Review: Series 2 devices များကို ထိခိုက်စေသည့် Watch Update အား Apple ဖျက်သိမ်း

 

play

 

သင့်အနေနဲ့ Apple Watch အတွက် နောက်ဆုံးထွက်ဗားရှင်းကို ဒေါင်းလုပ်ဆွဲလို့ မရနိုင်တော့ပါဘူး။ ဒါဟာ Series 2 devices များအတွက်တော့ ကောင်းတဲ့အချက်တစ်ခု ဖြစ်ပါတယ်။ Series 2 watch အမြောက်အများကို ထိခိုက်စေပြီးနောက် watchOS 3.1.1 ကို Cupertino မှ ဖျက်သိမ်းလိုက်ပါတယ်။

ဒီဗားရှင်းကြောင့် အက်ပ်ပဲလ် လက်ပတ်နာရီတွေရဲ့ screen ပေါ်မှာကုမ္ပဏီရဲ့ support စာမျက်နှာဆီသွားတဲ့ URL နဲ့ တကွ အနီရောင် အာမေဋိတ်အမှတ်အသားတစ်ခု ဖြော်ပလာပါတယ်။ ဝက်ဘ်ဆိုက်အနေနဲ့ ဒီကိစ္စကို မဖြေရှင်းရသေးပေမဲ့ ကိုယ့်ရဲ့ အက်ပ်ပဲလ်လက်ပတ်နာရီရပ်သွားရင် ဘာလုပ်ရမယ်ဆိုပြီး ညွှန်ကြားချက်တွေ ထုတ်ပေးထားပါတယ်။ ပထမဆုံးလုပ်ရမယ့်နည်းလမ်းကတော့ ကိုယ့်နာရီရဲ့ဘေးဘက်ခလုတ်နဲ့ Digital Crown ကို တစ်ပြိုင်နက်တည်းတွဲပြီး ဖိပေးကာ စက်ကို ပြန်လည် restart လုပ်ပေးရမှာပါ။

play

 

၁၀ စက္ကန့် လောက်ကြာပြီး အာမေဋိတ်အမှတ်အသားနေရာမှာ အက်ပ်ပဲလ်ရဲ့လိုဂိုပေါ်မလာဘူး ဆိုရင် နောက်တစ်ဆင့်လုပ်ရမှာက နီးစပ်ရာ အက်ပ်ပဲလ်စတိုးတစ်ခုဆီသွားပြီး နာရီကို ပြသကြည့်ဖို့ ပါပဲ။ AppleInsider ရဲ့အဆိုအရ restart လုပ်တာ သုံးစွဲသူအတော်များများအတွက် အလုပ်မဖြစ်ပါဘူး။Watch ရဲ့ အဖြေရှာတဲ့ဌာနမှ ပြင်မရတာကြောင့် ယင်း သုံးစွဲသူတွေဟာ အက်ပ်ပဲလ်ရဲ့ ဝန်ဆောင်မှုဌာနဖြစ်တဲ့ Geniuses မှာ သူတို့ ရဲ့ နာရီတွေကို ထားခဲ့တယ်လို့ ဆိုပါတယ်။ နာရီကို ပြန် restart လုပ်တာက အလုပ်မဖြစ်တာကြောင့် တစ်ခြား ဖောက်သည်တွေက ပစ္စည်းပြန်လဲလို့ ရမလားသိချင်နေကြပါတယ်။

 

watchOS 3.1.1 ဟာ ဘာ့ကြောင့်တစ်ချို့အက်ပ်ပဲလ်လက်ပတ်တွေကို စက်ကြောင်စေတာလဲဆိုတာကို Cupertino မှ အခုထိ ထုတ်ပြန်ကြေငြာမှု မလုပ်သေးပါဘူး။ ဒါပေမဲ့လည်း အခုတင်လိုက်တဲ့ update ဟာ notifications ၊ မက်ဆေ့ခ်ျနဲ့ တစ်ခြား features တွေကို ထိခိုက်စေတဲ့ bugs ဖိုင်တွေကို ရှင်းထုတ်လိုက်တာဖြစ်လို့  များမကြာခင်မှာ ဒီနာရီတွေကို စက်မရပ်စေတဲ့ ထပ်တိုးဗားရှင်းတစ်ခု ထုတ်ပေးသွားဖို့ ရှိပါတယ်။

Source : Source : AppleInsider , MacRumors , Reddit

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ