fast charging ပါရှိပါတယ်။

PureDisplay နည်းပညာနဲ့ရုပ်ထွက်ကောင်းသလို နာမည်ကြီး Zeiss ကင်မရာစနစ်တွေ ပါဝင်တဲ့ mid-range ဖုန်းတစ်လုံးက Nokai X7 ပါပဲ။



nokia-x7-1.jpg

Photo: mobigyaan

 

တရုတ်ဈေးကွက်မှာ စတင်ဖြန့်ချိနေတဲ့ ဒီဖုန်းဟာ မျက်နှာပြင် ၆.၁၈ လက်မ notch ပါတဲ့ 1080pရုပ်ထွက်ပါရှိပြီး တောက်ပမှုနှုန်းမှာ 500 nits အထိ ပါတဲ့ PureDisplay နည်းပညာ ပါရှိပါတယ်။ ဒီနည်းပညာမှာ HDR chip ပါတာ ဖြစ်လို့ကြည်လင်ပြတ်သားတဲ့ HDR ရုပ်ထွက်ရဖို့တစ်စက္ကန့်ကို pixel ပေါင်း သန်း ၅၀၀ နဲ့ အလုပ်လုပ်ပါတယ်။

Nokia X7 ဟာ ဈေးကွက်မှာ Snapdragon 710 Processor သုံးတဲ့ ခပ်ရှားရှား အလတ်တန်းစား ဖုန်းဖြစ်ပြီး RAM 4GB နဲ့6GB နှစ်မျိုး ထွက်ထားပါတယ်။ storage အနေနဲ့64GB နဲ့128GB ပါရှိတာကြောင့် mid-range ဖုန်းတစ်လုံးအတွက် ပြည့်စုံတဲ့ အတွဲအစပ်လို့ဆိုနိုင်ပါတယ်။ ကင်မရာစနစ်ပိုင်းမှာလည်း Nokia X7 ဟာ Carl Zeiss ရဲ့ ကင်မရာတွေနဲ့ ပွဲထုတ်လာခဲ့တာပါ။

fingerprint scanner နဲ့အတူ ကျောဘက်မှာ ထောင်လိုက် dual cameras တွေ ဖြစ်တဲ့ 12MP ပင်မကင်မရာနဲ့13MP အရန် ကင်မရာနှစ်လုံး ပါရှိပြီး OIS နဲ့EIS ရုပ်ငြိမ်စနစ်တွေ ပါဝင်မှာ ဖြစ်ပါတယ်။

ရှေ့ကင်မရာကို 20MP သုံးထားပြီး Snapdragon 710 SoC ရဲ့ AI ပံ့ပိုးချက်တွေ ကြောင့် ကင်မရာရုပ်ထွက်နဲ့ကာလာအပြင် မြင်ကွင်း ၁၈ ခုအထိ AI နဲ့ပုံဖော်မှတ်သားစနစ် ၊ AI bokeh effect စနစ် စတဲ့ လုပ်ဆောင်ချက်အသစ်တွေပါ ပါရှိမှာပါ။

Nokia X7 ဟာ wireless charging မပါပေမယ့် မိနစ် ၃၀ အတွင်း ဖုန်းအားတစ်ဝက်ထိ အမြန်အားသွင်းပေးနိုင်မယ့် 18W fast charger ထည့်သွင်းထားပြီး ဘက်ထရီကတော့ 3500 mAh ဘက်ထရီ ဖြစ်ပါတယ်။ ဒီဖုန်းဟာ လက်ရှိမှာ Andorid 8.1 Oroe နဲ့ပဲလာပေမယ့် မကြာခင်မှာ Andorid 9 Pie ကို update ပေးသွားမယ်လို့ဆိုပါတယ်။

 

ဈေးကွက်မှာ ငွေရောင်နဲ့အနက်ရင့်ရင့် ကာလာ ၂ မျိုးနဲ့လာပြီး မော်ဒယ် ၃ မျိုးအတွက် ဈေးသုံးမျိုးထွက်ထားပါတယ်။ RAM 4GB မော်ဒယ်ကို ၁၇၀၀ ယွမ် (မြန်မာငွေ ၄ သိန်းနီးပါး) ၊ RAM 6GB/64GB မော်ဒယ်ကို ယွမ် ၂၀၀၀ (မြန်မာငွေ ၄ သိန်းခွဲကျော်) နဲ့128GB ဗားရှင်းကို ယွမ် ၂၅၀၀ (မြန်မာငွေ ၅ သိန်း ၈ သောင်းနီးပါး) ဈေးတွေနဲ့ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က