ရန်ကုုန်မြို့ အနှံ့  နေရာ (၄၀) ကျော် ရှိ Gym/Fitness Center များ အား Mobile application မှ အသုံးပြုနိုုင်မည့် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Fitness Pass တစ်ခု ဖြစ်သည်။ 

“November 26 ရက်နေ့က ထွက်ရှိခဲ့သော Version အသစ်တွင် Flexible Pass ရဲက Partner Gym/Fitness Center တစ်ခုုချင်းစီရဲ့  ဓါတ်ပုံများကို Category အလိုက်ကြည့်ရှု့ နိုုင်ခြင်း၊ မိမိ Gym သွားကစားခါနီး သတိပေး စာများ ပို့ပေးခြင်း၊ ဘယ်နှစ်နာရီ တွင် Remind လုပ်ပေးရန် သတ်မှတ်နိုုင်ခြင်း တို့ ပြုလုုပ်နိုုင်ပြီ ဖြစ်ကြောင်း “ Founder & CEO ဖြစ်သူ ကိုထက်အောင်လတ် က ပြောပါတယ်။

 


ယခင် version တွင် MPU, Visa, Master နှင့် Convenience Store များတွင် Code များဖြင့် ဝယ်ယူပေးချေခဲ့ပြီး  New Version မှာ Payment Option အသစ်အဖြစ် Wave Money ဖြင့် ပေးချေနိုုင်တဲ့ အတွက် wave money account ရှိသူများအဖို့ ပိုမိုလွယ်ကူလာစေမယ်လို့ သိရပါတယ်။ See also

Flexible Pass ဟာ Startup လုပ်ငန်းတစ်ခု ဖြစ်ပြီး Gym ကစားခြင်း၊ Fitness အတန်းများ ဖြစ်တဲ့ Yoga, Boxing နှင့် အခြား အတန်း (၈၀) ကျော် အပြင် ၊ ရေကူးခြင်း၊ Rock Climbing နှင့် Indoor Skydiving တို့ ပြုလုုပ်နိုုင်သော Mobile App တစ်ခုလဲ ဖြစ်သည်။

 

Share

Loading Next Article...
က္က