မြန်မာငွေ ၅ သိန်း ၇ သောင်းကျော်တန် ဖုန်းပါ

OPPO R series ထဲမှာ RAM အမြင့် ၊ လုံခြုံရေး နည်းပညာအသစ်တွေပါဝင်တဲ့ နောက်ထပ် mid-range ဖုန်းတစ်လုံးကို တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။



 

မကြာသေးခင်က OPPO K1 နာမည်နဲ့ဈေးသင့်ပြီး in-display လက်ဗွေနည်းပညာ ပါဝင်တဲ့ မော်ဒယ်ကို ဈေးကွက်မှာ မြင်ခဲ့တာနဲ့ယှဉ်ရင်တော့ ဒီဖုန်းက specs နဲ့ဈေးပိုမြင့်တဲ့ ဖုန်းအဖြစ် မိတ်ဆက်သွားတာပါ။ ဒီဇိုင်းပိုင်းမှာ OPPO K1 နဲ့ R15x တို့ဟာ တစ်ပုံစံတည်း ဖြစ်ပြီး waterdrop လို့ခေါ်တဲ့ OPPO ရဲ့ notch နည်းပညာသစ်ကို သုံးတာကအစ ဆင်နေပါတယ်

မှန်ပြင်အောက် လက်ဗွေနည်းပညာသုံးတာရဲ့ အကျိုးဆက်ကြောင့် OPPO R15x ဟာ ရုပ်ထွက်မြင့်ပြီး အရည်အသွေးကောင်းတဲ့ Super AMOLED display ပါဝင်လာပြီ ဖြစ်ပါတယ်။ မျက်နှာပြင် ၆.၄ လက်မအရွယ် OPPO R15x ဟာ FHD+ (2340 x 1080 pixel) display ပါရှိပြီး ကိုယ်ထည်ကို ရှည်ပြီး သွယ်စေမယ့် 19.5:0 aspect ratio ကို သုံးထားတာပါ။

အထဲမှာ သုံးသွားတဲ့ hardware specs တွေမှာတော့ OPPO R15x ဟာ upper mid-range processor လို့ဆိုနိုင်တဲ့ Snapdragon 710 Processor နဲ့လာပြီး RAM 6GB နဲ့အတူ onboard storage အဖြစ် 128GB အထိ သုံးသွားပါတယ်။ storage ပိုင်းမှာ microSD card စနစ် ပံ့ပိုးပေးထားပြီး 256GB အထိ ထပ်တိုးနိုင်မယ်လို့ဆိုပါတယ်။ ကင်မရာပိုင်းမှာတော့ OPPO R15x ဟာ OPPO K1 နဲ့တစ်ပုံစံတည်းလို့ပြောနိုင်ပါတယ်။

ရှေ့ဘက်မှာ AI လုပ်ဆောင်ချက်တွေနဲ့မြင်ကွင်းပေါင်း ၈၀၀ ကျော်ကို ဖတ်ရှုမှတ်သားနိုင်တဲ့ 25MP ကင်မရာ သုံးထားပြီး ကျောဘက်မှာ အလျားလိုက် dual cameras များ ပါဝင်ပါတယ်။ OPPO K1 အတိုင်း ကျောဘက်မှာ f/1.7 အပါချာပါဝင်တဲ့ 16MP ပင်မကင်မရာနဲ့bokeh စနစ်အတွက် depth sensing ဖမ်းနိုင်တဲ့ 2MP အရန်ကင်မရာများ သုံးထားပါတယ်။

Photo: YugaTech

 

ဘက်ထရီပါဝါအကြောင်း မသိရသေးပေမယ့် ဆော့ဖ်ဝဲလ်ပိုင်းမှာ Android Oreo ကို အခြေခံထားတဲ့ OPPO ရဲ့ Color OS 5.2 နဲ့လာတာပါ။ OPPO R15x ကို ဈေးကွက်မှာ ၂၄၉၉ ယွမ် (မြန်မာငွေ ၅ သိန်း ၇ သောင်းကျော်) ဈေးနဲ့လာမယ့် နိုဝင်ဘာ ၁ ရက်နေ့မှာ ရောင်းချသွားမယ်လို ့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က