mid-range ဖုန်းတစ်လုံးအဖြစ် ထွက်လာတာပါ

အလတ်တန်းစားမော်ဒယ်ကို in-display fingerprint ထည့်သွင်းထားတဲ့ Vivo V11 ကတော့ တရားဝင်ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။

11.PNG

Photo: The Verge

 

Vivo V11 နာမည်နဲ့လာတဲ့ ဒီဖုန်းဟာ Essential PH-1 နဲ့ဆင်တဲ့ notch အဝိုင်းအသေးစား ပါရှိပါတယ်။ ဒီ notch ကို OPPO ဖုန်းသစ်တွေမှာ Waterdrop screen လို့ခေါ်ပြီး Vivo ကတော့ Halo FullView display လို့နာမည်ပေးထားပါတယ်။ မတူတာတစ်ခုက Vivo V11 ရဲ့ notch နေရာက ပိုပြီး cutting မှာ ဝိုင်းစက်လာတာပါ။

မျက်နှာပြင် ၆.၄၁ လက်မ AMOLED display ပါရှိတဲ့ Vivo V11 ဟာ 19.5:9 screen အချိုးပါရှိပါတယ်။ in-display လက်ဗွေစနစ်တွေရဲ့ နည်းပညာပိုင်း လိုအပ်ချက်ဖြစ်တဲ့ OLED screen မှာပဲ အလုပ်လုပ်တဲ့အချက်ကြောင့် ဒီဖုန်းဟာ ရိုးရိုး LCD panel မော်ဒယ်တွေထက် ရုပ်ထွက် အများကြီး အဆင့်ပိုမြင့်လာပါတယ်။ notch သေးသလောက် အောက်ခြေဘောင် chin ကလည်း ပါးနိုင်သမျှ ပါးထားတာကြောင့် ဒီဇိုင်းက အတော်လေး ကြွနေပါတယ်။

performance ပိုင်းအရ ကြည့်မယ်ဆိုရင် ဒီဖုန်းဟာ mid-range ဖုန်းတွေမှာ မြင်ရတဲ့ 2.2GHz octa-core Snapdragon 660 SoC ပါရှိပြီး RAM ကိုတော့ အမြင့်စားဖြစ်တဲ့ 6GB အထိ သုံးလာပါတယ်။ onboard storage အနေနဲ့128GB ပါရှိသလို microSD card ကနေပါ ထပ်တိုးလို့ရတာကလည်း ဖုန်းထဲ ဒေတာအသိမ်းများတဲ့ သူတွေအတွက် အဆင်ပြေမှာပါ။

 

ဖုန်းလုံခြုံရေးအနေနဲ့virtual fingerprint စနစ်လို့ဆိုနိုင်တဲ့ မှန်ပြင်အောက် လက်ဗွေဖတ်စနစ် ပါရှိသလို မျက်နှာနဲ့ဖုန်းကို လော့ခ်ဖွင့်နိုင်တဲ့ Face Access စနစ်လည်း ထည့်သွင်းထားပါတယ်။ ဒီစနစ် နှစ်မျိုးစလုံးကို တစ်ချိန်တည်း သုံးချင်သူတွေအတွက်လည်း အဆင်ပြေတာကြောင့် ဖုန်း lock စနစ်ထဲ ဝင်ရာမှာ လွယ်ကူချောမွေ့နေမှာပါ။

ကျောဘက်မှာ ထောင်လိုက် dual cameras များဖြစ်တဲ့ 12MP+5MP များ ပါပရှိပြီး ရှေ့မှာ 25MP အကြီးစား ဆယ်လ်ဖီကင်မရာများ ပါရှိပါတယ်။ ဖုန်းကင်မရာပိုင်းမှာ နောက်ပိုင်းခေတ်စားလာတဲ့ AI လုပ်ဆောင်ချက်တွေ ပါဝင်လို့ခေတ်ပေါ် စမတ်ဖုန်းကင်မရာအတွေ့အကြုံကို ခံစားရမှာ ဖြစ်ပါတယ်။ ဘက်ထရီပိုင်းအနေနဲ့18W quick charging စနစ်ပါဝင်တဲ့ 3400 mAh ဘက်ထရီ သုံးထားပါတယ်။

Vivo V11 ဟာ Vivo ရဲ့ OS ဖြစ်တဲ့ Funtouch 4.5 ပါဝင်တဲ့ Android 8.1 Oreo ပါရှိတာကြောင့် Vivo AI စနစ်ဖြစ်တဲ့ Jovi AI Engine နည်းပညာသုံးနိုင်မှာပါ။ ဒီနည်းပညာကတော့ CPU နဲ့memory လုပ်ဆောင်ချက်တွေကို ထိန်းညှိပေးနိုင်တာကြောင့် ဘက်ထရီသက်တမ်းပိုခံပြီး သုံးရတာသွက်လက်နေမှာ ဖြစ်ပါတယ်။

Photo: GSMArena

 

ဒီဖုန်းကို Starry Night နဲ့Nebula ဆိုတဲ့ ကာလာသစ်နှစ်မျိုးနဲ့ဖြန့်ချိသွားမှာ ဖြစ်ပြီး ဈေးနှုန်းမသိရသေးပါဘူး။

Share

Loading Next Article...
က္က