AD
AD
AD

နယ်ပယ်အသီးသီးမှ အောင်မြင်ကျော်ကြားနေသည့် Celebrities လူငယ် အမျိုးသမီးများမှ စိတ်ဓါတ်ခွန်အား မြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးဟောပြောပွဲတစ်ရပ်ဖြစ်တဲ့ 1st Celebrities Women's Empowerment Seminar 2017 ကို လာမယ့် စက်တင်ဘာလ ၃၀ ရက်ကနေ အောက်တိုဘာလ ၁ ရက်နေ့ အထိ သထုံမြို့ သုဝဏ္ဏဘူမိဟိုတယ်မှာ နှစ်ရက်တိုင် ကျင်းပပြုလုပ်သွားတော့မယ်လို့ သိရပါတယ်။

play

 

1st Celebrities Women's Empowerment Seminar 2017ပွဲမှာ အမျိုးသမီးများ သိသင့်တဲ့ ချစ်မှုရေးရာများ ၊ အိမ်ထောင်မှုဘဝ ကို ဖြတ်သန်းတည်ဆောက်ကြမလဲ ဆိုတဲ့ ခေါင်းစဉ်များ ၊ အလှတရားနဲ့ လုပ်ငန်းခွင် ဘဝကိုဘယ်လိုရွေးချယ်ကြမလဲဆိုတဲ့ ခေါင်းစဉ်များအပါအဝင် စိတ်ဝင်စားစရာကောင်းတဲ့ ဆွေးနွေးဟောပြောချက်များကို နားထောင်ရမှာ ဖြစ်ပါတယ်။

 

အောင်မြင်ထင်ရှားတဲ့ လူငယ်အမျိုးသမီးများရဲ့ အတွေ့အကြုံများမျှဝေ နားထောင်ရင်းနှင့် ဘ၀အောင်မြင်မှုအတွက် အခွင့်အလမ်းများစွာ ရရှိနိုင်မယ့် ဒီပွဲမှာ ဟောပြောပွဲများအပြင် ဆိုင်ခန်းပေါင်း ၂၅ ခန်းကျော်နဲ့ အမျိုးသမီး အသုံးအဆောင်များကို ပြသရောင်းချသွားမယ်လို့ လည်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD