Booking ပြုလုပ်သည့် အရေအတွက် ပေါင်း ၁၀၀၀ ကျော်ရှိခဲ့ပြီးထပ်မံထည့်ထားသည့် Categories အသစ်တွေ ကတော့

တစ်နှစ်တာ အတွင်း App သုံးစွဲသူ ၂၀၀ ကျော်ရှိနေပြီဖြစ်တဲ့ Flexible Pass ဟာ နောက်ထပ် Categories အသစ်တွေပါဝင်တော့မည့် အကြောင်းကို မတ်လ ၂၉ ရက်နေ့က ကျင်းပ တဲ့ ၁ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ ပြောကြားခဲ့တာပါ။

Flexible Pass Mobile App ကို အသုံးပြုပြီး ရန်ကုန်မြို့ ရှိ Gyms/Fitness Center, Hotels ၅၀ ကျော်တွင် Gym အသုံးပြုခြင်း၊ Zumba အက၊ Yoga စသည့် Fitness Class ပေါင်း ၁၀၀ ကျော် တက်ရောက်ခြင်း၊ရေကူးခြင်း၊ လက်ဝှေ့ထိုးခြင်း၊ Indoor Skydiviing နှင့် Rock Climbing တို့ကို ပြုလုပ်နိုင်တဲ့ App တစ်ခုပါ။

 

ဒီ App ဟာ ကိုယ်နဲ့ နီးစပ်တဲ့ GYM/Fitness (သို့) Categories တစ်ခုခု ကို အချိန်အခါ နေရာမရွေး booking တင်နိုင်ပြီး လွယ်ကူအဆင်ပြေအောင် သုံးစွဲနိုင်အောင် iPhone App နှင့် Andriod App တွေဖြစ်ပါတယ်။ တစ်နှစ်အတွင်း Booking ပြုလုပ်သည့် အရေအတွက် ပေါင်း ၁၀၀၀ ကျော်ရှိခဲ့ပြီးထပ်မံထည့်ထားသည့် Categories အသစ်တွေ ကတော့ Ice Skating, Laser Tag Arena , Horse Riding နဲ့ Paintball တို့ဖြစ်တယ်လို့ သိရပါတယ်။

 

ထို့အပြင် ဖူဆယ် ဘောလုံး နဲ့ မြန်မာမိန်းကလေးတွေအတွက် ဗဟုသုတနဲ့ ကိုယ်ခံပညာသင်ကြားပေးတဲ့ Myanmar Woman Self Defense Center ကိုလဲ ချိတ်ဆက်ကာ အသုံးပြုနိုင်တော့မှာပါ။ ဒီ အသစ်ထပ်တိုးလိုက်တဲ့ Categories တွေကို ယခုနှစ် ဧပြီလ နောက်ဆုံးထားပြီး အသုံးပြုနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

 

Flexible Pass ဟာ Myanmar Rice Bowl Startup Awards မှ ချီးမြှင့်သော Startup of the Year 2017 နှင့် Best Healthy Lifestyle Tech Startup 2017 ဆုတို့ကို ရရှိထားတာဖြစ်ပြီး အာဆီယံ ၁၀ နိုင်ငံ မှ ဝင်ပြိုင်သည့် ASEAN Rice Bowl Awards ပြိုင်ပွဲ ကိုလည်း မြန်မာနိုင်ငံ ကိုယ်စားပြုကာ မလေးရှာနိုင်ငံ ကွာလာလမ်ပူမြို့ကို ဝင်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က