Review: တစ်အုပ်ထဲနဲ့  ပြီးပြည့်စုံတဲ့ Smart Writing Set

နောက်တစ်အုပ်ထပ်ဝယ်ဖို့ မလိုအောင် ပြီးပြည့်စုံတဲ့ မှတ်စုစာအုပ်လေးပါ။

play

 

ဒီတစ်ခါမှာတော့ မှတ်စုစာအုပ်တစ်အုပ်တည်း ရှိရုံနဲ့ တင် နောက်ထပ် ထပ်ဝယ်စရာမလိုလောက်အောင် ပြီးပြည့်စုံတဲ့ မှတ်စုစာအုပ်လေးတစ်အုပ်ကို ညွှန်းချင်ပါတယ်။ ဒီစာအုပ်လေးဟာ သီးသန့် Pilot ပင်န်နဲ့ ရေးလို့ ရပြီး ဒစ်ဂျစ်တယ်စကင်ဖတ်လို့ ရနိုင်တဲ့ ထူးထူးခြားခြား မှတ်စုစာအုပ်လေးတစ်အုပ် ဖြစ်ပါတယ်။

ဒီနေ့ လို ဒစ်ဂျစ်တယ်ကမ္ဘာကြီးထဲမှာ ကီးဘုတ်နဲ့ စာရိုက်တာထက် ဘောပင်နဲ့ ရေးရတာကို ပိုကြိုက်ကြသူတွေလည်း ရှိနေတာဖြစ်လို့ Moleskine ထုတ် ဒီမှတ်စုစာအုပ်လေးတွေဟာ နာမည်ကျော်လာပါတယ်။

ပြောင်းလဲလာတဲ့ ခေတ်နဲ့ လိုက်လျောညီထွေအောင် မီလန်အခြေစိုက် စာရေးကိရိယာကုမ္ပဏီ Moleskine ဟာ အန်နာလော့ဂ်ကနေ ဒစ်ဂျစ်တယ်ပြောင်းနိုင်တဲ့ စမတ်စာရေးကိရိယာတစ်ခုကို ဖန်တီးလိုက်ပါတယ်။

ဒီစနစ်မှာ Paper Tablet ဆိုတဲ့ စာရေးတဲ့ အပိုင်း ၊ Moleskine Pen+ ဆိုတဲ့ ဘောပင် နဲ့ အခမဲ့ရယူနိုင်တဲ့ Moleskine Notes app ဆိုပြီး သုံးပိုင်းပါရှိပါတယ်။ ဒီစမတ်စာရေးကိရိယာကိုသုံးပြီး မှတ်စုတွေကို ရေးနိုင် ၊ ပြင်နိုင်သလို ပုံကြမ်းတွေလည်း ရေးခြစ်နိုင်စေမှာ ဖြစ်ပါတယ်။ ကိုယ်ရေးခြစ်ခဲ့သမျှကို ပြန်ဖျက်ပစ်ချင်တယ်ဆိုရင် ရေစိုအဝတ်လေးနဲ့ ဖျက်သွားရုံပါပဲ။

ကိုယ်ရေးထားသမျှကိုလည်း iOS နဲ့  Android ဖုန်းတွေကနေ တဆင့် ပြန် share နိုင်မှာပါ။

 

Paper Tablet ရဲ့ စာရွက်တွေထဲမှာ NcodeO နည်းပညာလို့ ခေါ်တဲ့ မမြင်နိုင်တဲ့ ဇယားကွက်လေးတွေကို ထည့်သွင်းထားပါတယ်။ ဒီဇယားကွက်လေးတွေဟာ Pen+ နဲ့ ချိတ်ဆက်ပြီး စာရွက်ပေါ်က နေရာတိုင်းကို သိအောင် လုပ်ထားတာပါ။ Pen+ ရဲ့ အနီအောက်ရောင်ခြည်ကင်မရာဟာ ဘောပင်ရဲ့ ထိသမျှနေရာတိုင်းကို လိုက်ပြီး အက်ပလီကေးရှင်းဆီ ပို့ ပေးပါတယ်။

ဒီစမတ်စာရေးကိရိယာကို ၁၉၉ ဒေါ်လာ နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ှSource: Tech Insider

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ