ဆန်းသစ်မှုဦးစားပေးတဲ့ ကင်မရာ ၄ လုံးပါ ဖုန်းတွေပါ။

Nova series တွေရဲ့ အထူးခြားဆုံး ပုံရိပ်က ကင်မရာပိုင်းပါ။ Nova 3 နဲ့3i ကတော့ ကင်မရာပိုင်းတင်မဟုတ်ဘဲ ဒီဇိုင်းနဲ့နည်းပညာပိုင်း ဆန်းသစ်ချက်တွေပါ ထည့်သွင်းထားလို့စိတ်ဝင်စားစရာအကောင်းဆုံး စမတ်ဖုန်းတွေလို့ဆိုရမှာ ဖြစ်ပါတယ်။



photo: firstpost

 

ပြည်တွင်းဈေးကွက်ထဲ ရောက်လာပြီ ဖြစ်တဲ့ Huawei ရဲ့ တတိယမျိုးဆက် Nova 3 နဲ့3i ဟာ mid-range မော်ဒယ်အမျိုးအစား ဖြစ်ပေမယ့် premium ဒီဇိုင်းနဲ့specs တွေ သုံးထားတာပါ။ ၆.၃ လက်မ မျက်နှာပြင်အတွက် သုံးစွဲသူတိုင်း ညက်ညက်ညောညောကိုင်ရလွယ်စေမယ့် 19.5:9 screen ကိုယ်ထည်အချိုးအစား သုံးထားပြီး notch display နဲ့အထက်အောက် ဘေးဘောင်တွေကို ပါးနိုင်သမျှ ပါးထားပါတယ်။

19.5:9 screen ကိုယ်ထည်ဒီဇိုင်းကြောင့်ပဲ မျက်နှာပြင်ကြီးပါတယ်ဆိုတဲ့ ဒီဖုန်းဟာ လက်တစ်ဘက်တည်းနဲ့ကိုင်လို့လွယ်နေမှာပါ။ Nova 3 နဲ့Nova 3i တို့ရဲ့ စိတ်ဝင်စားစရာအချက်က ဒီဖုန်းဟာ မှန်ကိုယ်ထည် သတ္ထုဘောင်အကွပ်နဲ့လာတာ ဖြစ်လို့ဒီဇိုင်းပိုင်းမှာ တောက်ပသားနားပြီး mid-range မော်ဒယ်များအကြားမှာ ကွဲပြားနေမှာ ဖြစ်ပါတယ်။ ရုပ်ထွက်ပိုင်းမှာ Full HD+ resolution ဖြစ်တဲ့ 1080 x 2340p ရုပ်ထွက်ပါရှိပြီး မျက်နှာပြင်ဒီဇိုင်းနဲ့လိုက်ဖက်တဲ့ ရုပ်ထွက်အတွေ့အကြုံကို ပေးစွမ်းနိုင်မှာပါ။

Nova 3i

 

Nova 2/2i ကစပြီး ရှေ့ကင်မရာ ၂ လုံး ၊ နောက် ကင်မရာ ၂ လုံး စုစုပေါင်း ကင်မရာ ၄ လုံးစနစ်ကို သုံးလာခဲ့တဲ့ Huawei ဟာ ဒီနှစ် Nova 3 နဲ့Nova 3i မှာ အဆင့်မြှင့်တင်ထားတဲ့ AI ကင်မရာစနစ်တွေနဲ့ပွဲထုတ်လာပါတယ်။ Nova 3 ကတော့ ကျောဘက်မှာ 24MP အဖြူအမည်းကင်မရာနဲ့16MP RGB ကင်မရာနှစ်လုံး သုံးထားပြီး Nova 3i မှာ 16MP+2MP ကျောဘက် ထောင်လိုက်ကင်မရာတွေ သုံးသွားပါတယ်။

ဆယ်လ်ဖီကင်မရာစနစ်အနေနဲ့Huawei ဟာ Nova 3 နဲ့3i မှာ AI နည်းပညာသစ်တွေ သုံးလာပါတယ်။ ဖုန်းနှစ်လုံးစလုံးမှာ 24MP+2MP ဆယ်လ်ဖီကင်မရာတွေ ပါရှိပြီး ဆယ်လ်ဖီဆွဲချိန်မှာ ကောင်းကင် ၊ သစ်ပင် ၊ ပန်းပင်  ၊ ကမ်းခြေ ၊ နှင်းကျခြင်း ၊ ညမြင်ကွင်း ၊ အခန်းတွင်းနဲ့စတိတ်အပြင်အဆင် စတဲ့ scene ၈ မျိုးရဲ့ မတူညီတဲ့ မြင်ကွင်းအနေအထားပေါင်း ၂၀၀ ကျော်ကို AI နဲ့သိရှိမှတ်သားနိုင်မှာ ဖြစ်ပါတယ်။

 

Selfie ကင်မရာတွေမှာ အသစ်ထည့်သွင်းထားတဲ့ စနစ်တစ်ခုက ကမ္ဘာအရပ်ရပ်က အလှအပစံသတ်မှတ်ချက်များကို ထည့်သွင်းပြီး တွက်ချက်တဲ့ Beauty Algorithm ပါရှိပြီး အကောင်းဆုံး ဆယ်လ်ဖီတစ်ခု ဖြစ်လာအောင် ချိန်ညှိပံ့ပိုးပေးမှာ ဖြစ်လို့အထူးခြားဆုံး ဆယ်လ်ဖီတစ်ခုကို ဖန်တီးနိုင်မှာပါ။ ဒါတင်မဟုတ်ဘဲ မျက်နှာနဲ့လက်ဟန်ခြေဟန်လှုပ်ရှားမှုများပေါ်လိုက်ပြီး iPhone X စတိုင် ကိုယ်ပိုင် emoji တွေ ထုတ်နိုင်တဲ့ 3D Qmoji စနစ်လည်း ပါလာတာ ဖြစ်လို့လူငယ်များအကြိုက်တွေ့ကြမယ့် နည်းပညာသစ်လို့ဆိုနိုင်ပါတယ်။

processor အနေနဲ့Huawei ရဲ့ 2.2GHz octa core processor နဲ့ထွက်လာပြီး Nova 3 ကတော့ RAM 6GB/128GB storage အထိပါရှိပါတယ်။ ဈေးပိုသက်သာတဲ့ Nova 3i ကတော့ RAM 4GB/128 GB storage သုံးထားပြီး Nova 3 လိုမျိုး Type C အားသွင်းကြိုးနဲ့Quick Charge အားသွင်းစနစ် မပါရှိပါဘူး။

ဘက်ထရီအနေနဲ့Nova 3i ဟာ 5V/2A ပါ 3340 mAh ဘက်ထရီနဲ့Nova 3 မှာ 9V/2A စနစ်နဲ့လာတဲ့ 3750 mAh ဘက်ထရီများ သုံးထားပါတယ်။ Nova 3 နဲ့3i တို့ဟာ နာမည်ကြီး Huawei P20 Pro အတိုင်း မော်ဒန်ဆန်တဲ့ ခရမ်းပြာ ၊ အနီ ၊ အနက် နဲ့အဖြူ ကာလာတွေနဲ့ဝယ်ယူနိုင်မှာ ဖြစ်လို့အရောင်ဆန်းကြိုက်သူများအတွက် စိတ်ဝင်စားစရာ ဖြစ်မှာပါ။

Irish Purple ကာလာသစ်

 

Nova 3 နဲ့3i တို့ဟာ Dual Nano-SIM သုံးနိုင်ပြီး OS စနစ်ပိုင်းမှာ EMUI 8.2 ပါ Android 8.1 Oreo ပါရှိပါတယ်။ ပြည်တွင်းဈေးကွက်မှာ Nova 3 ကို ၅၅၉၀၀၀ ကျပ် ၊ Nova 3i ကို ၃၅၉၀၀၀ ကျပ်များနဲ့ဝယ်ယူနိုင်မှာ ဖြစ်ပြီး per-order မှာသူများအတွက် Nova 3/3i ၁၈ လုံး ကံစမ်းမဲ ဖောက်ပေးသွားမယ်လို့ဆိုပါတယ်။ ဒါ့အပြင် Nova 3/3i သုံးစွဲသူများအနေနဲ့တစ်လအတွင်း Telenor ဖုန်းဘေလ် ၅၀၀၀ ကျပ် ဖြည့်တိုင်း 1GB ဒေတာ လက်ဆောင်နှုန်းနဲ့၁ လအတွင်း ၂ ကြိမ် ရယူနိုင်မှာပါ။

photo: Huawei Mobile

 

ပြောရမယ်ဆိုရင် mid-range ဈေးနဲ့နည်းပညာအမြင့် ဖုန်းကိုင်ချင်သူတွေအတွက် Nova 3 နဲ့3i ဟာ ဈေးကွက်မှာ အကောင်းဆုံးရွေးချယ်စရာ စမတ်ဖုန်းတွေလို့ပြောနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က