AD
AD
AD

CES2018 ပွဲမတိုင်ခင်ကတည်းက သတင်းအမျိုးမျိုး ပျံ့ နေခဲ့တဲ့ Sony ရဲ့ mid-range ဖုန်းသစ် ၃ မျိုးကတော့ တရားဝင် မိတ်ဆက်ပြသလိုက်ပြီ ဖြစ်ပါတယ်။ ဒီဖုနုးသစ် ၃ မျိုးစလုံးဟာ Sony ရဲ့ ပြောင်းလဲလာတဲ့ စမတ်ဖုန်းအိုင်ဒီယာတွေကိုပါ ထင်ဟပ်နေတာ ဖြစ်ပြီး ဒီနှစ်အတွက် ဦးဦးဖျားဖျား ထူးထူးခြားခြား စမတ်ဖုန်းတွေလို့ ဆိုနီုင်ပါတယ်။

play

 

Sony ဟာ Xpreia XA ဒုတိယမျိုးဆက် Xperia XA2 နဲ့ XA2 Ultra တို့ အပြင် Xperia L2 ကိုပါ ကြေငြာခဲ့တာပါ။ ဒီဖုန်းတွေကို bezel-less လို့ ပြောလို့ မရပေမယ့် edge-to-edge display လို့ ပြောနိုင်တဲ့ နှစ်ဘက်လုံး ဘောင်ပျောက် ဒီဇိုင်းနဲ့ ထွက်လာတာက စိတ်ဝင်စားဖို့ ကောင်းသွားပါတယ်။ မှန်ပြင်အနားသတ်နဲ့ ကိုယ်ထည် ဖွဲ့ စည်းချက်သပ်ရပ်မှုကြောင့် ဖုန်းကိုင်ရတာ သက်တောင့်သက်သာရှိပြီး ကိုင်လို့ ကောင်းမယ့်ပုံပါ။ ဒီဇိုင်းမှာတော့ ဈေးပိုမြောက်မယ့် Xpraia XA2 နဲ့ XA2 Ulrtra တို့ မှာ ဘေးနှစ်ဘက် ဘောင်လုံးဝဖျောက်ထားပေမယ့် L2 ကတော့ ဘေးအနားတွေမှာ ဘောင်ပါးပါးလေး သုံးထားတာတွေ့ ရပါတယ်။ အဓိက စောင့်ကြည့်ရမယ့် ဖုန်းတွေကတော့ Xperia XA2 နဲ့ XA2 Ultra တို့ ပဲ ဖြစ်ပါတယ်။

မျက်နှာပြင်ဆိုဒ်မှာ XA2 နဲ့ XA2 Ultra တို့ ဟာ ၅.၂ လက်မနဲ့ ၆ လက်မစီရှိပြီး display ရုပ်ထွက်ချင်းကတော့ 1080p resolution ပါတာချင်း တူနေပါတယ်။ နောက်ထပ်တူတာတစ်ခုက mid-range processor လို့ ပြောနိုင်တဲ့ Qualcomm Snapdragon 630 chipset ကို ပဲ သုံးထားတာ ဖြစ်ပြီိး ကျောဘက်မှာ f/2.3 အပါချာအကြီးစားနဲ့ 23MP ကင်မရာသုံးတာချင်းလည်း အတူတူပါပဲ။ ရှေ့ ကင်မရာမှာပဲ Xperia XA2 ဟာ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ်ရိုက်နိုင်တဲ့ 8MP ကင်မရာ တစ်လုံးတည်း သုံးထားပေမယ့် Xperia XA2 Ultra မှာတော့ 8MP ကင်မရာအပြင် OIS ရုပ်ငြိမ်စနစ်ပါ 16MP ကင်မရာကိုပါ တွဲသုံးထားတာ တွေ့ ရပါတယ်။ ကင်မရာစနစ်မှာ နဂိုကတည်းက နာမည်ကြီးတဲ့ Sony ဟာ mid-range ဖုန်းတွေမှာ အခုလို အမြင့်စား ကင်မရာကောင်းသုံးလာတာကလည်း ထူးခြားမှုလို့ ဆိုနိုင်ပါတယ်။

 

USB Type C ကို သုံးလာတဲ့ ဒီဖုန်းတွေဟာ Android စနစ်မှာလည်း နောက်ဆုံးထွက် Android 8.0 Oreo ကိုပဲ သုံးထားတာ ဖြစ်ပြီး Bluetooth စနစ်မှာလည်း ရိုးရိုး Bluetooth 4.2 ထက် ချိတ်ဆက်မှု နှစ်ဆမြန်ပြီး မီတာ ၂၄၀ (ပေ ၈၀၀) လောက်ကနေ လှမ်းချိတ်နိုင်တယ်ဆိုတဲ့ နောက်ဆုံးပေါ် Bluetooth 5.0 ဖြစ်ပါတယ်။ ဘက်ထရီအနေနဲ့ Xperia XA2 ဟာ 3300 mAh ဘက်ထရီနဲ့  XA2 Ultra မှာ 3580 mAh ဘက်ထရီစနစ်ကို သုံးထားပါတယ်။ ဒီဖုနုးနှစ်လုံးစလုံးမှာ 3.5mm headphone jack ဆက်သုံးထားလို့ နားကြပ်ပေါက်မပါလို့ စိတ်ညစ်စရာ မရှိတော့ပါဘူး။ Xperia XA2 နဲ့ XA2 Ultra မှာ နောက်ထပ် မတူတာတစ်ခုက RAM /storage သုံးထားတဲ့ ပမာဏ ဖြစ်ပြီး ရိုးရိုး XA2 မော်ဒယ်မှာ RAM 3GB/storage 32GB နဲ့ XA2 Ultra မှာတော့ RAM 4GB ကိုမှ storage 32GB နဲ့ 64GB ဆိုပြီး နှစ်မျိုးလာတာပါ။ ဒီဖုန်းတွေ အားလုံးမှာ တူတာတစ်ခုက ကျောဘက်မှာ fingerprint သုံးထားတာ ဖြစ်ပါတယ်။

play
Xperia XA2 & XA2 Ultra

 

တစ်ခုရှိတာက ဒီဖုန်းတွေရဲ့ ဈေးနှုန်းကို မသိရသေးတာပါ။ဈေးကွက်ထဲကိုတော့ ရှေ့ လာမယ့် ဖေဖော်ဝါရီထဲမှာ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ mid-range ဖုန်းလို့ ဆိုတာကြောင့် ပျမ်းမျှ မြန်မာငွေ ၃ သိန်းကနေ ၄ သိန်းခွဲဝန်းကျင် ပေါက်ဈေးရှိမယ်လို့ ခန့် မှန်းထားပေမယ့် တကယ်တမ်း ဈေးကွက်မှာ ရောင်းချမယ့်နှုန်းထားကို အတိအကျသိဖို့ ကတော့ အချိန်နည်းနည်း ထပ်စောင့်ရဦးမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD