HDR10+ စံနှုန်းမီ ဗွီဒီယိုတွေကို support ပေးထားပါတယ်။

၂၀၁၉ ထုတ် အန်းဒရိုက်ဖုန်းတွေအတွက် high-end processor သစ်ကို Qualcomm က မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Qualcomm Snapdragon 855 သစ်ဟာ စမတ်ဖုန်းတွေအတွက် ဘယ်လိုထူးခြားတဲ့ အတွေ့အကြုံသစ်တွေ ယူဆောင်လာမလဲဆိုတာ စိတ်ဝင်စားစရာပါ။

(၁) ပိုမို မြင့်မားလာတဲ့ CPU စွမ်းရည်

snapdragon-855-block-diagram_959x960.jpg

Photo: arstechnica

 

Qualcomm ဟာ CPU ပိုင်းမှာ Huawei ၊ MediaTek နဲ့Samsung တို့နဲ့ပူးပေါင်းပြီး tri-cluster CPU ဖွဲ့စည်းမှုကို သုံးလာပါတယ်။ ဒီစနစ်မှာ 2.84GHz clock speed ရှိတဲ့ အဆင့်မြင့် Kyro 485 core တစ်ခု ၊ 2.42GHz Kryo 485 core ၃ ခုနဲ့1.8GHz Kryo 485 core  ၄ခု ပါဝင်လာပါတယ်။

Qualcomm Snapdragon 855 ဟာ Snapdragon 845 ထက် CPU စွမ်းဆောင်ရည်မှာ ၄၅% ပိုမြင့်လာမယ်လို့ဆိုပါတယ်။ tri-cluster ဖွဲ့စည်းမှုကနေ processor သစ်ရဲ့ အမြန်နှုန်းနဲ့စွမ်းအင်သုံးစွဲမှုက ကျေနပ်စရာကောင်းနေမှာပါ။

(၂) GPU လုပ်ဆောင်ချက်

ဒီအပိုင်းမှာတော့ Adreno 640 ဟာ အရင်ကထက် ၂၀% ပိုကောင်းလာမှာပါ။ Qualcomm ဟာ ဖုန်း ဂရပ်ဖစ်လောက်မှာ အကောင်းဆုံး စံထားရတဲ့ GPU တွေ ထုတ်လုပ်နေတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

(၃) AI Engine

snapdragon_855_logo.0.jpg

Photo: The Verge

 

Snapdragon 855 မှာ Qualcomm ဟာ Hexagon 690 processor သစ်ပါလာပါတယ်။ သူကတော့ machine learning လို့ခေါ်တဲ့ အထူးလုပ်ဆောင်ချက်တွေအတွက် ထည့်သွင်းထားတဲ့ digital signal processor ပါ။

Hexagon 690 processor မှာ Hexagon Tensor Accelerator လို့ခေါ်တဲ့ စနစ်ပါပါတယ်။ Qualcomm ရဲ့ အဆိုအရ AI Engine အသစ်ဟာ တစ်စက္ကန့်ကို ၇ ထရီလီယံအထိ များပြားတဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်နိုင်တယ်လို့ဆိုပါတယ်။ ဒီအတိုင်းအတာဟာ Snapdragon 845 ရဲ့စွမ်းရည်ထက် ၃ ဆပိုများနေတာပါ။

(၄) ကင်မရာပိုင်း

https_%2F%2Fblueprint-api-production.s3.amazonaws.com%2Fuploads%2Fcard%2Fimage%2F893882%2F63688e1f-80ac-4d93-8a97-647e7e8ea273_1280x683.jpg

Photo: Mashable

 

ISP လို့ခေါ်တဲ့ Image Signal Processor ဟာ စမတ်ဖုန်းတစ်လုံးရဲ့ ကင်မရာအရည်အသွေးပိုင်းမှာ အရေးပါတဲ့ စနစ်တစ်ခုပါ။ Snapdragon 855 chipset သစ်မှာ Spectra 380 ISP ပါလာပြီး 48MP single ကင်မရာ (ဒါမှမဟုတ်) 22MP dual cameras တွေကို ပံ့ပိုးပေးနိုင်မယ်လို့ဆိုပါတယ်။ ဗွီဒီယိုပိုင်းမှာ HDR10+ စံ နဲ့portrait mode ဗွီဒီယိုတွေအတွက်ပါ support ပေးထားတာပါ။

(၅) ဂိမ်းစနစ်

Qualcomm အနေနဲ့ဂိမ်းဖုန်းခေတ်ကို အမှီလိုက်ဖို့ဒီ processor သစ်မှာ ပံ့ပိုးမှုတွေ ထည့်ပေးထားပါတယ်။ multiplayer လိုမျိုး လူအများနဲ့ကစားတဲ့ ဂိမ်းတွေအကြား ချိတ်ဆက်မှုပိုင်း နှောင့်နှေးမှု မရှိစေဖို့ဖရိမ်တွေကို ၉၀% ကျော် လျှော့ချထားပါတယ်။ လက်ရှိမှာလည်း Qualcomm ဟာ Snapdragon Elite Gaming စနစ်ကို ဖြန့်ချိထားပါတယ်။

Share

Loading Next Article...
က္က