Nova 3 နဲ့တစ်ပုံစံတည်း ထွက်လာတာပါ။

Huawei Nova 3 ကို နှစ်ဆန်းပိုင်းက ထွက်ထားတဲ့ P20 Lite နဲ့နှိုင်းယှဉ်မယ်ဆိုရင် Nova 3i ကိုတော့ ပိုပြီး lite ဖြစ်တဲ့ ဗားရှင်းအနေနဲ့သတ်မှတ်ရမှာပါ။



huawei-nova-3i-1000x567.jpg

photo: GSMArena

 

ဖိလစ်ပိုင်ဈေးကွက်ထဲ စပြီး မိတ်ဆက်လိုက်တဲ့ Nova 3i ဟာ Huawei ရဲ့ mid-range  ဖုန်းတွေထဲမှာ HiSilicon ရဲ့ 12nm process နဲ့ထုတ်ထားတဲ့  Kirin 710 SoC ကို ပထမဆုံး သုံးထားတဲ့ ဖုန်းဖြစ်နေပါတယ်။ Kirin 710 ဟာ Snapdragon 710 processor လိုပဲ mid-range ဖုန်းတွေထဲမှာ မြန်နှုန်းမြင့်ပြီး ပါဝါအစားသက်သာစေဖို့အထူးထုတ်ထားတဲ့ processor ပါ။

 ဒီ CPU သစ်ဟာ တလောကမှ ထွက်ထားတဲ့ Huawei flagship ဖုန်းတွေမှာ ပါတဲ့ 2.2GHz Cortex-A53 cores နဲ့1.7GHz Cortex A73 cores လေးခုစီပါဝင်တာကြောင့် အလတ်တန်းစား ဖုန်းတစ်လုံးရဲ့ အကောင်းဆုံး စွမ်းရည်ကို သုံးနိုင်မှာ ဖြစ်ပါတယ်။

Nova 3i မှာ သုံးထားတဲ့ Kirin 710 ဟာ NPU လို့ခေါ်တဲ့ AI လေ့လာမှု စွမ်းရည်ပါရှိပြီး မြင်ကွင်း မှတ်သိမှု နဲ့animoji ဖန်တီးမှုလိုမျိုး AI လုပ်ဆောင်ချက်မျိုးစုံကို ပံ့ပိုးပေးနိုင်မှာပါ။ ဂရပ်ဖစ်စွမ်းဆောင်ရည်ပိုင်းမှာလည်း Nova 3i ဟာ အရင် Kirin 659 ရဲ့ GPU မှာထက် ၁ ဆခွဲ ပိုမို ကောင်းမွန်မယ်လို့သတင်းထွက်ထားပါတယ်။

photo: droidholicc

 

နောက်ထပ်ထူးခြားတာက ဒီဖုန်းမှာ Huawei ရဲ့ ဂရပ်ဖစ်နည်းပညာ ဖြစ်တဲ့ GPU Turbo သစ်နဲ့AI features တွေ သုံးနိုင်မယ်လို့လည်း ကုမ္ပဏီက ကြေငြာထားပါတယ်။ ပြောရရင် Kirin 710 SoC ဟာ Snapdragon 710 SoC လိုပဲ upper-mid-range chipsetလို့ဆိုရမှာပါ။ processor ကလွဲရင် ဒီဇိုင်းနဲ့ကင်မရာပိုင်းတွေမှာတော့ Nova 3i ဟာ Nova 3 နဲ့တစ်ပုံစံတည်းပါ။

မျက်နှာပြင် ၆.၃ လက်မ Full HD+ display နဲ့လာတဲ့ ဒီဖုန်းဟာ ကိုယ်ထည်အချိုးအစားကိုလည်း Nova 3 လိုပဲ 19:9 aspect ratio ကြောင့် အတော်လေးကို ရှည်သွယ်ပြီး မျက်နှာပြင်ကြီးလို့ကြီးမှန်း မသိသာပါဘူး။ Nova 3i မှာ စိတ်ဝင်စားစရာက onboard storage ကို 128GB အထ ပိုသုံးလာတာပါ။ RAM အနေနဲ့4GB ပါဝင်ပြီး storage ကို 256GB အထိ မြှင့်နိုင်ဖို့အတွက်လည်း micro SD card slot ပေးထားပါတယ်။

ကင်မရာပိုင်းမှာ ကျောဘက် 16MP+2MP ကင်မရာနှစ်လုံးတွဲ ပါပြီး fingerprint ကိုလည်း ကျောဘက်မှာပဲ သုံးထားတာပါ။ ။Nova 3i နဲ့Nova 3 တို့ဟာ ရှေ့ရော နောက်ပါ dual cameras သုံးထားတဲ့ ဖုန်းတွေ ဖြစ်ပြီး Nova 3i မှာဆို အရှေ့ဘက် 24MP + 2MP ဆယ်လ်ဖီကင်မရာ အတွဲနဲ့ထွက်ထားတာ ဖြစ်ပါတယ်။ ဘက်ထရီပိုင်းမှာ fast charging မပါပေမယ့် 10W charging ပါတာ ဖြစ်လို့အားသွင်းလို့အတော်အသင့် မြန်နေမှာပါ။

photo: Android Authority

 

ဖိလစ်ပိုင်ဈေးကွက်ထဲ စပြီး ဖြန့်တဲ့ Nova 3i ကို အနက် ၊ အဖြူနဲ့ခရမ်းပြာ ကာလာ ၃ ရောင်နဲ့ထွက်ထားပြီး ဖိလစ်ပိုင် ပီဆို ၁၅၉၉၀ (မြန်မာငွေ ၄ သိန်း ၂ သောင်းခွဲကျော်) ဈေးနဲ့စတင်ရောင်းချသွားမှာ ဖြစ်လို့Mi 8 SE နဲ့ဈေးသိပ်မကွာပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က