in-display fingerprint မော်ဒယ်တစ်မျိုးလည်း ပါရှိပါတယ်

Xiaomi ကတော့ Mi 8 မျိုးဆက် edition သစ် နှစ်မျိုးကို တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။



mi-8-screen-fingerprint-edition-twilight-gold-1340x754.jpg

Fingerprint Edition (Photo: Android Authority)

 

ဒီတစ်ခါ Xiaomi Mi 8 ရဲ့ edition သစ်တွေအနေနဲ့မြင်ရမှာက Fingerprint Edition နဲ့Youth Edition ပါ။ ဒီမော်ဒယ်နှစ်မျိုးမှာ အမြင့်ဗားရှင်းဖြစ်တဲ့ Fingerprint Edition ကတော့ နာမည်အတိုင်း လက်ဗွေစနစ်ကို အထူးပြုထားတဲ့ ဖုန်းဖြစ်ပြီး ထွက်ပြီးသား Mi 8 ထက် သာတဲ့ အချက်က Explorer Edition စတိုင် in-display fingerprint နည်းပညာများ သုံးထားတာ ဖြစ်ပါတယ်။

၆.၂၁ လက်မ OLED notch display နဲ့လာပြီး Xiaomi ကနေ ပထမဆုံး မိတ်ဆက်ထားတဲ့ Dual Frequency GPS စနစ် နဲ့အတူ Snapdragon 845 processor များ ပါဝင်လာပါတယ်။ memory တွဲစပ်မှုပိုင်းမှာ RAM 6GB နဲ့8GB နှစ်မျိုး ပါရှိပြီး storage ကိုတော့ onboard 128GB သုံးထားတာပါ။ ဒီဇိုင်းနဲ့သုံးထားတဲ့ specs အားလုံးကတော့ Xiaomi Mi 8 အတိုင်းပါပဲ။

 

ကျောဘက်မှာ 12MP+ 12MP ကင်မရာနှစ်လုံးတွဲဟာ 4-axis OIS ရုပ်ငြိမ်စနစ် ပါရှိသလို ရှေ့ဘက် 20MP ကင်မရာဟာလည်း IR Face Unlock စနစ် သုံးနိုင်မှာပါ။ လက်ဗွေစနစ်ပိုင်းမှာ Explorer Edition အတိုင်း မှန်ပြင်အောက် လက်ဗွေသုံးထားပြီး Explorer ထက် ၂၉% ပိုမြန်တယ်လို့ဆိုပါတယ်။ ဒီမော်ဒယ်ထက် ဈေးနည်းတာက Mi 8 Youth Edition ပါ။

Xiaomi Mi 8 ဘက်ဂျက်မော်ဒယ်ဖြစ်ပြီး ကင်မရာပိုင်းမှာ အလျားလိုက် 12MP+5MP နှစ်လုံးတွဲ စနစ်ကို ပြောင်းသုံးထားပြီး အရှေ့မှာ 24MP ဆယ်ဖီကင်မရာထားတာက စိတ်ဝင်စားဖို့ကောင်းပါတယ်။

မျက်နှာပြင် ၆.၂၆ လက်မမော်ဒယ် LCD screen နဲ့လာပြီး ကျောဘက်မှာ ရိုးရိုး fingerprint ပါရှိပါတယ်။ သူကတော့ Mi 8 ကိုမှ spces လျှော့ထားတဲ့ ဖုန်းဖြစ်လို့processor မှာ mid-range ဗားရှင်း Snapdragon 660 chipset သုံးထားပါတယ်။

ဈေးနှုန်းတွေကတော့ Xiaomi ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး အပိုင်းပါ။ Fingerprint Edition မော်ဒယ် 6GBB/128GB ဗားရှင်းကို ၃၁၉၉ ယွမ် (မြန်မာငွေ ၇ သိန်း ၃ သောင်းခန့်) နဲ့အမြင့် 8GB မော်ဒယ်ကို ၃၅၉၉ ယွမ် (မြန်မာငွေ ၈ သိန်းကျော်) ဈေးနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။

Youth Edition (Photo: Android Authority)

 

Youth Edition ကတော့ အနိမ့်ဆုံး 4GB/64GB မော်ဒယ်ကို ၁၃၉၉ ယွမ် (မြန်မာငွေ ၃ သိန်းကျော်) ကနေ 6GB/64GB နဲ့6GB/128 GB များအတွက် ၁၆၉၉ ယွမ် (မြန်မာငွေ ၃သိန်း ၈ သောင်းခွဲကျော်) နဲ့၁၉၉၉ ယွမ် (မြန်မာငွေ ၄ သိန်းခွဲ) ဈေးတွေနဲ့ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က