ဈေးကလည်း ပိုမြောက်နေပါတယ်။

Android One ပရိုဂရမ်အနေနဲ့ထွက်လာတဲ့ Xiaomi Mi A1 ကတည်းက စိတ်ဝင်စားစရာကောင်းခဲ့တဲ့ ဒီဖုန်းဟာ ဒုတိယမျိုးဆက်မှာ ပိုမိုအားကောင်းတဲ့ ပုံသဏ္ဍာန်နဲ့အနှစ်သာရကို ဖော်ဆောင်လာနိုင်ပြီ ဖြစ်ပါတယ်။

Capture.PNG

photo: gizmochina

 

Xiaomi ဟာ Android One ဖုန်းအဖြစ် ဒီနှစ်မှာ Mi A2 နဲ့Mi A2 Lite ဆိုပြီး နှစ်မျိုးကို ကြေငြာသွားတာပါ။ Google ကတော့ သူ့ရဲ့ stock android စနစ်သုံး Android One ကို တန်ဖိုးနည်း low-end ဖုန်းတွေအတွက် ထုတ်ထားတာ ဖြစ်ပေမယ့် Xiaomi Mi A2 ဖုန်းတွေကတော့ အလတ်တန်းစား ဖုန်းတွေအဖြစ်နဲ့ထွက်လာတာ ဖြစ်ပါတယ်။

ဒီဖုန်းတွေဟာ OS ဗားရှင်းအနေနဲ့stock Android 8.1 Oreo သုံးထားတာကလွဲရင် တရုတ်ဈေးကွက်မှာ မကြာခင်က ထွက်ထားတဲ့ Mi 6X နဲ့အတော်လေး ဆင်ပါတယ်။ ဒီဇိုင်းပိုင်းမှာ Mi A2 ဟာ ၂၀၁၈ စမတ်ဖုန်းရေစီးကြောင်းအတိုင်း ဘောင်းဘောင်ခပ်ပါးပါး 18:9 screen 1080p LCD display နဲ့လာပြီး မျက်နှာပြင် ၆ လက်မ သုံးထားတာ ဖြစ်လို့အရင် မျက်နှာပြင် ၅.၅ လက်မ 16:9 screen သုံး Mi A1 ထက် ပိုပြီး မျက်နှာပြင်ကြီးပြီး အချိုးအစားကျနမှုမှာ သာပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာက performance ပိုင်းမှာ ဒီဖုန်းဟာ Mi 6X အတိုင်း 2.2GHz octa-core Snapdragon 660 SoC နဲ့လာပြီး RAM/storage ကိုလည်း 6GB/128GB အတွဲထိ သုံးလာတာကြောင့် RAM အမြင့်နဲ့ကိုင်ချင်သူတွေအတွက် အကြိုက်တွေ့စရာပါ။

 

dual cameras စနစ်ကို ပြီးခဲ့တဲ့နှစ် Mi A1 မှာကတည်းက သုံးလာလို့သိပ်ပြီး မထူးခြားပေမယ့် ဒီနှစ် Mi A2 မှာတော့ ပိုပြီး အားကောင်းတဲ့ 12MP+ 20MP ထောင်လိုက် dual camera setup ကို ပြောင်းသုံးလာပြီ ဖြစ်ပါတယ်။ အထူးသဖြင့် selfie flash ပါတဲ့ 20MP ဆယ်လ်ဖီကင်မရာဟာ အရင် 5MP ကင်မရာထက် စိတ်ကျေနပ်စရာ ဆယ်လ်ဖီခံစားမှုကို ပေးစွမ်းနိုင်မှာပါ။

Xiaomi Mi A2 ဟာ အားသွင်းမှုပိုင်းမှာ Type C ကနေ အားသွင်းနိုင်မယ့် 3000 mAh ဘက်ထရီ သုံးထားပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၄၀ မှာ ရောင်းချသွားမှာပါ။ ဒီဖုန်းဟာ Google Stock Android ဗားရှင်းနဲ့လာတာ ဖြစ်လို့ဒီဖုန်းဟာ Google Pixel နဲ့UI ပိုင်းမှာ တစ်ပုံစံတည်းလို ဖြစ်နေပါတယ်။

အနိမ့်ဆုံးဗားရှင်း RAM 4GB/32GB storage အတွက် စပိန်ဈေးကွက်ကမှာ ပေါင် ၂၅၀ (မြန်မာငွေ ၄ သိန်း ၂ သောင်းကျော်) နဲ့ RAM 4GB/64GB storage ကို ပေါင် ၂၈၀ (မြန်မာငွေ ၄ သိန်း ၇ သောင်းကျော်) ကျသင့်မှာပါ။ တန်ဖိုးကြီး Google Pixel မကိုင်ဖြစ်သူများအတွက် အမြင့်ဆုံး ဗားရှင်းမှ ပေါင် ၃၅၀ (မြန်မာငွေ ၆ သိန်း) ဈေးဖြစ်လို့Mi A2 ဟာ မဆိုးဘူးလို့ပြောနိုင်ပါတယ်။

photo: 9to5 Google

 

Mi A2 နဲ့အတူ ထွက်ထားတဲ့ Mi A2 Lite ဗားရှင်းကတော့ အမြင့်ဆုံးမော်ဒယ်ကို ၂၂၉ ပေါင်( မြန်မာငွေ  ၃ သိန်း ၈ သောင်းကျော်) ဖြစ်လို့အလတ်တန်းဈေးကွက်အတွက် စဉ်းစားစရာ မော်ဒယ်တစ်ခုလို့ပြောရမှာ ဖြစ်ပါတယ်။။

Share

Loading Next Article...
က္က