အစီအစဉ် ၄ မျိုးနဲ့လာမှာပါ

နိုင်ငံနေရာအနှံ့အပြားမှ လူငယ်များ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု မြင့်တက်လာစေဖို့ရည်ရွယ်ပြီး "ဖန်တီးရာ" နည်းပညာဆုံရပ်မှ နည်းပညာအစီအစဉ် ၄ မျိုးကို တစ်နိုင်ငံလုံးဆီ ဖြန့်ကျက်သွားမယ်လို့ဆိုပါတယ်။



tzh_phandeeyar2.jpg

Photo: Frontier Myanmar

 

ရွေ့လျားနေသော နည်းပညာအစီအစဉ်များ(Moving Innovation Lab) နာမည်နဲ့၈ ရက်ကြာမြင့်မယ့် ပရိုဂရမ် ၄ မျိုးကို ၆ လကြာ ဖော်ဆောင်သွားမယ်လို့ဆိုပါတယ်။

ဖန်တီးရာရဲ့ ရွေ့လျားနည်းပညာအစီအစဉ် ဖြစ်တဲ့ Innovation Bus မှာ လက်တွေ့workshop များ ၊ 3D ပရင့်တာ သုံးစွဲခြင်း စတဲ့ စက်ပစ္စည်းများ သုံးစွဲခြင်းတွေ သင်ကြားပြသပေးမယ့် Makerspace အစီအစဉ် ၊ ဒေသတစ်ခုချင်းစီမှ လူငယ်များရဲ့ အိုင်ဒီယာကနေ စီးပွားရေး အကြံဉာဏ်ပြိုင်ပွဲတွေ ဖြစ်တဲ့ local Startup Challenge အစီအစဉ် များ ပါဝင်မှာပါ။

ဒါ့အပြင် ဒစ်ဂျစ်တယ် လုံခြုံရေး workshop အစီအစဉ်များ နဲ့အချိန်တိုအတွင်း ပေးထားတဲ့ အခက်အခဲများကို နည်းပညာနဲ့ဖြေရှင်းရတဲ့ လူမှုအကျိုးပြု နည်းပညာ Hackathon စတဲ့ အစီအစဉ်လည်း ထည့်သွင်းထားတယ်လို့ဆိုပါတယ်။

ယခင်က ရန်ကုန်မြို့မှာပဲ အခြေပြုပြီး နည်းပညာအစီအစဉ်များ ဖော်ဆောင်နေတဲ့ "ဖန်တီးရာ" အဖွဲ့အစည်းဟာ တစ်နိုင်ငံလုံးက လူငယ်များပါ ထိတွေ့နိုင်စေဖို့နယ်မြို့တွေမှာလည်း startup ရပ်ဝန်းတွေ တည်ဆောက်အကူအညီပေးသွားမယ်လို့ဆိုပါတယ်။

Innovation Bus ရဲ့ ပထမဆုံး အစီအစဉ်ကို ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) မှာ အောက်တိုဘာ ၉ ရက်ကနေ ၁၆ ရက်အထိ စတင် သွားရောက်မှာပါ။ ဒီဇင်ဘာနဲ့ဇန်နဝါရီလတွေမှာတော့ မော်လမြိုင် ၊ လားရှိုးစတဲ့ မြို့များကို သွားရောက်မယ်လို့ဆိုပါတယ်။

Photo: phandeeyar

 

ဒီအစီအစဉ်အတွက် ပါဝင်လိုသူများဟာ "ဖန်တီးရာ" ရဲ့ Facebook စာမျက်နှာကနေလည်း စာရင်းပေးသွင်းနိုင်မယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က