ကိုယ့်ပိုင် brand နဲ့ စမတ်စပီကာဈေးကွက်ထဲ ဝင်လာတဲ့ Xiaomi ဟာ သူ့ အစဉ်အလာအတိုင်း တန်ဖိုးသင့် အရည်အသွေးကောင်း ထုတ်ကုန်တစ်ရပ်ကို တရုတ်ဈေးကွက်မှာ စတင်ဖြန့် ချိလိုက်ပြီ ဖြစ်ပါတယ်။ 

play

 

Yeelight လို့ နာမည်ပေးထားတဲ့ အသံစနစ်သုံး ဒီစမတ်စပီကာဟာ ဒီဇိုင်းပိုင်းအားဖြင့် Amazon ထုတ် Echo Dot နဲ့ အတော်လေးဆင်တဲ့ ခပ်ပြားပြား ဒီဇိုင်းဖြစ်ပြီး အသံနည်းပညာကိုတော့ Amazon ရဲ့ Alexa ရော Xiaomi ရဲ့ ကိုယ်ပိုင် AI အသံအကူ နည်းပညာပါ သုံးနိုင်အောင် ထွင်ထားတာ ဖြစ်လို့ အမိုက်စားလို့ ဆိုရမှာပါ။ ဒီစမတ်စပီကာကို Dual AI စပီကာလို့ လည်း ခေါ်ကြပြီး မိုက်ကရိုဖုန်း ၆ ပေါက်သုံးထားတာပါ။ အသံချဲ့ စနစ် မှာတော့ 2 watt loudspeaker စီ သုံးထားးပြီး ပတ်ပတ်လည် ငါးမီတာ အကွာကနေ အသံနဲ့ လှမ်းပြီး စေခိုင်းနိုင်မှာလည်း ဖြစ်ပါတယ်။

စပီကာအပေါ်နားမှာ အသံတိုးချဲ့ ခလုတ်များနဲ့ အပြာရောင် LED အလင်းကွင်းလေးတစ်ခု သုံးထားတာကြောင့် ဒီဇိုင်းအားဖြင့်လည်း ချစ်စရာကောင်းမှာ ဖြစ်ပါတယ်။ အတွင်း specs အနေနဲ့ RAM 256MB နဲ့ အတူ quad-core ARM Cortex-A53 CPU သုံးထားသလို internal storage ကလည်း 256MB ပါရှိပါတယ်။ ဒီစပီကာမှာ dual-band Wi-Fi စနစ် ပါရှိတာကြောင့် ကြိုးမဲ့ချိတ်ဆက်မှုပိုင်းမှာ ကောင်းမွန်သွက်လက်ပြီး စမတ်အိမ်သုံး smart LED မီးအိမ်များ ၊ စားပွဲတင်မီးအိမ်များ ၊ အိမ်ယာဝင်မီးလုံးများ နဲ့ မျက်နှာကြက်မီးလုံးများကို အလိုအလျောက် လှမ်းပြီး ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Xiaomi ထုတ်ကုန်တွေနဲ့ ပဲ အလုပ်လုပ်နိုင်မှာကတော့ ချွင်းချက်လို့ ဆိုရမှာပါ။

play

 

AI အသံစနစ် နှစ်မျိုး သုံး Dual AI စပီကာတစ်လုံးဖြစ်တဲ့ Yeelight စမတ်စပီကာမှာ ပြောစရာတစ်ခုက လက်ရှိမှာ တရုတ်ဈေးကွက်သက်သက်ပဲ ထုတ်ထားသေးတာပါ။ ဈေးနှုန်းကတော့ ၁၉၉ ယွမ် (မြန်မာငွေ ၂ ၂သောင်း) တည်း ဖြစ်ပြီး ဇန်နဝါရီ ၃၁ ရက်နေ့ မှာ Xiaomi အွန်လိုင်းစတိုးတွေကနေတစ်ဆင့် ဝယ်နိုင်မယ်လို့ ဆိုပါတယ်။။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video