မြန်မာငွေ ၃ သိန်းခွဲတန် ဖုန်းပါ။

တကယ်လို့တန်ဖိုးသင့် mid-range ဖုန်းတစ်လုံးကို အဆန်းဆုံး ကင်မရာစနစ်ပါတာ ပြပါဆိုရင် Redmi Note 6 Pro ကိုပဲ ညွှန်းရမှာပါ။



Xiaomi-Redmi-Note-6-Pro-NoypiGeeks.jpg

Photo: noypigeeks

 

Xiaomi အတွက် Mi 8 series ကနေ စပြီး notch ဒီဇိုင်းကို သုံးလာတာ ဖြစ်လို့Redmi Note 6 Pro မှာ notch ပါလာတာ မထူးဆန်းဘူးလို့ဆိုရမှာပါ။ ထူးတာက မျက်နှာပြင် ၆.၂၆ လက်မအရွယ် Redmi Note 6 Pro ရဲ့ notch ထဲမှာ dual selfie ကင်မရာတွေ ပါလာတာ ဖြစ်ပါတယ်။ ပြောရရင် ဒီဖုန်းဟာ Xiaomi ရဲ့ ပထမဆုံး ရှေ့နောက် ကင်မရာ ၄ လုံးကို စသုံးလာတဲ့ ဖုန်းပါ။

ကင်မရာ စနစ်ပိုင်းမှာ Xiaomi က AI တံဆိပ်တပ်ပြီး ထုတ်လိုက်တာပါ။ ဒီဘက်ခေတ်မှာ AI အကြောင်း မပါတဲ့ ဖုန်းကလည်း ခပ်ရှားရှားဖြစ်လို့AI Cameras ဆိုတာ ထူးပြီး ရင်ခုန်စရာ မဟုတ်တော့ပါဘူး။ ပြောစရာတစ်ခုက Xiaomi Redmi Note 6 Pro ရဲ့ ကျောဘက်ကင်မရာဟာ Redmi Note 5အတိုင်း 12MP + 5MP အတွဲအစပ် သုံးထားတာပါ။

AI မြင်ကွင်းသိမှတ်မှု စနစ်ပါတဲ့ ဒီကင်မရာထက် ရှေ့ဘက် dual selfie ကင်မရာစနစ်က ပိုပြီး စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ AI Portrait 2.0 နဲ့AI Dynamic Bokeh စနစ်များ ပါဝင်တဲ့ 20MP+2MP ကင်မရာ စနစ်ဟာ Redmi Note 6 Pro ရဲ့ အဓိက အပြောင်းအလဲနဲ့အားသာချက်လည်း ဖြစ်ပါတယ်။

ဘက်ထရီစနစ်မှာတော့ Redmi Note 5 မှာလို quick charge အားသွင်းနည်းပညာပါတဲ့ 4000 mAh ဘက်ထရီအကြီး သုံးထားပြီး ဆက်တိုက် ၆ နာရီကြာအောင် ဂိမ်းဆော့နိုင်မယ့် ဘက်ထရီ ဖြစ်ပါတယ်။

processor ကတော့ Redmi Note 5 Pro အတိုင်း Snapdragon 636 chipset ဖြစ်ပြီး RAM 4GB/64GB storage နဲ့လာတာပါ။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android Oreo နဲ့ပေါင်းစပ်ထားတဲ့ MIUI စနစ်ကို သုံးထားတာ ဖြစ်ပါတယ်။ Redmi Note 6 Pro ဟာ အနက် ၊ အပြာ ၊  အနီ နဲ့ပန်းရောင် ကာလာ ၄ မျိုးနဲ့ထွက်လာပါတယ်။

Photo: GSMArena

 

ဈေးကွက်မှာ Redmi Note 6 Pro ကို ထိုင်းဘတ် ၇၀၀၀ ခန့်(မြန်မာငွေ ၃သိန်းခွဲ) ဈေးနဲ့ရောင်းချသွားမယ်လို့ကြေငြာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က