Bindez ဟုကြားလိုက်သည်နှင့် တပြိုင်နက် သတင်းများစုစည်းထားသော Thadin App ကို ပြေးမြင်မိမှာ အမှန်ပင်။ ယခု Bindez Insight ဆိုပြီး Bindez ရဲ့ ဒုတိယမြောက်ဆော့ဝဲလ် လာတော့မှာပါ။

Bindez ဟုကြားလိုက်သည်နှင့် တပြိုင်နက် သတင်းများစုစည်းထားသော Thadin App ကို ပြေးမြင်မိမှာ အမှန်ပင်။ ယခု Bindez Insight ဆိုပြီး Bindez ရဲ့ ဒုတိယမြောက်ဆော့ဝဲလ် လာတော့မှာပါ။


 

Bindez Insights ဟာ အဖွဲ့အစည်းတွေရဲ့ လိုအပ်ချက်၊ အွန်လိုင်းပေါ်က စားသုံးသူတွေရဲ့ သဘောထားအမှန်ကို အချိန်နှင့် တပြေးညီ ဖော်ပြနိုင်ရန် Social Media နှင့် Digital အချက်အလက်များ ကို စုစည်းပေးနိုင်ရန် ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ထို့အပြင် ဈေးကွက် ရှာဖွေရေးအဖွဲ့ နှင့် agencies များကို Campaign များရဲ့ အကျိုးသက်ရောက်မှု့ နားလည်ဖို့ ထုတ်ကုန် စွမ်းရည် တိုင်းတာရေး အပြင် Bindez Insight ကိုု အသုံးပြုပြီး ပဋိပက္ခများကိုစောင့်ကြည့်လေ့လာနိုင်မှာဖြစ်ပြီး ဖြေရှင်းဖို့နည်းလမ်းများကိုရှာဖွေနိုင်မယ်လို့ ဆိုပါတယ်။ အစိုးရဲ့အဖွဲ့တွေကိုလည်းမူဝါဒပိုင်းဆိုင်ရာတွင်ပြည်သူတွေရဲ့လက်ခံနိုင်မှုသဘောထား၊ပြည်သူ

များနှင့်သက်ဆိုင်သောအစီအစဉ်များ(သို့မဟုတ်)သဘာဝဘေးကာကွယ်ရေးအစီအစဉ်တွေရဲ့အကျိုးသက်ရောက်မှုများကိုsocial mediaမှတဆင့်ပြည်သူတွေရဲ့အသံကိုနားထောင်ပြီးအကဲဖြတ်နိုင် မယ်လို့လဲ ဆိုပါတယ်။

 

“Bindez Insightsရဲ့အဓိကအားသာချက်ကတော့အွန်လိုင်းမီဒီယာပေါ်ကမြန်မာဘာသာနဲ့ရေးသားတဲ့social mediaပေါ်ကဘယ်Dataကိုမဆို(Unicodeနှင့်ရေးသည်ဖြစ်စေ၊Zawgyiနှင့်ရေးသည်ဖြစ်စေ)စိတ်ခံစားမှုနဲ့အမြင်တွေကိုခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။ Bindez Insightကဒီစနစ်အတွက်Machine Learning နည်းပညာကိုအခြေခံပြီးတည်ဆောက်ထားတာဖြစ်ပါတယ်။  ဒီစနစ်မှာဆိုရင် လူတွေရဲ့ခံစားမှုနဲ့အမြင်ကိုဖော်ပြတဲ့မြန်မာစကားလုံးတွေကိုရှာဖွေစုဆောင်းပြီးsentiment analysis algorithmတစ်ခုရေးထားတာဖြစ်ပါတယ်။ နယ်ပယ်ပေါ်မူတည်ပြီး (၇၀) ရာခိုင်နှုန်းကနေ(၉၀) ရာခိုင်နှုန်းအထိတိကျသေချာမှုရှိတဲ့Bindezဟာမြန်မာဘာသာစကားကိုအထောက်အပံ့ပေးတဲ့တစ်ခုတည်းသောsocial analytic tool ဖြစ်ပါတယ်။” ဟုBindez က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

 

BINDEZ Company ရဲ့  ပူးတွဲတည်ထောင်ခဲ့သော ကိုရဲဝင့်ကိုနှင့် ကိုထက်ဝေ တို့ဟာ Forbes Magazines ၏ ၂၀၁၆ ခုနှစ်အတွက် အာရှနိုင်ငံများ၏ နယ်ပယ်ပေါင်း (၁၀)ခုကျော်မှ ဦးဆောင်နေသူ အသက်၃၀နှစ်အောက် လူငယ် (၃၀၀) ကျော်တို့အနက်တွင် မြန်မာနိုင်ငံမှ ပါဝင်ခဲ့သူ နှစ်ဦးလည်းဖြစ်သည်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က