AD
AD
AD

နောက်ပိုင်းထွက်ဖုန်းတွေမှာ တူညီတာတစ်ခုက ဘေးဘောင်တွေ ပါးသထက် ပါးလာပြီး FullView ဘက်ကို နွှယ်လာတဲ့ display ကို သုံးလာကြတာပါပဲ။ ဒီအချိနှ်မှာ Vivo ဟာ Vivo V11 နဲ့ အတူ FullView display နည်းပညာပိုင်းမှာ ဆန်းသစ်ချက်အသစ် ထည့်သွင်းလိုက်ပါတယ်။

play
Photo: NDTV Gadgets

 

ဒီနည်းပညာကို Halo FullView display လို့ နာမည်ပေးထားပြီး ထိပ်ဘောင်မှာ ခပ်ဝိုင်းဝိုင်း notch အငယ်စားလေးပါရှိပြီး ကျန်တဲ့ နေရာအားလုံးက bezel အားလုံးကို အပါးဆုံးဖြစ်အောင် ထုတ်ထားတာပါ။ Halo FullView ဟာ OPPO ရဲ့ waterdrop screen သစ်နဲ့ ဆင်ပေမယ့် ရှေ့ ကင်မရာအတွက်ပဲ notch ကို သီးသန့် သုံးထားလို့ ဒီဇိုင်းအနေအထားမှာ ပိုပြီး ထူးခြားနေပါတယ်။

Halo FullView display ကြောင့် မှန်ပြင်နဲ့ ကိုယ်ထည် အချိုးအစားတွဲစပ်မှု ၊ တစ်နည်းအားဖြင့် မှန်ပြင်နေရာယူမှုဟာ ၉၁.၂၇% ထိ ရှိလာပါတယ်။ Vivo ရဲ့ နောက်ဆုံးထွက် mid-range မော်ဒယ်ဖြစ်ပေမယ့် Vivo V11 ဟာ Full HD Super AMOLED နဲ့ လာပါတယ်။ အကြောင်းကတော့ OLED နဲ့ မှ သုံးနိုင်မယ့် in-display fingerprint စနစ်ကို ဒီဖုန်းဟာ သုံးထားတာကြောင့်ပါ။

3D curved body နဲ့ လာတဲ့ မျက်နှာပြင် ၆.၄၁ လက်မအရွယ် ဒီမော်ဒယ်မှာ မှတ်သားစရာ feature တစ်ခုက AI နည်းပညာကို အတော်လေး အဆင့်မြှင့်ထားတာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ် AI စနစ်ကို ဖုန်းရဲ့ ရှေ့ /နောက် ကင်မရာ ၃ လုံးစလုံးမှာ သုံးနိုင်လာပါတယ်။ ဥပမာ ကင်မရာမှာ focus ချိန်တဲ့အခါမျိုးမှာ ၀.၀၃ စက္ကန့် ထဲနဲ့ ချိန်နိုင်တဲ့ DSLR စံချိန်မီ Dual Pixel Autofocus သုံးလာတာမျိုး။

play

 

နောက်ထပ် စိတ်ဝင်စားဖို့ ကောင်းတဲ့ AI နည်းပညာတစ်ခုက ကျောဘက် dual ကင်မရာ 12MP+5MP နှစ်လုံးတွဲထဲက 12MP ကင်မရာစနစ်မှာ အလင်းအာရုံခံစနစ်မှာ unit ပေါင်း ၂၄ သန်း ပါဝင်တဲ့ Dual Pixel senors တွေ ပါရှိလာပါတယ်။

ရှေ့ ကင်မရာ စနစ်ပိုင်းမှာ AI Face Shaping ဆိုတဲ့ နည်းပညာသစ်ကို သုံးလာတာကလည်း ထူးခြားပါတယ်။။ ဒီနည်းပညာမှာတော့ မျက်နှာပေါ်က အရေးအကြောင်း နဲ့ လက္ခဏာတွေ ကြည့်ပြီး သဘာဝအတိုင်း မျက်နှာပုံပန်းသဏ္ဍာန်ကို ပြောင်းပေးမယ့် စနစ်ဖြစ်ပါတယ်။

Vivo V11 ဟာ ယခင် AI ဆယ်လ်ဖီအလင်းပေးစနစ်ကိုလည်း နည်းပညာသစ်တွေ ထပ်ပိုးပြီး lighting effects တွေ ပို သုံးနိုင်အောင် ထုတ်လာပါတယ်။  နောက်တစ်ခုက AI Fortrait Frame စနစ်နဲ့ ဖုန်းကို ဘယ်လိုကိုင်ပြီး ရိုက်ရင် အကောင်းဆုံး ပုံထွက်မယ်ဆိုတာပါ ထည့်သွင်းလာတာပါ။

AI နည်းပညာကို ကင်မရာပိုင်းအပြင် ကုမ္ပဏီရဲ့ ကိုယ်ပိုင် AI Assistant နည်းပညာဖြစ်တဲ့ Jovi မှာ သုံးလာပါတယ်။ Vivo V11 ရဲ့ Jovi AI နည်းပညာမှာ ရာသီဥတုသတင်းမေးတာ ၊ တိုက်ရိုက် ဘာသာပြန်တာတွေ လုပ်နိုင်မယ့် Jovi Smart Scene စနစ် ၊ မြေပုံညွှန်းတာ ၊ အွန်လိုင်း ရှော့ပင်ထွက်တာ ၊ ခရီးသွားတာတွေအတွက် Google Assistant နဲ့ အဆင့်မြင့် deep-learning နည်းပညာနဲ့  လိုသလို ပြန်ရှာနိုင်တဲ့ Google Lens များ ပါဝင်မှာပါ။

play
Photo: Vivo Facebook

 

Vivo V11 ကို အာရှဈေးကွက်အတော်များများမှာ ဖြန့် ချိနေပြီး မြန်မာပြည်မှာတော့ လာမယ့် စက်တင်ဘာ ၂၅ ရက်နေ့ မှာ မိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD