မြန်မာနိုင်ငံ က Chate Sat Freelance ရဲ့ Co-Founder နှစ်ဦးဖြစ်တဲ့ မဟန်နီမြဝင်း နဲ့ မ ရွှေရည်မြဝင်း တို့က ရွေးချယ်ခံရတာပါ။

ကမ္ဘာ့ နာမည်ကြီး Magazine တစ်ခုဖြစ်တဲ့ Forbes ဟာ ၂၀၁၈ အတွက် အာရှတွင်းမှာရှိတဲ့ အထူးချွန်ဆုံး အယောက် ၃၀ စာရင်းကို ထုတ်ပြန်လိုက်ပြန်ပါပြီ။ ဒီ 30 Under 30 Asia List ဟာ ၂၀၁၁ ကတည်းက စတင်ခဲ့တာဖြစ်ပြီး Asia, Europe နဲ့ Africa တို့မှာရှိတဲ့ နည်းပညာ၊ ဖျော်ဖြေရေး၊ မီဒီယာ၊ အနုပညာ၊ ငွေကြေး၊ စွန့်ဦးတီထွင်၊ ကျန်းမာရေး အစရှိတဲ့ နယ်ပယ်များထဲက လူပေါင်း ၆၀၀ နီးပါးထဲမှ အယောက် ၃၀ ကို အဆင့် ဆင့် ရွေးချယ်လေ့ ရှိပါတယ်။

 

ယခု ၂၀၁၈ အတွက် မြန်မာနိုင်ငံ က Chate Sat Freelance ရဲ့ Co-Founder နှစ်ဦးဖြစ်တဲ့ မဟန်နီမြဝင်း နဲ့ မ ရွှေရည်မြဝင်း တို့က ရွေးချယ်ခံရတာပါ။ Chate Sat (ချိတ်ဆက်) လို့ခေါ်တဲ့ အချိန်ပိုင်း (Freelancer) များ ရရှိနိုင်တဲ့ Website Platform ဟာ ၂၀၁၆ စတင်ဘာက ပြုလုပ်ခဲ့တဲ့ Phandeeyar ရဲ့ Accelerator Program မှာ ထွက်ပေါ်ခဲ့တဲ့ Startup တစ်ခုပါ။ ချိတ်ဆက် ဟာ အချိန်ပိုင်းအလုပ်အပ် မ ဲ့ လုပ်ငန်းရှင် တွေ နဲ့ အချိန်ပိုင်း အလုပ်လုပ်ချင်တဲ့ သူတွေ ကို ဆုံစည်းပေးတဲ့ နေရာဆိုလဲ မမှားပါဘူး။

လက်ရှိ လုပ်ငန်းရှင်ပေါင်း ၁၁၇၆ ခု ရှိပြီး Freelancer လို့ခေါ်တဲ့ အလုပ်လုပ်ချင်တဲ့ အရေအတွက်ဟာ ၇၇၂၉ ကျော် ရှိနေတယ်လို့ ပြီးခဲ့တဲ့ လတွေက သိရပါတယ်။ ချိတ်ဆက် ဝက်ဆိုဒ်ဟာ   Freelance Project ပေါင်း (600) ကျော် ရှိနေပြီလို့ ဆိုပါတယ်။

 

ဒီလို လုပ်ငန်းမျိုးကို လုပ်နေတဲ့ မဟန်နီမြဝင်း နဲ့ မရွှေရည်မြဝင်းတို့ကို Forbes ရဲ့ အသက် ၃၀ အောက် လူငယ်များ အဖြစ်ရွေးချယ်ခံရခြင်းအတွက် Duwun Tech မှ ဂုဏ်ယူပါကြောင်း ရေးသားတင်ဆက်လိုက်ရပါတယ်။

 

Share

Loading Next Article...
က္က