ဆု(၂)ခု ကို အနိုင်ရခဲ့တာပါ။

စင်ကာပူနိုင်ငံတွင် e27  မှ ဦးဆောင်ပြုလုပ်သော Echelon Asia Summit 2018 တွင် မြန်မာနိုင်ငံအခြေပြု Kargo Company မှ ထူးချွန်ဆု(၂)ဆု ချီးမြှင့်ခံခဲ့ရကြောင်း သိရသည်။



 

ဇွန်လ ၂၈ ရက်နှင့် ၂၉ ရက်နေ့တို့တွင် နှစ်ရက်တိုင်တိုင် ပြုလုပ်ကျင်းပခဲ့သော Echelon Asia Summit 2018 တွင် မြန်မာနိုင်ငံမှ Kargo ကလည်း TOP 100 Fight Club ရဲ့ ယှဉ်ပြိုင်မှုများပါဝင်ခဲ့ကြောင်းသိရသည်။ TOP 100 ဆိုတာ အာရှနိုင်ငံများရဲ့ နည်းပညာအခြေပြုလုပ်ငန်းများအတွက် ရင်းနှီးမြှပ်နှံမှုများ၊ အရည်အချင်း မြှင့်တင်ပေးခြင်းများ နှင့် အဆက်အသွယ်ကောင်းများ ရရှိစေရန်အတွက် e27 မှ ကြီးမှူးပြုလုပ်သည့် အစီအစဉ်တစ်ခု ဖြစ်သည်။

 

Echelon Asia Summit 2018 ၏ TOP 100 Fight Club ယှဉ်ပြိုင်မှုတွင် နိုင်ငံပေါင်း ၂၀ ကျော်က ပါဝင်ခဲ့ကြရာ ထိပ်ဆုံး စာရင်းဝင် ကုမ္ပဏီ(၁၀)ခု ထဲတွင် Kargo ကလည်း ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ ထို့အပြင် TOP 100 APAC 2018 Fight Club တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော လုပ်ငန်းပေါင်း ၁၅၀ ထဲမှ Kargo က "Best Startup in its sector - Logistic and Supply Chain" နှင့် "Runner Up to the entrie event" ဆု(၂)ခု ကို အနိုင်ရခဲ့ပါသည်။

 

ထောက်ပံ့ပို့ဆောင်ရေး ကဏ္ဍတွင် ကုန်တင်ကားဌားရမ်းခြင်းလုပ်ငန်းအတွက် ပုံးကား (Box Truck) ၊ pickups ကား၊ ကုန်တင်ကားကြီးများနဲ့ ချိတ်ဆက်လုပ်ဆောင်နေတဲ့ Kargo က ဒုတိယဆုကို ရရှိခဲ့သည်။ ပထမဆုကိုတော့ စင်ကာပူနိုင်ငံအခြေပြု ကုမ္ပဏီတစ်ခုဖြစ်သော TreeDots က ရရှိခဲ့တာဖြစ်ပြီး အွန်လိုင်း ဈေးဆိုင်တစ်ခုဖြစ်ပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးခြင်း နှင့် အစားအစာများ လေလွင့် ဆုံးရှုံးခြင်း ပြသာနာကို ဖြေရှင်းဆောင်ရွက်နေသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ ဆုရရှိသူများက SGD 50000 (USD 37000) ပမာဏရှိတဲ့ ဆုငွေကို ရရှိမှာ ဖြစ်ပြီး SLINGSHOT@SWITCH ပြိုင်ပွဲကို တိုက်ရိုက် ပါဝင်ခွင့်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

ဆုများရရှိမှုအပေါ် Kargo ရဲ့ CEO ဖြစ်သူ Alex Wicks က "'ဒီပွဲကတော့ တကယ်ကို အားမန်အပြည့်ဖြစ်ခဲ့ပါတယ်။ တကယ်ကို အကျိုးရှိပြီး အရည်အချင်းရှိတဲ့ Startups တွေ၊ ရင်နှီးမြှပ်နှံသူ(Inverstors) တွေနဲ့ စကားတွေ ပြောခဲ့ရတယ်။ အာရှမှာရှိတဲ့ အကောင်းဆုံး Startup 150 တွေထဲမှာ ရွေးချယ်ခံရတဲ့ အတွက်လဲ တကယ်ကိုစိတ်လှုပ်ရှားဖြစ်ရပါတယ်။ ကျနော်တို့အနေနဲ့ မြန်မာကိုယ်စားပြုဖြစ်တဲ့အပြင် ကျနော်တို့အနေနဲ့ အခြား Startups တွေဖြစ်တဲ့ "Kone Si" (ကုန်စည်) နဲ့ "Zigway" တို့နဲ့ အတူ မြန်မာကိုယ်စားပြု ပါဝင်ခွင့်ရလို့ အလွန်ပဲ ဂုဏ်ယူမိတယ်" လို့ဆိုပါတယ်။

 

Kargo ဟာ မြန်မာနိုင်ငံရဲ့ ကုန်ပစ္စည်း ပို့ဆောင်ရေး ဝန်ဆောင်မှုဈေးကွက်တွင် ကုန်တင်ကားများ အလွယ်တကူဌားရမ်းနိုင်ရန် ဝန်ဆောင်မှုကပေးနေတဲ့ ကုမ္ပဏီတစ်ခုပါ။ Kargo ကို စက်တင်ဘာ ၂၀၁၆ က စတင်ခဲ့တာဖြစ်ပြီး လက်ရှိ Kargo ကို အသုံးပြုသူ (၈) ထောင်နီးပါးရှိနေပြီ ဖြစ်သည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က