ကင်မရာပိုင်းတင် AI ကို သုံးထားတာ မဟုတ်ပါဘူး

AI Camera အဖြစ် တံဆိပ်တပ်ပြီး ထွက်လာတဲ့ Vivo V11 ကတော့ ဈေးကွက်ထဲ ရောက်လာပြီ ဖြစ်လို့ဒီကင်မရာတွေဟာ ဘယ်လို လုပ်ဆောင်ချက်တွေ ပါလာသလဲဆိုတာ သိချင်နေကြမှာပါ။



 

Photo: gearopen

Vivo V11 ရဲ့ ထင်ရှားတဲ့ အချက်က မှန်ပြင်အောက် လက်ဗွေနည်းပညာ ပါရှိပြီး ရေစက်ပုံစံ Halo notch အသေးတစ်ခု ပါရှိတာပါပဲ။ Vivo V11 ဟာ processor မှာ AI Engine ပါဝင်တဲ့ Snapdragon 660 chips သုံးထားသလို ကင်မရာတွေမှာလည်း AI features တွေ သုံးထားတာပါ။

AI Camera အဖြစ် မိတ်ဆက်ထားတဲ့ အတိုင်း ရှေ့ဘက်မှာ သုံးထားတဲ့ 25MP ဆယ်လဖီကင်မရာဟာ မျက်နှာပေါ်က အရေးအကြောင်းတွေကို လိုက်ပြီး လိုအပ်တဲ့ အလှပြုပြင်မှုတွေ ပေးမယ့် AI Face Shaping နည်းပညာသစ် ပါဝင်ပါတယ်။ဒီအတွက် Vivo ဟာ မျက်နှာပေါ်က လက္ခဏာသွင်ပြင်တွေပေါ် လိုက်ပြီး ဆယ်လ်ဖီဆွဲသူနဲ့လိုက်ဖက်စေဖို့AI Face Modeling algorithm သုံးထားတာပါ။

ဆယ်လ်ဖီပိုင်းမှာ ဘယ်အခြေအနေမျိုးမဆို အကောင်းဆုံး ဆယ်လ်ဖီပုံတွေ ထွက်စေမယ့် AI Selfie Lighting စနစ် ပါဝင်လာတာကြောင့် မျက်နှာပေါ်မှာ သုံးဖက်မြင် အလင်းသက်ရောက်မှုကို ပိုမိုကောင်းမွန်အောင် ပြုပြင်ပေးသွားမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက AI Portrait Frame စနစ် ဖြစ်ပြီး အကောင်းဆုံး ဆယ်လ်ဖီပုံရဖို့ဖုန်းကို ဘယ်လို အနေအထားနဲ့ကိုင်သင့်သလဲ အကြံပြုနိုင်တဲ့ စနစ်ကလည်း ထူးခြားပါတယ်။

ဒါတွေအပြင် AI Backlight HDR ၊ AI Low Light Mode ၊ AI Scene Recognition မြင်ကွင်းသိ စနစ်တွေပါဝင်ပြီး ကလစ်နှိပ်ရုံနဲ့တင် အကောင်းဆုံး ဆယ်လ်ဖီပုံတွေ ထုတ်နိုင်တော့မှာပါ။ ရှေ့ဘက် 25MP AI Camera ဟာ ဆယ်လ်ဖီဆွဲဖို့အပြင် Face Unlock စနစ်အတွက်ပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဆယ်လ်ဖီကင်မရာအပြင် ကျောဘက် ထောင်လိုက် dual cameras ကလည်း စမတ်ဖုန်းဓါတ်ပုံဝါသနာအိုးတွေ အကြိုက်တွေ့စရာပါ။ 12MP+5MP နှစ်လုံးတွဲ ကင်မရာစနစ်ထဲက 12MP ကင်မရာဟာ အလင်းအာရုံခံဖို့အတွက် units ပေါင်း ၂၄ သန်း ပါဝင်တဲ့ Dual Pixel sensor တွေ သုံးထားတာပါ။ ဒါကြောင့်ပဲ DSLR ကင်မရာတစ်လုံးနီးပါး ကောင်းမွန်တဲ့ အဆင့်မြင့်ဓါတ်ပုံတွေ ရိုက်ကူးနိုင်မှာပါ။

Photo: Tech Prolonged

 

ပြောရရင် နောက်ဆုံးပေါ် ဒီဇိုင်းနဲ့အလန်းစား Vivo V11 ဟာ mid-range တွေထဲမှာ ရှာမှ ရှားတဲ့ AIစွမ်းရည်မြင့် ဖုန်းတစ်လုံးဖြစ်ပြီး ခေတ်ပေါ် စမတ်အတွေ့အကြုံတွေကို ပေးစွမ်းနိုင်တဲ့ စိတ်ဝင်စားစရာ ဖုန်းတစ်လုံးဆိုတာပါပဲ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က