Review: မြန်မာငွေ ၁ သိန်းခွဲကျော်တန် Redmi 5 နဲ့ 5 Plus တို့ ကို တရားဝင်မိတ်ဆက်

အမြင့်ဆုံးဗားရှင်းကတော့ မြန်မာငွေ ၂ သိန်း ၆ သောင်းဈေးရှိမှာပါ။

ဘေးဘောင်ပါး ဖုန်းဒီဇိုင်း ကိုမှ 18:9 aspect ratio နဲ့ ထုတ်ထားတဲ့ Xiaomi ရဲ့ ဘက်ဂျက်ဖုန်းသစ်များကို တရုတ်ဈေးကွက်မှာ စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

play

 

bezel-less ဖုန်းတွေ ခေတ်စားလာချိန်မှာ Xiaomi ဟာ တန်ဖိုးနည်းတဲ့ Redmi 5 နဲ့ 5 Plus တို့ နဲ့ ဈေးကွက်ထိုးဖောက်လာတာလို့ ဆိုရမှာပါ။ ဖုန်းနှစ်လုံးစလုံးဟာ ဘေးဘောင်ပါးပါး ကိုယ်ထည်အချိုးအလန်းစားနဲ့ ထွက်လာတာ ဖြစ်ပြီး 18:9 aspect ratio သုံးဖုန်းတွေထဲမှာ ဈေးအနည်းဆုံး ဖုန်းတွေလည်း ဖြစ်ပါတယ်။ ဒီဖုန်းတွေရဲ့ နောက်ထပ် ထူးခြားချက်က ဘက်ထရီစွမ်းရည်မြင့်တာပါပဲ။

play
Redmi 5

 

Redmi 5/ 5 Plus တို့ ဟာ အရောင်အနေနဲ့  အနက် ၊ ရွှေ ၊ အပြာနဲ့ ပန်းရောင် ၄ မျိုးနဲ့ ထွက်လာတာပါ။ Redmi 5 ကတော့ မျက်နှာပြင် ၅.၇ လက်မ HD+ LCD display သုံးထားပြီး RAM 2GB နဲ့ 3GB ဆိုပြီး ဗားရှင်းနှစ်မျိုးပါရှိပါတယ်။ storage ကလည်း 16GB နဲ့ 32GB နှစ်မျိုး သုံထားပြီး ကင်မရာစနစ်အကြောင်းတော့ ပြောမထားပါဘူး။ processor ပိုင်းမှာ Redmi 5 ဟာ အနိမ့်စား Snapdragon 450 chipset သုံးထားပြီး ဘက်ထရီကတော့ နှစ်ရက်တိုင် အသုံးခံတဲ့ 3300 mAh ဘက်ထရီ ဖြစ်ပါတယ်။

play

 

မျက်နှာပြင် ၅.၉၉ လက်မ Full HD+ display သုံးထားတဲ့ Redmi 5 Plus ကတော့ 1080p ရုပ်ထွက်ရှိပြီး အလတ်တန်းစား octa-core Snapdragon 625 chipset ကို သုံးထားတာ တွေ့ ရပါတယ်။ ဒီဖုန်းကလည်း RAM 3GB နဲ့ 4GB နှစ်မျိုးနဲ့ လာပြီး onboard storage ကတော့ 32GB နဲ့ 64GB ဆိုပြီး ရွေးချယ်ဝယ်ယူနိုင်မှာပါ။ ဒီဖုန်းရဲ့ 4000 mAh ဘက်ထရီကလည်း နှစ်ရက်တော့ အသာလေး အားခံမယ်လို့ ဆိုပါတယ်။ ဒီဖုန်းနှစ်လုံးစလုံးဟာ အလူမီနီယံကိုယ်ထည်နဲ့ လာပြီး ကျောဘက်မှာ fingerprint သုံးထားပါတယ်။ ကင်မရာကတော့ ရှေ့ နောက် ၁ လုံးစီသုံးထားပြီး 1.25-micron pixels သုံးမယ်လို့ ဆိုပါတယ်။

play

 

တရုတ်ဈေးကွက်မှာတော့ Redmi 5 RAM 2GB ဗားရှင်းကို ၇၉၉ ယွမ် (၁ သိန်း ၆ သောင်းခန့် ) ၊ RAM 3GB ကို ၈၉၉ ယွမ် (မြန်မာငွေ ၁ သိန်း ၈ သောင်း) ဈေးတွေနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး Redmi 5 Plus ရဲ့ အနိမ့်ဆုံးဗားရှင်းကို ၉၉၉ ယွမ် (မြန်မာငွေ ၂ သိန်း) နဲ့ RAM 4GB ဗားရှင်းကို ၁၂၉၉ ယွမ် (မြန်မာငွေ ၂ သိန်း ၆ သောင်းခန့် ) ဈေးသတ်မှတ်ထားပါတယ်။ ဈေးကွက်ထဲကိုတော့ ဒီဇင်ဘာ ၁၂ ရက်နေ့ မှ ဖြန့် ချိသွားမှာပါ။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ