၂၀၁၉ ခုနှစ်မှာ ချဲ့ထွင်သွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော Fitness Application တစ်ခုဖြစ်သည့် Flexible Pass ကုမ္ပဏီ ဟာ သူတို့ရဲ့ ကနဦး ရင်းနှီးမြှုပ်နှံမှု ကို ရယူပြီး မြို့အသစ်များနှင့် ဈေးကွက်သစ်များ ချဲ့ထွင်သွားမယ်လို့ သိရပါသည်။

Photo: Flexible Pass

 

Flexible Pass ဟာ အောက်တိုဘာ ၁၆ ရက်နေ့က ရင်းနှီးမြှုပ်နှံသူ (၃) ဦးစီမှ ကနဦးရင်းနှီးမြှုပ်နှံမှုများနှင့် တကွ သူတို့ရဲ့ အနာဂိတ်အစီအစဉ်တွေ ကို ကြေငြာလိုက်ပါတယ်။ လက်ရှိ Flexible Pass ဟာ ရန်ကုန် Fitness ဈေးကွက်တွင် သာ လုပ်ဆောင်လျက်ရှိပြီး ရရှိခဲပသော ရင်းနှီးမြှုပ်နှံမှုကို အသုံးပြုကာ အခြား ဈေးကွက်များဖြစ်သော Beauty and Lifestyle နှင့် အခြားမြို့တစ်ခုဖြစ်တဲ့ မန္တလေး မြို့များကို ၂၀၁၉ ခုနှစ်မှာ ချဲ့ထွင်သွားမယ်လို့ သိရပါတယ်။

“Flexible Pass က ဈေးကွက်တွင်း ဝင်ရောက်မှုတွင် ကနဦးအားသာချက် နှင့် ဈေးကွက် အတွင်း မတူထူးခြားစွာ ရပ်တည်မှုကြောင့် အချိန်တိုတို အတွင်းမှာ အောင်မြင်မှုရရှိလာတာပါ။ ရင်းနှီးမြှုပ်နှံသူများရဲ့ ထောက်ပံ့မှု နှင့် ယုံကြည်မှုတွေ ကြောင့် အထူးကျေးဇူးတင်ရှိပြီး ၂၀၁၉ အတွင်း ရှေ့ဆက်သွားရမယ့် ခရီးအတွက် လွန်စွာ စိတ်လှုပ်ရှားမိပါတယ်” လို့ Flexible Pass ရဲ့ Founder & CEO ဖြစ်သူ ကို Sully Bholat က Duwun Tech ကိုပြောပါတယ်။

Flexible Pass ဟာ Myanmar Rice Bowl Startup Awards မှ ချီးမြှင့်တဲ့ Startup Of The Year 2017 နှင့် Best Healthy Lifestyle Tech Startup 2017 နှင့် 2018 ဆုတို့ကို ၂ နှစ်ဆက်တိုက် ရရှိခဲ့ပါသေးတယ်။

 

Seed Myanmar ရဲ့ Venture Advisor ဖြစ်သူ ကိုရဲမြတ်မင်းက “ ကျွန်တော်တို့ဟာ Flexble Pass ရဲ့ founding team ကို ယခုလိုconsumer tech business ကို တည်ထောင်ဖို့ ပံ့ပိုးကူညီခွင့်ရတဲ့အတွက် အထုူးပင်စိတ်လှုပ်ရှားမိပါတယ်။ Flexible Pass ဟာ သုံးစွဲသူတိုင်းကို mobile phone များမှတစ်ဆင့် lifestyle activity များစွာကို အလွယ်တကူ အသုံးပြုလို့ရအောင် ဆောင်ရွက်ပေးနေပါတယ်။ ကျွန်တော်တို့ က Flexible Pass ရဲ့ အနာဂတ်စိတ်ကူးကို ယုံကြည်ပြီး အကောင်အထည်ဖော်ဖို့ ပံပိုးခွင့်ရတဲ့အတွက် အလွန်အမင်းဝမ်းမြောက်မိပါတယ်” လို့ပြောကြားခဲ့ပါတယ်။

 

ထပ်မံပြီး နောက်ထပ် Yangon Capital Partners မှ Managing Director နှင့် CEO ဖြစ်သူ Mr.Shinsuke Goto က “Flexible Pass က အနာဂတ်မှာ ကျန်းမာရေးနှင့် ကြံခိုင်မှုဆိုင်ရာ မှာတင်မဟုတ်ပဲ အခြား lifestyle activity တွေမှာပါ အသုံးပြုနိုင်တဲ့ convenient platform တစ်ခုဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ဟာ Flexible Pass ကို ရင်းနှီး မြှုပ်နှံပြီး နောက်တစ်ဆင့်ကို တက်လမ်းနိုင်ဖို့အတွက် ပံပိုးခွင့်ရတဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်” လို့ပြောကြားခဲ့ပါသေးတယ်။

Photo: Flexible Pass

 

Nest Tech ၏ Founder and Managing Director ဖြစ်သူ Ko Soe Moe Kyaw Oo က “Nest Tech ဟာခုလို Flexible Pass team ကို ပံံ့ပိုးကူညီခွင့်ရတဲ့အတွက် အထူးဂုဏ်ယူမိပါတယ်။ Flexible Pass က လက်ရှိ traditional health and fitness industry ကို ပြောင်းလဲစေခဲ့ပြီး ဒေသတွင်းမှာ အောင်မြင်သော start up တစ်ခုဖြစ်လာဖို့ အလားအလာရှိပါတယ်။ ကျွန်တော်တို့ဟာ ဒီတိုးတက်မှုနဲ့ အောင်မြင်မှုမှာပါဝင်ခွင့်ရဖို့အတွက် စိတ်လှုပ်ရှားမိပါတယ်” လို့ပြောကြားခဲ့ပါတယ်။

လက်ရှိ Flexible Pass Application မှ တစ်ဆင့် Gyms/Fitness Center, Hotels ၈၀ ကျော်တွင် Gym အသုံးပြုခြင်း၊  Zumba အက၊ Yoga စသည့် Fitness Class ပေါင်း ၁၀၀ ကျော်တွင် ဝင်ရောက်ကစားနိုင်ခြင်း၊ ရေကူးခြင်း၊ လက်ဝှေ့ထိုးခြင်း၊ Indoor Skydiving နှင့် Rock Climbing တို့ အစရှိသည့် Fitness Activity စုစုပေါင်း (၁၉) မျိုးကို ပြုလုပ်နိုင်တဲ့ App တစ်ခုဖြစ်သည်။

 

Share

Loading Next Article...
က္က