အနည်းဆုံး မြန်မာငွေ ၄ သိန်း ၈ သောင်းဈေးကနေ စတင်ရောင်းချသွားမှာ ပါ

Xiaomi Mi 8 SE ထက် သာတဲ့ ဖုန်းအဖြစ် ကြေငြာထားတဲ့ Meizu ဖုန်းသစ်ကတော့ ထွက်လာပြီ ဖြစ်ပါတယ်။



meizu-16x.jpg

Photo: Pan Daily

 

Meizu 16X နဲ့Xiaomi Mi 8 SE တို့အကြား တူညီတဲ့အချက်တစ်ချက်က Qualcomm ရဲ့ နောက်ဆုံးပေါ် mid-range processor ဖြစ်တဲ့ Snapdragon 710 chipset ကို သုံးထားတာပါ။ တစ်ခြား specs တွေအနေနဲ့သိပ်မသိရပေမယ့် ဒီဖုန်းဟာ Meizu 16 နဲ့အတော်လေး ဆင်တဲ့ feature တွေ ပါရှိပါတယ်။

Meizu 16 အတိုင်း မျက်နှာပြင် ၆ လက်မ AMOLED display သုံးထားပြီး notch မပါဘဲ အထက်အောက် ဘေးဘောင်တွေကို ပါးထားတာပါ။ Meizu 16X မှာ ထူးခြားချက်တစ်ခုက Meizu 16 မော်ဒယ်များအတိုင်း ဝ.၂၅ စက္ကန့်အတွင်း ဖုန်းကို လော့ခ်ဖွင့်နိုင်မယ့် မှန်ပြင်အောက် လက်ဗွေစနစ် ပါရှိထားတာ ဖြစ်ပါတယ်။

ကင်မရာပိုင်းမှာ Meizu 16X ဟာ ကျောလယ် ထောင်လိုက် 12MP+20MP ကင်မရာနှစ်လုံးတွဲ သုံးထားတာပါ။ သုံးထားတဲ့ ကင်မရာ lens စနစ်ကလည်း Sony ရဲ့ နည်းပညာဖြစ်ပြီး Meizu 16 လို 4-axis OIS ရုပ်ငြိမ်စနစ် ပါဝင်လာပါတယ်။ ရှေ့ဘက် 20MP ကင်မရာဟာ AI Face Unlock နည်းပညာ သုံးနိုင်မယ်လို့ဆိုပါတယ်။

Meizu 16X ဟာ ဘက်ထရီစနစ်အနေနဲ့mCharge အမြန်အားသွင်းစနစ် ပါဝင်တဲ့ 3100 mAh ဘက်ထရီကို သုံထားပြီး RAM 6GB တစ်မျိုးတည်းနဲ့ထွက်လာပါတယ်။ storage အနေနဲ့64GB နဲ့128GB နှစ်မျိုး ထွက်ထားပြီး အနက် ၊ အဖြူနဲ့ရွှေ ကာလာ ၃ ရောင်နဲ့ဝယ်ယူနိုင်မှာပါ။အထူး ကာလာအနေနဲ့Aurora Blue ကာလာသစ်လည်း ထွက်ထားပါတယ်။

Photo: Gizmochina

 

ဈေးကွက်မှာတော့ 64GB ဗားရှင်းကို ၂၁၀၀ ယွမ် (မြန်မာငွေ ၄သိန်း ၈ သောင်းခန့်) ဈေး ၊ 128GB မော်ဒယ်ကို ယွမ် ၂၄၀၀ (မြန်မာငွေ ၅ သိန်းခွဲကျော်) ဈေးတွေနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။ Aurora Blue ကာလာအတွက်ကတော့ နောက်ထပ် ယွမ် ၁၀၀ ပေးရမှာပါ။

Share

Loading Next Article...
က္က