Project Linda ဆိုတာကတော့ Razer ဂိမ်းလက်ပ်တော့ ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် အဆင့်မြင့် နည်းပညာမော်ဒယ်တစ်ခုဖြစ်ပါတယ်။ ထူးခြားတာက ဒီလက်ပ်တော့မှာ Razer Phone ထည့်ဖို့ ပါ နေရာပေးထားတာဖြစ်ပြီး ဖုန်းကို လက်ပ်တော့နဲ့ ပါ တစ်ခါတည်း ချိတ်နိုင်တဲ့ နည်းပညာသုံးထားတဲ့ ဒီဇိုင်း ဖြစ်နေပါတယ်။

play

 

လက်ပ်တော့တစ်လုံးရဲ့ touchpad နေရာမှာ ကုမ္ပဏီထုတ် ပထမဆုံး gaming smartphone ဖြစ်တဲ့ Razer Phone ကို အရှင် တပ်နိုင် ဖြုတ်နိုင် ထည့်ပေးထားတာပါ။ ဒီ concept ဒီဇိုင်းမှာ power button မပါဘဲ Razer PHone ပေါ်က ပါဝါခလုတ်တို့ fingerprint sensor တို့ က လက်ပ်တော့အဖွင့်အပိတ် လုပ်ပေးနိုင်မှာပါ။ နောက်စတ်ုခက ဒီ Project Linda လက်ပ်တော့မှာ စပီကာလည်း မပါရှိဘဲ Razerr Phone ရဲ့ စတီရီယို စပီကာတွေကို သုံးထားတာ တွေ့ရပါတယ်။ ဒါ့အပြင် Google Assistant အတွက် ခလုတ်များ ၊ ဖုန်းတစ်လုံးရဲ့ home ခလုတ် ၊ back ခလုတ်နဲ့ multitasking လုတ်တို့ ကိုလည်း ဖုန်းကနေပဲ လက်ပ်တော့ကို စေခိုင်းနိုင်မှာပါ။

 

Razer Phone နဲ့ လက်ပ်တော့အကြားမှာ USB C port နဲ့ ချိတ်ဆက်ထားတာပါ။ ဒီဇိုင်းဆန်းပေမယ့်  ဖုန်းနဲ့ ချိတ်ပြီး တိုက်ရိုက်အလုပ်လုပ်တာပါပဲ။ ဖုန်းကနေပဲ အားလုံးကို ထိန်းချုပ်ထားတာဖြစ်ပြီး အားသွင်းတာကိုတော့ Project Linda လက်ပ်တော့ကနေ ယူနိုင်မှာ ဖြစ်ပါတယ်။ လက်ပ်တော့ထဲမှာ ဘက်ထရီစနစ်ကလည်း ဖုန်းအတွက် 53.6 Wh ဘက်ထရီ စနစ်နဲ့ အရန်အပို်သိုလှောင်မှုအဖြစ် 200GB storage ထည့်ထားပါတယ်။ နားကြပ်ပေါက် ၊ 720p webcam နဲ့ USB-A ၊ USB-C ports တွေ ပါရှိဦးမှာပါ။ လက်ပ်တော့ အရွယ်အစားအနေနဲ့ မျက်နှာပြင် ၁၃.၃ လက်မရှိပြီး နာမည်ကျော် Razer Phone လို့ 120Hz screen သုံးထားတာပါ။

play

 

Project Linda လက်ပ်တော့ရဲ့ CPU လို့ ဆိုနိုင်တဲ့ Razer Phone ကတော့ မျက်နှာပြင် ၅.၇ လက် ၊ RAM 8GB /storage 64GB ပါရှိပြီး processor ကတော့ နောက်ဆုံးထွက် Snapdragon 835 chipset ဖြစ်ပါတယ်။ ဖုန်းဘက်ထရီအနေနဲ့ 4000 mAh ဘက်ထရီကိုမှ တစ်နာရီအားသွင်းရင် ၈၅% အထိ အားအဝင်မြန်တဲ့ QuickCharge 4.0 အားသွင်းစနစ်ပါရှိပါတယ်။ ကျောဘက်မှာ 12MP+13MP ကင်မရာနှစ်လုံးပါရှိပြီး ရှေ့ ကင်မရာကတော့ 8MP ကင်မရာဖြစ်ပါတယ်။ fingerprint ကို ကိုယ်ထည်နံဘေး ပါဝါခလုတ်နားမှာ button တစ်ခုအနေနဲ့ သီးသန့် ထားရှိထားတာပါ။ ဒီဖုန်းကို ဈေးကွက်မှာ ဒေါ်လာ ၇၀၀ (မြန်မာငွေ ၉ သိန်းခွဲခန့် ) ဈေးနဲ့ ရောင်းချသွားတာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video