လစဉ် ဖောက်သည်ပေါင်း ၁၀၀၀ ကျော်ကို ဝန်ဆောင်မှုပေးနေတာပါ

မြန်မာနိုင်ငံမှာ ပထမဆုံး နည်းပညာအခြေပြု အိမ်တွင်းဝန်ဆောင်မှု startup တစ်ခု ဖြစ်တဲ့ MyanAnts - မြန်အံ့ ဟာ ဝန်ဆောင်မှုသစ်များ ထပ်မံ မိတ်ဆက်လိုက်တယ်လို့ဆိုပါတယ်။



40093929_2154909221417938_1819634328846467072_n.jpg

Photo: MyanAnts-မြန်အံ့ Facebook

 

ဖုန်းနဲ့Facebook chatbox လို ဆိုရှယ်မီဒီယာတို့ကနေ Booking လုပ်ရပြီး အိမ်တွင်းဝန်ဆောင်မှုများ ရယူနိုင်မယ့် 'MyanAnts - မြန်အံ့' ဟာ လစဉ် ဖောက်သည်ပေါင်း ၁၀၀၀ ကျော်ကို ဝန်ဆောင်မှု ပေးနေတာပါ။

ကုမ္ပဏီသက်တမ်း ၉ လအတွင်း အချိန်ပိုင်း အိမ်အကူ ဝန်ဆောင်မှု ၊ အိမ်သုံး အီလက်ထရောနစ် ပစ္စည်း (အဲကွန်း ၊ အဝတ်လျှော်စက် ၊ ရေခဲသေတ္တာ) ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှု ၊ (လျှပ်စစ်မီး ၊ ရေပိုက်) ပြင်ဆင်ခြင်း ဝန်ဆောင်မှု ၊ သန့်ရှင်းရေး အထူးဝန်ဆောင်မှုတို့အပြင် တိုက်ခန်းဆေးသုတ်ခြင်း နဲ့ကြွေပြားကပ်ခြင်း ဝန်ဆောင်မှုများပါ တိုးချဲ့လိုက်တာ ဖြစ်ပါတယ်။

လက်ရှိမှာ 'MyanAnts - မြန်အံ့' ရဲ့ ဝန်ဆောင်မှုများကို အွန်လိုင်းမှာ Facebook chatbox နဲ့ဖုန်းဆက်ပြီး booking မှာယူနိုင်တဲ့အပြင် Google Form ကနေလည်း Booking ရယူနိုင်မယ်လို့ဆိုပါတယ်။ နောက်ပိုင်းမှာ Application အဖြစ် ထုတ်သွားဖို့ရှိပြီး ဝန်ဆောင်မှုကဏ္ဍအားလုံးကို automate ဖြစ်အောင် လုပ်ဆောင်သွားဖို့ရည်မှန်းထားတယ်လို့လည်း 'MyanAnts - မြန်အံ့'တည်ထောင်သူ ကိုအောင်ပိုင်က ပြောပါတယ်။

MyanAnts- မြန်အံ့ တည်ထောင်သူ ကိုအောင်ပိုင် (Aung Paing @ Collin)

 

'MyanAnts - မြန်အံ့' ရဲ့ ဝန်ဆောင်မှုများထဲမှာ အိမ်တွင်း သန့်ရှင်းရေးမျိုးစုံအတွက် သီးသန့်အိမ်အကူဝန်ဆောင်မှုဟာ လူကြိုက်အများဆုံး ဖြစ်တယ်လို့ဆိုပါတယ်။ အိမ်တွင်း ဝန်ဆောင်မှုများအတွက် MyanAnts - မြန်အံ့ ဟာလုပ်ငန်းပေါင်း ၂၀ကနေ ၃၀ ကြားနဲ့လက်တွဲ လုပ်ကိုင်နေပြီး ဝန်ထမ်းဦးရေ ရာနဲ့ချီ ရှိထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က