စုစုပေါင်း ကင်မရာ ၅ လုံးပါမှာပါ

မကြာသေးခင်ကပဲ Samsung ဟာ ကုမ္ပဏီရဲ့ ပထမဆုံး triple lens သုံးတဲ့ Galaxy A7 (2018) ကို မိတ်ဆက်ခဲ့ပြီး ဒီတစ်ခါမှာ ဈေးကွက်ထဲ ကင်မရာအများဆုံးဖုန်းကို ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။



samsung-galaxy-a9-hands-on-5225-1200x9999.jpg

Photo: Digital Trends

 

အစောပိုင်းသတင်းတွေမှာတော့ ကမ္ဘာပေါ်မှာ ပထမဆုံး ကျောဘက် ကင်မရာ ၄ လုံး quad lens သုံးမယ့် ဖုန်းဟာ Galaxy A9 Pro ဖြစ်မယ်ဆိုတဲ့ အသံတွေ ထွက်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ Galaxy A9 (2018) နာမည်နဲ့ပဲ ဈေးကွက်မှာ မိတ်ဆက်လာတာပါ။

Galaxy A9 (2018) ဟာ Galaxy A7 (2018) ရဲ့ triple lens ကင်မရာစနစ်ကို နောက်ထပ် 2x optical Zoom ဆွဲနိုင်တဲ့ 10MP tele lens ထပ်တိုး သုံးထားတာ ဖြစ်ပါတယ်။ ဒီဖုန်းဟာ အပါချာမြင့်တဲ့ f/1.7 24MP ပင်မကင်မရာ ၊ ၁၂၀ ဒီဂရီ ultra-wide ရိုက်နိုင်တဲ့ 8MP ကင်မရာ နဲ့bokeh ရိုက်လို့ရမယ့် 5MP depth sensor များပါဝင်ထားပါတယ်။  ရှေ့ဘက်မှာ 5MP ဆယ်လ်ဖီကင်မရာ ပါဝင်တာဖြစ်လို့စုစုပေါင်း ကင်မရာ ၅ လုံး သုံးထားတာပါ။

ကင်မရာ ၄ လုံးစလုံးဟာ သီးခြားလုပ်ဆောင်ချက်တွေနဲ့လာပါတယ်။ ပင်မကင်မရာ ဖြစ်တဲ့ 24MPကင်မရာနဲ့low-light shots တွေ ရိုက်မယ်ဆိုရင် pixel လေးခုကို တစ်ခုတည်းပေါင်းပြီး ရုပ်ထွက်ရှင်းလင်းပြတ်သားတဲ့ 6MPပုံတွေ ထုတ်ပေးနိုင်ပါတယ်။

 

အဝေးအနီးဆွဲဖို့အတွက် 10MP tele lens ဟာ 2x optical zoom ဆွဲပေးနေချိန်မှာ 5MP depth sensor ဟာ ကိုယ်ရိုက်နေတဲ့ နောက်ခံမြင်ကွင်းကို ဝါးပေးနေမှာပါ။ 8MP ultra-wide sensor ကတော့ လူအုပ်နဲ့မြင်ကွင်းကျယ်ကျယ် ရှုခင်းတွေအတွက် အကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။

Galaxy A9 (2018) ဟာ မျက်နှာပြင် ၆.၃၈ လက်မ Super AMOLED display နဲ့လာပြီး Samsung ရဲ့ စတိုင်ဖြစ်တဲ့ ရိုးရိုး notch မပါတဲ့ ဘေးဘောင်ပါးဒီဇိုင်းကိုပဲ ဆက်သုံးသွားပါတယ်။ mid-range မော်ဒယ်အဖြစ် ထုတ်သမျှ Samsung A series ဖုန်းတွေထဲမှာ ဒီဖုန်းဟာ RAM အမြင့်ဆုံးဖုန်းလို့ပြောနိုင်ပါတယ်။

RAM 6GB နဲ့8GB မော်ဒယ် ၂ မျိုးပါရှိပြီး storage ကတော့ 128GB အထိ သုံးသွားပါတယ်။ processor ကိုတော့ octa-core processor လို့ပဲ ညွှန်းထားပြီး 2.2GHz core ၄ ခုနဲ့1.8GHz core ၄ ခု ပါဝင်မှာပါ။

ကျောဘက်မှာ fingerprint scanner ပါရှိပြီး ဘက်ထရီကတော့ 3800 mAh ဘက်ထရီ သုံးထားပါတယ်။ ကိုယ်ထည်ကို 3D Curved glass နဲ့လာတဲ့ Galaxy A9 (2018) ဟာ OS စနစ်အနေနဲ့Android 8.0 Oreo ကို သုံးထားပြီး Caviar Black, Lemonade Blue နဲ့Bubblegum Pink ကာလာ ၃ မျိုးနဲ့ထွက်ထားပါတယ်။

Photo: GSMArena

 

ဒီဖုန်းကို ဥရောပဈေးကွက်မှာ ၅၉၉ ယူရို (မြန်မာငွေ ၁၀ သိန်းခွဲကျော်) ဈေးကနေ စတင်ရောင်းချသွားမယ်လို့ကြေငြာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က