Review: ၁၀ ဒေါ်လာတန် iTunes Gift card ကို အခမဲ့ရယူနည်း

ငွေတစ်ပြားမှ ကုန်မှာ မဟုတ်ပါဘူး။

ဒီတစ်ခါမှာတော့ ၁၀ ဒေါ်လာတန် အခမဲ့ iTunes Gift card တစ်ခုကို ကိုယ်နှစ်သက်ရာ App Store ကဖြစ်စေ iTunes အကောင့်က ဖြစ်စေ လဲလှယ်ရယူနိုင်တဲ့နည်းတစ်ခု ပြောပြပေးသွားမှာပါ။

ဒီ iTunes gift card လေးဟာ အက်ပလီကေးရှင်းတစ်ချို့ ကို အခမဲ့ သို့ မဟုတ် လျှော့ဈေးနဲ့ ဒေါင်းလုပ် ဆွဲလို့ ရစေမှာ ဖြစ်ပါတယ်။ ဒီ ၁၀ ဒေါ်လာတန် ဈေးဝယ်ခွင့်ကတ်ကလေးကို သုံးပြီး iTunes ကနေ အက်ပလီကေးရှင်းများ အပြင် သီချင်း ၊ စာအုပ် ၊ ရုပ်ရှင် နှင့် အခြားအခြား content များကိုလည်း ဝယ်ယူနိုင်ပါတယ်။

play

 

ငွေတစ်ပြားမှ မကုန်စေဘဲနဲ့ ၁၀ ဒေါ်လာတန် iTunes ဈေးဝယ်ကတ်တစ်ကတ် ရယူဖို့ အောက်ပါ နည်းလမ်းများအတိုင်း လုပ်ကြည့်ပါ။

အဆင့် (၁) ။ ပထမဆုံးအနေနဲ့ getcashforapps.com ကို သွားဖို့ လိုပါတယ်။ ဒီလိုသွားရာမှာလည်း ကွန်ပျူတာကနေ သွားမယ့်အစား Safari လို အိုင်ဖုန်း ၊ အိုင်ပက်တို့ ရဲ့ web browser ကနေ သွားဖို့  အကြံပြုပါတယ်။ Safari မှာ ဒီလင့်ခ်ပွင့်ပြီဆိုရင် iOS App Store ထဲက အက်ပလီကေးရှင်းရဲ့ ပေ့ခ်ျကို သွားဖို့  Get for iOS လင့်ခ် သို့ မဟုတ် ခလုတ်ကို နှိပ်ပေးရပါမယ်။

ဒါဆို အောက်ပါပုံအတိုင်း ပေါ်လာမှာပါ။

play

 

အဆင့် (၂) ။ တစ်ခြား အက်ပ်တွေကို ဒေါင်းလုပ်ဆွဲသလိုမျိုးပဲ ဒီအက်ပ်ကိုလည်း ဒေါင်းလုပ်ဆွဲပေးပါ။

အဆင့် (၃) ။ အက်ပ်ကို ဖွင့်လိုက်တာနဲ့ အီးမေးလ်လိပ်စာနဲ့ စကားဝှက်ပါရှိတဲ့ အကောင့်သစ်တစ်ခုကို register လုပ်ဖို့  ဒါမှမဟုတ်ရင် login ဝင်ဖို့ လိုမှာပါ။ အကောင့်သစ်ကို invite code နံပါတ်ဖြစ်တဲ့ 3bc62a6 သုံးပြီး မှတ်ပုံတင်မယ်ဆိုရင် ပွိုင့် ၂၀ အခမဲ့ ရမှာဖြစ်ပါတယ်။ ဒီပွိုင့်တွေကို နောက်ပိုင်းမှာ ပိုသုံးသွားရမှာပါ။

play

 

အဆင့် (၄) ။ ဒီအဆင့်ပြီးတာနဲ့ Open CashForApps ဆိုတဲ့ button ပါတဲ့ စာမျက်နှာတစ်ခု ပေါ်လာမှာပါ။ ဒါလေးကို နှိပ်ပြီး Safari ထဲမှာ web app ကို ဖွင့်လိုက်ရင် ကိုယ့်ဆီမှာ ရနိုင်တဲ့ offers အားလုံးကို တွေ့ မြင်နိုင်မှာ ဖြစ်ပါတယ်။

play

 

အဆင့် (၅) ။ အဲဒီထဲကမှ Rewards ဆိုတဲ့ tab လေးကို ဝင်ပြီး နိုင်ငံကို United States လို့ ရွေးပေးရင် ၁၀ ဒေါ်လာတန် iTunes gift card တစ်ခုနဲ့  ပြန်လဲလှယ်ဖို့ ပွိုင့် ၃၀၀၀ လိုနေတာကို တွေ့ ရမှာ ဖြစ်ပါတယ်။

play

 

အဆင့် (၆) ။ ဒါဆိုရင် Apps ဆိုတဲ့ tab ထဲဝင်ပြီး ရနိုင်သမျှ offer စာရင်းအကုန် ကြည့်လိုက်ပါ။ အဲဒီမှာ တစ်ခုပြီးတာနဲ့ ပွိုင့်ဘယ်လောက်ရမယ်ဆိုတာကို ပြောထားတာ ရှိပါတယ်။ ကိုယ့်ရဲ့ region ပေါ်မှာ မူတည်ပြီး iTunes ဈေးဝယ်ကတ်တစ်ခု အခမဲ့ ရဖို့ လိုအပ်တဲ့ ပွိုင့် ၃၀၀၀ လုံး တစ်ခါတည်းနဲ့  မပြည့်နိုင်တာကြောင့် ဒီထဲကို ကြည့်ပြီးတာနဲ့ ပြန်ထွက်လိုက်ပါ။

play

 

offer တစ်ခုချင်းစီကို သွားကြည့်တဲ့အထဲမှာ အက်ပ်တစ်ခုချင်းစီကို App Store ဆီ ပြန်သွား redirect လုပ်ပေးတာ ၊ ဒေါင်းလုပ်ဆွဲတာ နဲ့ အဲဒီ အက်ပ်များကို အနည်းဆုံး ၂ မိနစ်ကြာအောင် launch လုပ်နေတာတွေ ပါဝင်ပါတယ်။

play

 

 

အဆင့် (၇) ။ လိုအပ်တဲ့ ပွိုင့်တွေ ရပြီဆိုတာနဲ့ Rewards ကို ပြန်သွားပြီး Buy ဆိုတဲ့ option ကနေတစ်ဆင့် အဲဒီ ဈေးဝယ်ကတ်ကို လဲလှယ်လိုက်ပါ။ ဒါက ကိုယ့်အကောင့်ထဲမှာ ရှိတဲ့ ပွိုင့်တွေကို ဖျက်သွားမှာ ဖြစ်ပြီး မှတ်ပုံတင်ထားတဲ့ အီးမေးလ်လိပ်စာဆီကို ဒစ်ဂျစ်တယ်စနစ်နဲ့  iTunes ကတ် အခမဲ့ပို့ ပေးသွားမှာ ဖြစ်ပါတယ်။

play

 

အဆင့် (၈) ။ အခုဆိုရင် ကိုယ့်ရဲ့ App Store ကဖြစ်စေ iTunes အကောင့်ကဖြစ်စေ ၁၀ ဒေါ်လာတန် iTunes ကတ်တစ်ခုကို ရရှိသွားပြီ ဖြစ်လို့ ကိုယ့်စိတ်ကြိုက်သုံးနိုင်ပြီ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ