AD
AD
AD

၂၀၁၅ ခုနှစ်ကတည်းက Kickstarter နည်းပညာပွဲကနေ  ထွက်ပေါ်လာခဲ့တဲ့ Blocks ရဲ့ တစ်စစီ ဖြုတ်ပြီး ကောက်ဆင်နိုင်တဲ့ စမတ်နာရီတစ်မျိုးကို ယခုနှစ်ထဲမှာ ဝယ်ယူနိုင်တော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

ဈေးကွက်ထဲ ဝင်ဖို့ CES 2015 ပွဲကတည်းက မိတ်ဆက်ကြေငြာခဲ့တဲ့ ဒီနာရီဟာ သုံးနှစ်ကြာတဲ့အထိ ဈေးကွက်ထဲ ရောက်ဖို့ ကြန့် ကြာနေခဲ့တာပါ။ ဒီနှစ် CES2018 ပွဲမှာတော့ Blocks အနေနဲ့ ဒီနာရီကို ဒီနှစ် ပထမ ၃ လပတ်အတွင်း ဈေးကွက်မှာ တင်ပို့ ရောင်းချသွားတော့မယ်လို့ အတည်ပြုကြေငြာခဲ့တာ ဖြစ်ပါတယ်။

အရင် ၂၀၁၅ အောက်တိုဘာ Kickstarter ပွဲမှာ ကလည်းက funding ဒေါ်လာ ၁.၆ သန်း ရခဲ့ပြီး ကမ္ဘာ့ပထမဆုံး စိတ်ကြိုက်တပ်ဆင်နိုင်တဲ့ အနာဂါတ်ရှေ့ ပြေးစမတ်နာရီအဖြစ် လူစိတ်ဝင်စားမှု မြင့်တက်ခဲ့တဲ့ ဒီနာရီဟာ ဒီဇိုင်းပိုင်းမှာ LG Watch Style နဲ့ ဆင်ပြီး ရိုးရှင်းတဲ့ မျက်နှာပြင် ၁.၃၉ လက်မ AMOLED screen အဝိုင်း ပါရှိပါတယ်။ ဈေးကွက်ဝင် တစ်ခြား စမတ်နာရီတွေနဲ့ ကွာတဲ့အချက်ကတော့ ဒီနာရီမှာ ကိုယ့်ဘာသာပြန်ဆင်နိုင်တဲ့ လက်ပတ်ကြိုးနဲ့ တစ်ခြား features တွေအတွက် modules အစိတ်အပိုင်း ခြောက်ခု ပါလာတာ ဖြစ်ပါတယ်။

 

အတွင်း specs တွေအနေနဲ့ ဒီနာရီမှာ quad-core MediaTek processor ၊ RAM 512MB နဲ့ onboard storage 4GB သုံးထားပါတယ်။ ဘက်ထရီကတော့ 350mAh ဘက်ထရီ ဖြစ်ပြီး နာရီအုံမှာ mic နဲ့ စပီကာ built-in ပါရှိပါတယ်။ Blocks ရဲ့ ဒီနာရီမှာ စိတ်ဝင်စားဖို့ အကောင်းဆုံး နောက်တစ်ခုက နောက်ပိုင်းမှာ fingerprint scanner တို့ တစ်ခြား gestures နဲ့ ထိန်းချုပ်မှုစနစ်တို့ ထပ်ထည့်သွားမယ်ဆိုတဲ့ သတင်းပါ။ OS စနစ်ကတော့ နောက်ဆုံးထွက် Android Oreo ဖြစ်ပြီး နာရီအိုးဈေးနှုန်းချည်းသက်သက် ၂၅၉ ဒေါ်လာ ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ တရားဝင်ဝက်ဘ်ဆိုက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

play

 

ဒီနာရီမှာ အပူချိန် ၊ လေဖိအားနဲ့ စိုထိုင်းမှုလိုမျိုး အာရုံခံစနစ်တို့ ၊ နှလုံးခုန်တိုင်း sensor ၊ LED flashlight ၊app တွေကို အမြန်ဖွင့်နိုင်တဲ့ စမတ် button ၊ GPS စနစ် နဲ့ အပိုဘက်ထရီများအတွက် နောက်ထပ် modules တွေ ဆင်မယ်ဆိုရင်တော့ module တစ်ခုကို ၃၅ ဒေါ်လာစီ သီးသန့် ကုန်ကျဦးမှာပါ။ ဒါဆိုရင်တော့  ဒီအတွက် စုစုပေါင်း ဒေါ်လာ ၄၇၀ (မြန်မာငွေ ၆ သိန်း ၄ သောင်း) အထိ ကုန်ကျမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD