အရင်နှစ်က အဆင့်မြင့် processor သုံးထားတာပါ

လောလောလတ်လတ်ထွက်ထားတဲ့ LG flagship ဖုန်းတွေရဲ့ specs နဲ့လာပြီး Google ရဲ့ stock အန်းဒရိုက်ပရိုဂရမ်သုံး ဖုန်းကတော့ LG G7 One ပါ။



LG-G7-One.jpg

Photo: GadgetMatch

 

LG G7 One ဟာ ကုမ္ပဏီရဲ့ ပထမဆုံး Android One ဖုန်းဖြစ်ပြီး Android stock ဗားရှင်းနဲ့လာတဲ့ high-end ဖုန်းတစ်လုံး ဖြစ်ပါတယ်။ မျက်နှာပြင် ၆.၁ လက်မနဲ့notch သုံးထားတဲ့ ဒီဖုန်းဟာ 1440p super bright display ပါရှိလို့တော်တန်ရုံ ရုပ်ထွက်ကောင်းတဲ့ ဖုန်းတွေ လိုက်မမှီတဲ့ ဖုန်းမျိုးပါ။

ထူးခြားတာက ဒီဖုန်းဟာ နာမည်ကြီး LG G7 ThinQ ရဲ့ Hi-Fi Quad DAC အသံနည်းပညာပါဝင်တဲ့ Boombox စပီကာနဲ့၂၀၁၇ flagship processor ဖြစ်တဲ့ Snapdragon 835 processor သုံးထားတာ ဖြစ်ပါတယ်။ RAM 4GB/32GB storage ဗားရှင်း တစ်မျိုးပဲ ပါရှိပြီး microSD card ကနေ 512GB အထိ ထပ်တိုးနိုင်တာကတော့ သိပ်ပြီး အားရစရာမဟုတ်ပါဘူး။

ကင်မရာဆို dual မှ ကြိုက်သူတွေအတွက်တောာ့ LG G7 One ရဲ့ 16MP ကျောဘက် ကင်မရာ နဲ့8MP ရှေ့ကင်မရာက ဆွဲဆောင်မှု နည်းပါတယ်။ Android One ဖုန်းတစ်လုံးဖြစ်တဲ့ Xiaomi Mi A1 မှာတောင် dual cameras သုံးခဲ့တာပါ။ တစ်ခုရှိတာက Mi A1 က processor မှာ LG G7 One ကို မမှီပါဘူး။ LG ဖုန်းတွေရဲ့ အားသားချက်တစ်ခုက ရေစိုခံနှုန်းမှာ IP 68 rating အထိ အမြင့်ဆုံး ရှိတာပါ။

LG G7 One မှာ နောက်ထပ ်သဘောတွေ့စရာက 3000 mAh ဘက်ထရီဆိုပေမယ့် Quick Charge 3.0 ပါလာတာပါပဲ။ ဆော့ဖ်ဝဲလ်ပိုင်းမှာတော့ Android One ဖုန်းဖြစ်လို့Google ရဲ့ stock အန်းဒရိုက်ဗားရှင်း သီးသန့်ဖြစ်တဲ့ Android 8.1 Oreo နဲ့လာပြီး ဒီနှစ်အတွင်းမှာ Android 9.0 Pie တင်ပေးသွားမှာ ဖြစ်ပါတယ်။ အရောင်အနေနဲ့အပြာနဲ့အနက် နှစ်ရောင်နဲ့လာပါတယ်။

Photo: GSMArena

 

LG ဟာ LG G7 One နဲ့အတူ နောက်ထပ် mid-range မော်ဒယ်တစ်ခု ဖြစ်ပြီး LG G7 One နဲ့အတော်လေး ဆင်တဲ့ Snapdragon 821 chipset သုံးLG G7 Fit ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ ဒီဖုန်းတွေရဲ့ ဈေးနှုန်းကိုတော့ မကြေငြာရသေးပါဘူး။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က