာ OLED display မော်ဒယ် ၂ မျိုးနဲ့LCD screen မော်ဒယ် တစ်မျိုးတို့ကို မိတ်ဆက်သွားတာပါ။ နာမည်အနေနဲ့လည်း 9to5mac သတင်းမှာ ပြောခဲ့တဲ့ OLED မော်ဒယ်အတွက် iPhone XS နဲ့XS Max တို့က မှန်ခဲ့ပြီး တန်ဖိုးအနည်းဆုံးလို့ဆိုတဲ့ LCD မော်ဒယ် iPhone ကို iPhone XR ဆိုတဲ့ နာမည်သစ်ကလည်း မှန်ခဲ့ပါတယ်။

တစ်ခုရှိတာက ဈေးနှုန်းမှာတော့ မမှန်ခဲ့ပါဘူး။ Apple ပွဲမကျင်းပခင် နာရီပိုင်းအထိ iPhone XS နဲ့XS Max တို့ကို ၇၉၉ ဒေါ်လာနဲ့၉၉၉ ဒေါ်လာ ဈေးတွေနဲ့ရောင်းချသွားမယ်လို့ပြောခဲ့ပါတယ်။ ဒါလည်း မမှန်ခဲ့သလို LCD မော်ဒယ်အတွက် ၆၉၉ ဒေါ်လာ ဈေးကလည်း မှားခဲ့ပါတယ်။ ပြောရရင် အနိမ့်ဆုံး 64GB မော်ဒယ် iPhone XR ရဲ့ ဈေးနှုန်းဟာ အနည်းဆုံး မြန်မာငွေ ၁၁ သိန်းခွဲကျော် ဈေးရှိပါတယ်။

အဆင့်မြင့်ဆုံး LCD display နဲ့လာတယ်ဆိုတဲ့ iPhone XR ဟာ မျက်နှာပြင် ၆.၁ လက်မရှိပြီး LCD display သုံး iPhone တွေထဲမှာ မျက်နှာပြင်အကြီးဆုံး ဖုန်းလည်း ဖြစ်ပါတယ်။ storage ကတော့ 64GB/128GB နဲ့256GB မော်ဒယ်သုံးမျိုးနဲ့ထွက်လာတာပါ။

တစ်ခုရှိတာက အထက်အောက် ဘေးဘောင်တွေ ဖြုတ်ပစ်လိုက်တာ ဖြစ်လို့ဒီဖုန်းဟာ မျက်နှာပြင် ၅.၅ လက်မအရွယ် iPhone 8 Plus ထက်တောင် အရွယ်အစား သေးနေပါတယ်။ ကိုယ်ထည်ဟာ အကြမ်းခံ မှန်ကိုယ်ထည်နဲ့လာပြီး wireless charging ကို အခြား အမြင့် iPhone နှစ်လုံးလို သုံးနိုင်ပြီ ဖြစ်ပါတယ်။

 

နောက်တစ်ခုက အရင်နှစ်က iPhone X မှာပဲ တွေ့ခဲ့ရတဲ့ FaceID ထက်တောင် ပိုမိုအဆင့်မြင့်တဲ့ FaceID ကို ဒီဖုန်းမှာ ပါလာပါတယ်။ processor ပိုင်းမှာ မျိုးဆက်သစ် Neural Engine ပါဝင်တဲ့ အဆင့်မြင့်ဆုံး Intelligent A12 Bionic chip နဲ့ထွက်လာတာ ဖြစ်လို့ဂရပ်ဖစ်စွမ်းဆောင်ရည်ဟာ ၅၀% ထိ ပိုမြန်လာာသလို ဖုန်းသုံးရတာမှာလည်း ၁၅% ပိုသွက်လာမှာပါ။

အရင်က iPhone 8 အတိုင်း တူတာတစ်ခုက ကျောဘက်မှာ ကင်မရာတစ်လုံးတည်း သုံးသွားတာ ဖြစ်ပါတယ်။iPhone XS ရဲ့ ပင်မကင်မရာ lens အတိုင်း f/1.8 wide-angle lens ပါတဲ့ 12MP ကျောဘက်ကင်မရာဟာ အဆင့်မြင့် portrait mode ၊ smart HDR ကင်မရာစနစ်သစ်များ ပါဝင်လာပါတယ်။ ရှေ့ဘက် True Depth ကင်မရာစနစ်မှာတော့ 7MP ကင်မရာ ဖြစ်ပါတယ်။

ဒီနှစ် တန်ဖိုးအနည်းဆုံး iPhone မှာလည်း ထူးခြားတာက IP67 rating ရေစိုခံလာပါတယ်။ နောက်တစ်ခုကလည်း nano SIM နဲ့e SIM စနစ်တွေ ပါဝင်လာပါတယ်။ dual SIM စနစ်ကို ပထမဆုံး မြင်ရတဲ့ iPhone ဖြစ်တာကလည်း ကမ္ဘာတစ်လွှားက iPhone fan တွေ စောင့်ကြည့်ရကျိုး နပ်ခဲ့ပါတယ်။

OS စနစ်ပိုင်းမှာ iOS 12 စနစ်သစ်ကို ဒီဖုန်းမှာ တစ်ခါတည်း မိတ်ဆက်သွားတာ ဖြစ်လို့အဆင့်မြင့် AR app တွေနဲ့Animoji ၊ Memoji တို့လို ဆန်းသစ်မှုတွေ မြင်ရမှာပါ။

iPhone XR ဟာ ကာလာအနေနဲ့အနက် ၊ အနီ ၊ အဝါ ၊ အပြာနဲ့သန္တာရောင် ကာလာ ၅ မျိုးထွက်ထားလို့အရင့်အရင်က iPhone 5C ကို သတိရစရာ ဖြစ်နေပါတယ်။ လန့်စရာကောင်းတာက ဈေးနှုန်း ဖြစ်ပါတယ်။

 

တန်ဖိုးအနည်းဆုံး မော်ဒယ်အတွက် ၇၄၉ ဒေါ်လာ (မြန်မာငွေ ၁၁ သိန်း ၆ သောင်းခွဲခန့်) ရှိပြီး 128GB နဲ့256GB ကတော့ ၇၉၉ ဒေါ်လာ (မြန်မာငွေ ၁၂ သိန်းခွဲနီးပါး) နဲ့၈၉၉ ဒေါ်လာ ( မြန်မာငွေ ၁၄ သိန်းနီးပါး) ဈေးတွေနဲ့အောက်တိုဘာလ ၂၆ ရက်နေ့မှာ နိုင်ငံပေါင်း ၅၀ ကျော်ကို တင်ပို့ရောင်းချသွားမယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က