OPPO F9 ဒီဇိုင်းနဲ့လာတာပါ

မြန်မာငွေ ၃ သိန်းခွဲကျော်ဈေးနဲ့in-display fingerprint နည်းပညာပါတဲ့ OPPO K1 က mid-range ဖုန်းကြိုက်သူများအတွက် စိတ်ဝင်စားစရာ ဖုန်းတစ်လုံးအဖြစ် ထွက်လာတာပါ။

Photo: Android Authority

 

OPPO ဟာ တရုတ်ဈေးကွက်မှာ ပထမဆုံး K series အဖြစ် K1 နာမည်နဲ့ထုတ်လိုက်တာ ဖြစ်ပြီး မျက်နှာပြင် ၆.၄ လက်မ display ဟာ in-display လက်ဗွေစနစ် သုံးနိုင်မယ့် Super AMOLED display ကို သုံးသွားတာ ဖြစ်ပါတယ်။ ရုပ်ထွက်အရည်အသွေးမှာ အဆင့်အတန်းမြင့်တဲ့ 2340 x 1080px ဖြစ်ပြီး အလတ်တန်းစား specs တွေနဲ့လာတာပါ။

OPPO K1 ဟာ ဒီဇိုင်းပိုင်းမှာ OPPO F9 နဲ့ဆင်ပါတယ်။ သုံးထားတဲ့ notch ကလည်း OPPO ရဲ့ နည်းပညာသစ် waterdrop screen ဖြစ်ပြီး ကျောဘက် ကင်မရာ ဖွဲ့စည်းမှုကလည်း OPPO F9 စတိုင် အလျားလိုက် dual rear cameras စနစ်များ ဖြစ်နေပါတယ်။ မတူတာတစ်ခုက ကျောဘက်မှာ fingerprint ထည့်စရာမလိုတော့တာပဲ ဖြစ်ပါတယ်။ ဘက်ထရီကလည်း 3500 mAh ဖြစ်ပေမယ့် VOOC charging တော့ ပါဖို့မရှိပါဘူး။

mid-range ဖုန်းဖြစ်တဲ့အတိုင်း ဒီဖုန်းဟာ Snapdragon 660 proocessor နဲ့RAM ဗားရှင်း ၂ မျိုး ထွက်ထားပါတယ်။ အနိမ့်မော်ဒယ်အတွက် RAM 4GB ပါရှိပြီး RAM 6GB ကတော့ RAM အမြင့်ကြိုက်သူတွေအတွက် ရွေးချယ်စရာ ဖြစ်မှာပါ။ ကင်မရာပိုင်းမှာ AI စနစ်ကို အသုံးချထားတဲ့ dual cameras များနဲ့ပဲ ထွက်လာပါတယ်။

ထူးခြားတာက ကင်မရာပိုင်းမှာပါ OPPO F9 နဲ့တစ်ပုံစံတည်း ဖြစ်နေပါတယ်။ ကျောဘက်မှာ 16MP+2MP ကင်မရာနှစ်လုံးနဲ့ရှေ့ဘက်မှာ 25MP ဆယ်လ်ဖီကင်မရာတို့သုံးသွားပြီး AI လုပ်ဆောင်ချက်တွေ ဖြစ်တဲ့ မြင်ကွင်ပေါင်း ၁၂၀ အထိ မှတ်သားနိုင်တဲ့ AI စနစ် ၊ အလှအပကို AI နဲ့ပြုပြင်ပေးမယ့် စနစ်တွေ ထည့်သွင်းထားပါတယ်။

Photo: yugatech

 

OPPO Color OS 5.2 နဲ့လာတဲ့ Android 8.1 Oreo ကို သုံးထားတဲ့ ဒီဖုန်းတွေကို တရုတ်မှာ pre-order မှာနိုင်ပြီ ဖြစ်ပြီး အောက်တိုဘာ ၁၉ ရက်နေ့မှာာ ရောင်းချသွားမှာပါ။ ဈေးနှုန်းအနေနဲ့RAM 4GB/64GB storage မော်ဒယ်ကို ၁၅၉၉ ယွမ် (မြန်မာငွေ ၃ သိန်း ၆ သောင်းခန့်) နဲ့RAM 6GB+64GB ဗားရှင်းကို ၁၇၉၉ ယွမ် (မြန်မာငွေ ၄ သိန်းကျော်) ဈေးများ သတ်မှတ်ထားပါတယ်။

 

Share

Loading Next Article...
က္က