တတိယမျိုးဆက် Google Pixel ဖုန်းတွေဟာ မျက်နှာပြင်အကြီးစားနဲ့အကောင်းဆုံး ကင်မရာများ ပါဝင်လာတဲ့ ဖုန်းတွေအဖြစ် မြင်ရပြီ ဖြစ်ပါတယ်။



Photo: channel news asia

 

နယူးယော့ခ်မှာ ကျင်းပခဲ့တဲ့ မိတ်ဆက်ပွဲမှာ Google ဟာ Pixel 3 series တွေကို ကမ္ဘာ့အကောင်းဆုံး ကင်မရာစနစ်နဲ့ဒီဇိုင်းထုတ်ထားပြီး အထောက်အကူအဖြစ်ဆုံး ဖုန်းဖြစ်အောင် ထွင်ထားတာဖြစ်တယ်လို့Google ရဲ့ hardware အကြီးအကဲ ရစ်ခ်အော်စတာလော့ချ်က အာမခံပြောကြားခဲ့တာက စိတ်ဝင်စားစရာပါ။

အရင်နှစ်က Google Pixel 2 ဟာ single lens ပဲ သုံးထားခဲ့ပေမယ့် သူနဲ့ခေတ်ပြိုင်ဖုန်းတွေအထဲမှာ ကင်မရာအကောင်းဆုံး ဖုန်းအဖြစ် DxOMark အမြင့်ဆုံး ရခဲ့တာကို သတိပြုရမှာ ဖြစ်ပါတယ်။ ဒီနှစ် Google Pixel 3 နဲ့Pixel 3XL တို့ရဲ့ အပြောင်းအလဲတစ်ခုက လူသုံးများလာတဲ့ notch ကို သုံးပြီး ဘေးဘောင်တွေ ပါးကာ မျက်နှာပြင်ဆိုဒ်ကို ချဲ့လာတာပါ။

ပြောစရာတစ်ခုက notch သုံးတဲ့ flagship တွေထဲမှာ ဒီဖုန်းက ဘောင်အထူဆုံး ဖြစ်ဖို့ရှိပါတယ်။ ဒီနှစ် Google Pixel 3 ဟာ မျက်နှာပြင် ၅.၅ လက်မနဲ့Pixel 3XL ကတော့ ၆.၃ လက်မပါရှိပြီး LG ရဲ့ P-OLED display နည်းပညာသစ်ကြောင့် ထူးခြားသားနားတဲ့ display အတွေ့အကြုံကို ပေးနိုင်မှာပါ။

အဆင့်မြင့်ဖုန်းတွေဖြစ်တဲ့အတိုင်း Snapdragon 845 သုံးတာ မှန်ပေမယ့် RAM ကတော့ 4GB ပဲ ပါရှိပါတယ်။ storage ကတော့ 64GB နဲ့128GB နှစ်မျိုးပဲ ထွက်ထားပါတယ်။  ထူးခြားတာက လုံခြုံရေးနည်းပညာတစ်ခုကို chip အနေနဲ့ထည့်သွင်းထားတာပါ။ Titan M ဆိုတဲ့ security chip ဟာ ဖုန်းထဲ ဝင်လာတဲ့ login စနစ်များ ၊ disk encryption နဲ့app ထဲက အချက်အလက်များကို လုံခြုံအောင် ကာကွယ်ပေးပြီး OS စနစ်နဲ့ချိန်သားကိုက်ညှိပေးနေမှာပါ။

ကင်မရာစနစ်မှာ ဖုန်းနှစ်လုံးစလုံးက အတူတူပါပဲ။ ကျောဘက်မှာ 12.2MP တစ်လုံးတည်းသုံးထားပြီး ခေတ်ပေါ် dual cameras စနစ်ကို တတိယမျိုးဆက် စမတ်ဖုန်းတွေအထိ Google ဟာ ဆက်လက်ငြင်းဆန်ထားပါတယ်။

 

စိတ်ဝင်စားစရာက ရှေ့ဘက်မှာ 8MP ကင်မရာနှစ်လုံး စပြီး သုံးပြလိုက်တာပါပဲ။ တစ်လုံးက ဆယ်လ်ဖီဆွဲရာမှာ ဘေးမြင်ကွင်းတွေ ပါနိုင်သမျှ ပါအောင် ပံ့ပိုးပေးမယ့် မြင်ကွင်းကျယ် ကင်မရာစနစ်ဖြစ်ပြီး AI အဆင့်မြှင့်တင်ချက်တွေနဲ့ကင်မရာစွမ်းရည်ကို အဆင့်မြှင့်တင်ထားပါတယ်။

Samsung ရဲ့ နာမည်ကြီး Galaxy Note 9 မှာ လိုပဲ ပုံတွေအများကြီးကနေ အကောင်းဆုံး ပုံကို ဆွဲထုတ်ပေးမယ့် Top Shot ကင်မရာစနများ ၊ ဖရိမ်အများကြီးနဲ့AI ကို သုံးပြီး zoom မဆွဲရဘဲနဲ့ရှင်းလင်းပြတ်သားတဲ့ ပုံထွက်လာစေမယ့် Super Res Zoom ၊ ပြုံးပြမယ့် အလိုအလို ဆယ်လ်ဖီဆွဲပေးမယ့် Photobooth နဲ့အလင်းအားနည်းချိန်မှာ ပိုကောင်းတဲ့ ပုံ ရစေမယ့် Night Shot သစ်များ ပါဝင်လာပါတယ်။

ဆော့ဖ်ဝဲလ်စနစ်မှာ Google ကနေ နောက်ဆုံး မိတ်ဆက်ထားတဲ့ Android 9 Pie ပါရှိတာကြောင့် physical buttons တွေ ဖြုတ်ပြီး gesture တွေကိုပဲ သုံးသွားပါတယ်။ ဘက်ထရီမှာ Pixel 3 ဟာ 2915mAh ဘက်ထရီနဲ့Pixel 3XL မှာ 3430 mAh ဘက်ထရီတွေ ပါရှိပြီး wireless charging စနစ် ပံ့ပိုးနိုင်မှာ ဖြစ်ပါတယ်။

Photo: Wired

 

ဈေးနှုန်းအရ Pixel 3 ဟာ အရင်နှစ် Pixel 2 ထက် ဒေါ်လာ ၁၅၀ ပိုများတဲ့ ၇၉၉ ဒေါ်လာ (မြန်မာငွေ ၁၂ သိန်းခွဲခန့်) နဲ့Pixel 3XL ကို ၈၉၉ ဒေါ်လာ (မြန်မာငွေ ၁၄ သိန်းခန့်) ဈေးတွေနဲ့ရောင်းချသွားမယ်လို့ဆိုတာကြောင့် Google ဖုန်းတွေထဲမှာ ဈေးအကြီးဆုံး ဆိုပေမယ့် Apple နဲ့Samsung ဖုန်းသစ်တွေရဲ့ ဈေး မမှီသေးပါဘူး။ အာရှဈေးကွက်ထဲကိုတော့ နိုဝင်ဘာလမှ ဖြန့်ချိသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က