4K ဗွီဒီယိုကင်မရာ ပါလာပါတယ်။

Sony Xperia XA series တွေဟာ ကင်မရာကောင်းတဲ့ ဖုန်းတွေအနေနဲ့ပွဲထုတ်တာ များပေမယ့် XA2 Plus ကတော့ ဖျော်ဖြေရေးသုံး ဖုန်းတစ်လုံးအဖြစ် ထူးထူးခြားခြား မိတ်ဆက်လိုက်တာပါ။

photo: 9to5google

 

Xperia XA2 Plus ဟာ နှစ်ဆန်းပိုင်းက မိတ်ဆက်သွားတဲ့ Sony Xperia XA2 နဲ့XA2 Ultra တို့ရဲ့ အဆက်ဖြစ်ပြီး မျက်နှာပြင်အရွယ်အစားအရ XA2 Ultra အတိုင်း ၆ လက်မဖုန်း ဖြစ်နေပါတယ်။ 18:9 ကိုယ်ထည်အချိုးအစားနဲ့လာလို့ဘေးဘောင်တွေ ပါးသွားသလို 1080p ရုပ်ထွက်မြင့် screen ဒီဇိုင်းကလည်း ဘေးနှစ်ဘက်ကို ကွေးညွတ်တဲ့ curved ဒီဇိုင်းဖြစ်နေပါတယ်။

ဒီဖုန်းကို reviewer အတော်များများကတော့ ၆ လက်မ XA2 Ultra နဲ့နှိုင်းပြောကြပါတယ်။ XA2 Plus ကတော့ Ultra မော်ဒယ်လို ဆယ်လ်ဖီမှာ dual camera မရှိသလို ကိုယ်ထည်ဒီဇိုင်းအချိုးအစားကလည်း Ultra ထက် ဘေးဘောင်ပိုပါးပြီး ရှည်သွယ်တဲ့ ဒီဇိုင်းနဲ့လာတာပါ။

နောက်ထပ်ထူးခြားတာက XA2 Plus ဟာ Sony ရဲ့ High-Resolution Audio နဲ့LDAC wireless audio နည်းပညာတွေကို သုံးသွားတာပါ။ ဒီနည်းပညာကြောင့် နားကြပ်သုံးထားတဲ့ အချိန်မှာရော ပုံမှန်အချိန်မှာပါ ရှင်းလင်းပြတ်သားတဲ့ အသံကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ Sony ရဲ့ အစဉ်အလာအတိုင်း ကင်မရာကောင်းပေမယ့် processor ကတော့ XA2 အတိုင်း mid-range chipset ဖြစ်တဲ့ 2.2GHz octa-core Snapdragon 630 SoC သုံးသွားတာပါ။

 

RAM/storage နေနဲ့မော်ဒယ် နှစ်မျိုး သုံးထားပြီး အနိမ့်ဆုံး RAM 3GB/32GB storage ကို ဝယ်မလား ၊ အမြင့် မော်ဒယ် RAM 6GB/64GB storage ကို ဝယ်မလား ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာ ရှေ့နဲ့နောက် တစ်လုံးစီ သုံးထားတယ်ဆိုပေမယ့် သာမန်မြင်နေကျ ကင်မရာတွေနဲ့လုံးဝကွဲပြားနေပါတယ်။

ကျောဘက်မှာ သုံးထားတဲ့ 23MP ကင်မရာဟာ 4K ဗွီဒီယိုတွေ ရိုက်ကူးနိုင်ပြီး slow-mo အနှေးရိုက်ချက်တွေမှာ 120fps နှုန်းအထိ ရိုက်နိုင်တာကတော့ mid-range မော်ဒယ်တစ်လုံးအနေနဲ့လက်ဖျားခါလောက်တယ်လို့ဆိုရမှာပါ။ MotionEye ကင်မရာ ဖြစ်တဲ့အတိုင်း ကင်မရာကို စိတ်ကြိုက် အမြန်ရိုက်ချက်တွေလည်း ကြည်လင်ပြတ်သွားနေမှာ ဖြစ်ပါတယ်။ ရှေ့ဘက်မှာ bokeh effect သုံးနိုင်တဲ့ 8MP မြင်ကွင်းကျယ် ကင်မရာစနစ် ပါလာပါတယ်။

ကျောဘက်မှာ fingerprint scanner တစ်ခု ပါရှိပြီး Android 8.0 Oreo နဲ့လာပါတယ်။ ဘက်ထရီပိုင်းမှာတော့ XA2 Ultra လို Quick Charge 3.0 support ပေးထားတဲ့ 3580 mAh ဘက်ထရီ ဖြစ်ပြီး USB Type-C ကနေ အားသွင်းရမှာပါ။

photo: Android Authority

 

XA2 Plus ဟာ အနက် ၊ ရွှေ ၊ အစိမ်း နဲ့ငွေရောင် ကာလာ ၄ မျိုးနဲ့ထွက်ထားပြီး ဈေးနှုန်းမသိရသေးပါဘူး။ XA2 Ultra တုုန်းက ဒေါ်လာ ၄၅၀ နဲ့ရောင်းချသွားတာ ဖြစ်လို့ဒီဖုန်းရဲ့ အနီးစပ်ဆုံး ဈေးနှုန်းကို ခန့်မှန်းနိုင်မှာပါ။

Share

Loading Next Article...
က္က