ပြီးခဲ့တဲ့ ရက်ပိုင်းက New Gens ဆိုတဲ့ Feature ကို ထည့်သွင်းခဲ့တာပါ။

White Merak ဆိုတာ Online ကနေ Myanmar Comics တွေ ကို အလွယ်တကူ ဖတ်ရှု့နိုင်တဲ့ Mobile App တစ်ခုပါ။ White Merak က ထုတ်တဲ့ WM Mobile App မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက New Gens ဆိုတဲ့ Feature ကို ထည့်သွင်းခဲ့တာပါ။

New Gens ဆိုတာ Feature Artist တွေ အများအပြားထွက်ရှိလာစေရန် စီစဉ်ပေးတဲ့ App ရဲ့  Feature တစ်ခုပါ။ ဒီ Feature မှာ မိမိ Comics တွေကို ကိုယ်တိုင် လွတ်လပ်စွာ တင်လို့ရအောင် ပြုလုပ်ထားတာ ဖြစ်ပြီး ဖတ်ရှု့သူအရေအတွက် အတိုင်း View Rate တက်နေမှာ ဖြစ်ပါတယ်။ View Rate အပြင် Voting System ကိုလည်း ထည့်သွင်းထားတာကြောင့် အနည်းဆုံး View Rate 1000 နှင့် Voting 500   ရှိလာတာနဲ့ Feature Artist တစ်ယောက်ဖြစ်လာမှာပါ။ စိတ်ဝင်စားတဲ့ Artist တွေဟာ မိမိ ကိုယ်တိုင်ဆွဲထားတဲ့ တစ်ခန်းရပ်ဇာတ်လမ်း (သို့) စီးရီး ဇာတ်လမ်းရှည် ကို New Gens မှာ တင်နိုင်ပြီး Feature Artist တစ်ယောက်အဖြစ်အရွေးခံရမှာပါ။

မိမိ လက်နဲ့ ဆွဲထားသော ပုံကို ဓါတ်ပုံရိုက်ပြီးသော်လည်းကောင်း၊ Digitally ဆွဲထားတာကို scan ဖတ်ပြီးတာပဲ ဖြစ်ဖြစ် ပေးပို့ နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

 

 

Feature Artist တစ်ယောက်ဖြစ်လာပြီဆိုရင် ပရိတ်သတ်အားပေးမှု့များရလာပြီ ကိုယ်ပိုင် artist တစ်ယောက်အဖြစ် ရပ်တည်နိုင်လာမှာ ဖြစ်ပြီး ဒီ Feature အသစ်ထည့်တာနဲ့ ပတ်သတ်ပြီး White Merak Comics Studio က CTO ဖြစ်တဲ့ ကိုနေဦးလင်းက “N ew Gens ရဲ့ရည်ရွယ်ချက်က ရွက်ပုုုန်းသီး Comic Artists အငယ်တွေများများပေါ်ထွက်လာဖိုု့ပါ... ပြီးတော့ Talented Artists တွေအနေနဲ့ Professional Career တစ်ခုုအနေနဲ့ ရပ်တည်နိုုင်အောင်ပါ... ဇာတ်လမ်းကောင်းပြီး Drawing Quality လိုုနေတဲ့သူတွေကိုု WM ကနေရွေးပြီး အနီးကပ် Training ပေးအုံုးမှာပါ” လို့ Duwun ကိုပြောကြားခဲ့ပါတယ်။

 

White Merak Comics Sudio  ဆိုတာ လူသိများထင်ရှားတဲ့ ကာတွန်းဆရာတွေ၊ သွက်လက်တက်ကြွ တီထွင်ဆန်းသစ်တဲ့ လူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့ White Merak ရဲ့ comics တွေကို English လိုရော မြန်မာလိုပါ ဖတ်ရှုလို့ရတဲ့ Mobile Application တစ်ခုဖြစ်ပြီး လက်ရှိမှာ အသုံးပြု ဖတ်ရှု့သူ အရေအတွက် ၁ သိန်းကျော် နေပြီ ဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က