HTC U12 ရဲ့ ထက်ဝက်ဈေးနဲ့ရောင်းချသွားမှာပါ

စမတ်ဖုန်းလောကမှာ ကုမ္ပဏီတစ်ခုရဲ့ နည်းပညာကို နောက်ကုမ္ပဏီတစ်ခုက လိုက်ကူးတာ ရိုးတောင်နေပါပြီ။ HTC ကတော့ ကုမ္ပဏီကြီး ၂ ခုရဲ့ ဒီဇိုင်းကို တစ်နေရာတည်း ပေါင်းစပ်ထားတဲ့ ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။



maxresdefault.jpg

Photo: ytimg

 

ဘာလင်မှာ ကျင်းပနေတဲ့ IFA ၂၀၁၈ ပွဲမှာ HTC ဟာ Apple ရဲ့ နာမည်ကျော် iPhone X နဲ့၂၀၁၇ က မိတ်ဆက်ထားတဲ့ Google Pixel 2 တို့ရဲ့ ဒီဇိုင်းနှစ်မျိုးကို ပေါင်းစပ်ထားတဲ့ HTC U12 Life ဖုန်းကို ပြသသွားခဲ့ပါတယ်။ mid-range ဖုန်းတစ်လုံးအနေနဲ့ထွက်လာခဲ့တဲ့ HTC U12 Life ဟာ မသိရင် HTC နာမည်ကြီး ဖုန်းတွေနဲ့လွဲလောက်တဲ့ ဒီဇိုင်းနဲ့hardware specs တွေ သုံးသွားပါတယ်။

ဒီဖုန်းမှာ mid-range processor ဖြစ်တဲ့ Snapdragon 636 chipset ၊ RAM 4GB/64GB storage တို့ပါရှိပါတယ်။ တကယ်လို့အမြင့်ဗားရှင်း ကိုင်ချင်ရင်တော့  RAM 6GB/128GB storage လည်း ထွက်ထားတာကြောင့် အဆင်ပြေမှာပါ။ ထူးခြားတာက 3.5mm headphone jack ကို ဆက်သုံးထားပြီး ဘက်ထရီကတော့ 3600 mAh ဖြစ်ပါတယ်။

မျက်နှာပြင် ၆ လက်မအရွယ် FHD screen နဲ့လာတဲ့ HTC U12 Life မှာ စိတ်ဝင်စားစရာတစ်ခုက ရှေ့display ကိုတော့ ကိုယ်ပိုင်ဟန်ဖြစ်တဲ့ notch မပါတဲ့ ဒီဇိုင်းအရိုးကို သုံးထားတာပါ။ ကျောဘက်မှာသာ Google Pixel 2 အတိုင်း အပေါ်အောက် ကာလာ ၂ မျိုုးနဲ့အတူ iPhone X စတိုင် ထောင်လိုက်ညာဘေးကပ် dual cameras တွေ ပါရှိထားပါတယ်။

FHD+ display ဖြစ်လို့2160 x 1080pixel ရုပ်ထွက်ဟာ ပြတ်သားမှု ၊ ကာလာတိကျမှုမှာ စိတ်ကျေနပ်စရာ ဖြစ်မှာပါ။ ကျောဘက်မှာတော့ Pixel 2 စတိုင် အစင်းနဲ့ပြောင် ကာလာ နှစ်ရောင်စပ်နဲ့လာပြီး fingerprint လည်း ကျောဘက်မှာပဲ ထည့်သွင်းထားပါတယ်။

ကင်မရာပိုင်းမှာ စိတ်ချမ်းသာစရာကောင်းတာက ဒေါင်လိုက် dual cameras အတွဲအစပ်ဖြစ်တဲ့ 16MP+5MP ကင်မရာစနစ် သုံးထားပြီး bokeh shots တွေ ရိုက်လို့ရမှာပါ။ အရှေ့မှာတော့ အလင်းအားနည်းချိန်မှာ ဆယ်လ်ဖီစနစ်ကို ပိုကောင်းစေမယ့် LED flash နဲ့အတူ13MP ဆယ်လ်ဖီကင်မရာစနစ်တွေ ပါဝင်ပါတယ်။ ဆော့ဖ်ဝဲလ်ဗားရှင်းအနေနဲ့HTC Sense UI ထည့်ထားတဲ့ Android 8.1 Oreo နဲ့ပဲလာထားတာပါ။

Photo: The Verge

 

ဈေးနှုန်းအနေနဲ့HTC U12 ရဲ့ ထက်ဝက်ဈေးဖြစ်တဲ့ ၃၈၉ ဒေါ်လာ (မြန်မာငွေ ၆ သိန်းနီးပါး) ဈေးနဲ့သတ်မှတ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က