နောက်လာမယ့် mid-range တွေအတွက် လမ်းပြပါပဲ

 



နောက်ပိုင်းမှာ mid-range နဲ့flagship အကြား ခြားနားမှုဟာ နံရံပါးလေး တစ်ချပ်ပဲ ကျန်တော့တယ်လို့ဆိုနိုင်ပါတယ်။ ဒီအပြောင်းအလဲအတွက် အရေးပါဆုံးအချက်တစ်ခုကတော့ မှန်ပြင်အောက်လက်ဗွေနည်းပညာလို အဆင့်အတန်းမြင့်တဲ့ ဖန်တီးချက်ကို Vivo ရဲ့ တန်ဖိုးသင့် V series သစ်တွေမှာ မိတ်ဆက်လိုက်တာပါ။

22_1116x960.jpg

Photo: Vivo

 

နှစ်ပေါင်းများစွာ ကြာအောင် ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Samsung နဲ့Apple တို့ဟာ ကုမ္ပဏီရဲ့ တန်ဖိုးကြီး စမတ်ဖုန်းသစ်တွေမှာ လက်ဗွေအာရုံခံစနစ်ကို ဖုန်း display နဲ့တွဲပြီး အသုံးပြုနိုင်အောင် ကြိုးစားနေတယ်လို့သတင်းတွေ ထွက်ထားခဲ့ပါတယ်။ တကယ်တမ်းမှာတော့ ဒီနည်းပညာကို Vivo ကနေ ကမ္ဘာပေါ်မှာ ပထမဆုံးအဖြစ် သုံးပြလိုက်တာကလည်း အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။

တကယ်တော့ Vivo ဟာ တရုတ်ရဲ့ နာမည်ကျော် BBK Electronics အောက်က OPPO နဲ့OnePlus လို့နာမည်ကျော် ဖုန်းတွေနဲ့တစ်ကုမ္ပဏီတည်း ဖြစ်ပါတယ်။ အခုချိန်မှာ OnePlus ကလွဲရင် Vivo နဲ့OPPO ကုမ္ပဏီနှစ်ခုစလုံးဟာ in-display fingerprint scanner နည်းပညာကို ဈေးသင့်တဲ့ မော်ဒယ်တွေမှာ သုံးလာပါတယ်။ မကြာခင် မိတ်ဆက်သွားမယ့် နာမည်ကြီး OnePlus 6T မှာလည်း in-display fingerprint ပါမှာ သေချာနေပြီ ဖြစ်ပါတယ်။

Vivo ဟာ မှန်ပြင်အောက် လက်ဗွေနည်းပညာကို Vivo X20 Plus UD မှာ ပထမဆုံး သုံးပြခဲ့တာပါ။ ထူးခြားတာက Vivo အနေနဲ့Vivo X20 Plus UD ထက် တစ်ဝက်နီးပါး ဈေးသက်သာတဲ့ အလတ်တန်းစား Vivo V11 မှာ ဒီနည်းပညာကို မိတ်ဆက်ပြီး mid-range ဈေးကွက်ကို အံ့သြအောင် လုပ်ပြသွားခဲ့တာ ဖြစ်ပါတယ်။

in-display လက်ဗွေနည်းပညာဟာ OLED display မှာပဲ အလုပ်လုပ်နိုင်တဲ့ နည်းပညာ ဖြစ်လို့Vivo V11 ဟာ ရုပ်ထွက်ပိုင်းမှာ အဆင့်အတန်း အမြင့်ဆုံး ခံစားမှုကို ပေးစွမ်းနိုင်မှာပါ။ စတုတ္ထမျိုးဆက် in-display လက်ဗွေနည်းပညာဟာ ဆန်းသစ်သားနားရုံတင်မဟုတ်ဘဲ ဖုန်းကို တစ်စက္ကန့်မကြာခင် အမြန်လေ့ခာ့ခ်ဖွင့်နိုင်မှာ ဖြစ်ပါတယ်။

မျက်နှာပြင်အကြီးစား စမတ်ဖုန်းများခေတ်မှာ Vivo V11 ဟာ ခေတ်နဲ့အညီ ၆.၄၁ လက်မ Super AMOLED fullView display သုံးသွားတဲ့အပြင် နောက်ထပ်မြင်သာတာတစ်ခုက Halo ဆိုတဲ့ ခပ်ဆန်းဆန်း notch ဒီဇိုင်းသစ်ပါ ပါဝင်လာတာ ဖြစ်ပါတယ်။

ကင်မရာတစ်နေရာစာတည်း ကွက်ပြီး ချန်ပေးထားတဲ့ ဒီ notch ဟာ အလင်းအားနည်းချိန်မှာတောင် အနီအောက်ရောင်ခြည်စနစ်နဲ့မျက်နှာကို လော့ခ်ဖွင့်နိုင်တဲ့ အဆင့်မြင့် Face Unlock နည်းပညာ ပါရှိမှာပါ။ ဒါကပဲ Vivo V11 ရဲ့ ဇီဝလုံခြုံရေးနည်းပညာကို တမူထူးခြားစေခဲ့တာ ဖြစ်ပါတယ်။

Photo: Vivo

 

Vivo ဟာ နည်းပညာပိုင်း ဆန်းသစ်မှုများအပြင် Vivo V11 ရဲ့ ဖုန်းဒီဇိုင်းကို ဆွဲဆောင်မှုအပြည့်ရှိစေမယ့် Starry Night လို့ခေါ်တဲ့ အနက်နဲ့အပြာစပ် ကာလာသစ်နဲ့Nebula လို့ခေါ်တဲ့ အပြာနဲ့ပန်းရောင်ပြေး ကာလာ ၂ ရောင်နဲ့မိတ်ဆက်ထားပြီး  ပြည်တွးဈေးကွက်မှာ မြန်မာငွေ ၅၅၉၀၀၀ ကျပ်ဈေးနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က