Review: မြန်မာငွေ ၄ သိန်းခွဲဝန်းကျင်တန် Moto X4 ကို အိန္ဒိမှာ ဖြန့် ချိ

devices လေးခုအထိ Bluetooth နဲ့ တစ်ပြိုင်နက်တည်း ချိတ်ဆက်နိုင်ပါတယ်။

နာမည်ကြီး Samsung ဖုန်းတွေလိုပဲ IP68 rating အထိ ရေစိုခံတဲ့ Moto X4 စမတ်ဖုန်း အိန္ဒိယဈေးကွက် ဝင်လာပါတယ်။ Moto X4 ဟာ အလတ်တန်းစား ဈေးကွက်ထဲ ဝင်လာတဲ့ ဖုန်းဖြစ်ပြီး ဗားရှင်း နှစ်မျိုးနှစ်စားနဲ့ ထွက်လာတာပါ။

play

 

အလူမီနီယံနဲ့ မှန် နှစ်စပ်ပေါင်းထားတဲ့ Moto X4 ဟာ Motorola ရဲ့ ပင်ကိုယ်ဒီဇိုင်းနဲ့ ပဲ ထောင့်စွန်း ခပ်လုံးလုံးပါရှိပြီး မျက်နှာပြင် ၅.၂ လက်မ LCD display ကိုမှ Gorilla Glass 3 မှန်နဲ့ ထပ်ပြီး အုပ်ထားပါတယ်။ display resolution အနေနဲ့ ဒီဖုန်းဟာ 1080p ရုပ်ထွက်ပါရှိတာကြောင့် ဖုန်း display အနေနဲ့ တန်းဝင်ပါတယ်။ processor ပိုင်းမှာတော့ အလတ်တန်းစား Snapdragon 630 chipset ကိုမှ RAM 3GB နဲ့ 4GB ဆိုပြီး နှစ်စားသုံးထားပါတယ်။

 

Moto X4 မှာ အထူးခြားဆုံး feature တစ်ခုပြောပါဆိုရင် devices လေးခုအထိ Bluetooth နဲ့ တစ်ပြိုင်နက်တည်း ချိတ်ဆက်နိုင်ပါတယ်။ storage အနေနဲ့ 32GB နဲ့ 64GB နှစ်မျိုး လာရှိသလို နောက်ထပ်လည်း microSD card ကနေ 2TB အထိ ထပ်ပြီး မကုန်ခမ်းနိုင်အောင် တိုးစိုက်နိုင်မှာပါ။ ဒီဖုန်းဟာ 3000 mAh ဘက်ထရီသုံးထားပြီး TurboPower အားအမြန်ဝင်တဲ့ နည်းပညာကြောင့် ၁၅ မိနစ်လောက်များ အားသွင်းမယ်ဆိုရင် ၆ နာရီအထိ ကြာအောင် အားခံမယ်လို့ ဆိုပါတယ်။

 

ကင်မရာအနေနဲ့ ကြည့်မယ်ဆိုရင် Moto X4 ဟာ dual camera ချစ်သူများအတွက် ကျောဘက်မှာ 12MP Dual Auto focus ကင်မရာနဲ့ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ်ရိုက်ကူးနိုင်တဲ့ 8MP ကင်မရာနှစ်လုံး ပါရှိလို့ အမြင့်စား စမတ်ဖုန်းကင်မရာ ရိုက်ချက်တွေ ရိုက်ကူးနိုင်မှာပါ။ ရှေ့ ကင်မရာကတော့ အလင်းဝင်အားမြင့်တဲ့ f/2.0 အပါချာပါ 16MP ကင်မရာ ဖြစ်ပြီး ဆယ်လ်ဖီ features အစုံ သုံးနိုင်မှာ ဖြစ်ပါတယ်။ Moto X4 ဟာ Android Version အနေနဲ့ နောက်ဆုံးထွက် Android 7.0 Nougat စနစ်သုံးထားပြီး မကြာခင်မှာ Android 8.0 Oreo ဗားရှင်းကို အဆင့်မြှင့်တင်သွားမယ်လို့ ဆိုပါတယ်။

play

 

အရောင်အနေနဲ့ အနက်နဲ့ အပြာ နှစ်ရောင်တည်းထွက်လာပြီး အနိမ့်ဗားရှင်းကို ၂၀၉၉၉ ရူပီး (မြန်မာငွေ ၄ သိန်း ၃ သောင်းကျော်) နဲ့ 4GB မော်ဒယ်ကို ၂၂၉၉၉ ရူပီး ( မြန်မာငွေ ၄ သိန်း ၇ သောင်းခန့် ) ဈေးတွေနဲ့ ဝယ်ယူနိုင်မှာပါ။ အလတ်တန်းစား ဖုန်းတစ်လုံးအနေနဲ့  စိတ်ကျေနပ်ဖို့ ကောင်းတဲ့ ဖုန်းဒီဇိုင်းနဲ့ function စုံလင်တဲ့ အပြင် ဈေးနှုန်းအရလည်း ဈေးကွက်က လက်ခံလောက်တဲ့ နှုန်းထားဖြစ်လို့  ခြုံပြောရမယ်ဆိုရင် တန်တယ်လို့ ဆိုရမှာပါ။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ