RAM 8GB ထိ ပါရှိပါတယ်။

ဈေးနည်းတဲ့ mid-range ဖုန်းသစ်တွေထဲ အသစ်ဝင်လာတာက Realme 2 Pro ပါပဲ။

AndroidPIT-realme-2-pro-ports-w782.jpg

Photo: Android PIT

 

မော်ဒယ်သစ်အဖြစ် ထွက်ထားတဲ့ Realme စီးရီးထဲမှာ Realme 2 Pro ဟာ မျက်နှာပြင်အကြီးစား သုံးပြီး သားနားတဲ့ ဒီဇိုင်းနဲ့ထွက်လာတာ ဖြစ်ပါတယ်။

Realme 2 Pro ဟာ မျက်နှာပြင် ၆.၃ လက်မ FullHD+ screen နဲ့လာပြီး OPPO ရဲ့ ဒီဇိုင်းသစ်ဖြစ်တဲ့ waterdrop notch သုံးသွားတာပါ။ Realme မှာတော့ Dewdrop  လို့ခေါ်ပြီး ဒီ notch သစ်ကြောင့် မှန်ပြင်ရဲ့ နေရာယူမှုဟာ အတော်လေးကို မြင့်လာပါတယ်။

ရုပ်ထွက်ပိုင်းမှာ 2160 x 1080pixel display ပါရှိပြီး RAM အမြင့်ဆုံး mid-range ဖုန်းဆိုလည်း မမှားပါဘူး။ processor ကို Snapdragon 660 chipset သုံးထားလို့အတော်လေး မြန်မယ့် အလတ်စားဖုန်းလို့ဆိုနိုင်ပါတယ်။ Realme 2 Pro ကို RAM 4GB ၊ 6GB နဲ့8GB ဆိုပြီး သုံးမျိုး သုံးစား ထုတ်ထားပြီး RAM 8GB မှာ 128GB ထိ ပါရှိပါတယ်။ ကျန်တဲ့ မော်ဒယ် ၂ ခုကတော့ onboard storage ကို 64GB ပဲ သုံးထားတာပါ။

Realme 2 Pro ရဲ့ အားသာချက်တစ်ခုက ကင်မရာပါ။ ကျောဘက်မှာ fingerprint scanner နဲ့အတူ အလျားလိုက် dual cameras များ ပါရှိပါတယ်။

dual cameras အနေနဲ့Sony IMX398 သုံး 16MP နဲ့2MP ကင်မရာနှစ်လုံး သုံးထားပြီး ရှေ့ဘက်မှာ 16MP ဆယ်လ်ဖီကင်မရာ သုံးသွားတာ ဖြစ်ပါတယ်။ ဘက်ထရီအနေနဲ့3500 mAh ဘက်ထရီနဲ့လာပြီး fast charging တော့ မပါပါဘူး။

ဆော့ဖ်ဝဲလ်အနေနဲ့Android 8.1 Oreo ကို အခြေခံထားတဲ့ ColorOS 5.2 နဲ့လာတာ ဖြစ်ပါတယ်။ ဒီဖုန်းကို အိန္ဒိယဈေးကွက်မှာ စတင် ဖြန့်ချိထားတာ ဖြစ်ပြီး အနက် ၊ အပြာရင့်နဲ့အပြာနုကာလာ ၃ မျိုးနဲ့ထွက်ထားတာပါ။

Photo: NDTV Gadgets

 

ဈေးကွက်မှာတော့ Realme 2 Pro ရဲ့ အနိမ့်ဆုံး မော်ဒယ် RAM 4GB/64GB storage ကို ၁၃၉၉၀ ရူပီး(မြန်မာငွေ ၃ သိန်းခန့်) ၊ RAM 6GB မော်ဒယ်အတွက် ၁၅၉၉၀ ရူပီး (မြန်မာငွေ ၃ သိန်းခွဲ) နဲ့အမြင့်ဆုံးဗားရှင်းအတွက် ၁၇၉၉၀ ရူပီး (မြန်မာငွေ ၃ သိန်း ၉ သောင်းခွဲ) ဈေးတွေနဲ့အောက်တိုဘာ ၁၁ ရက်နေ့မှာ ရောင်းချသွားမယ်လို့ကြေငြာထားပါတယ်။

Share

Loading Next Article...
က္က