ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ အနေနဲ့ Grab App အတွင်းမှာ ရှိတဲ့ Business Rides ကိုရွေးချယ်ပြီး စီးပွားရေးလုပ်ငန်းစု အနေနဲ့ ဌားရမ်း စီးနင်းနိုင်မှာ ဖြစ်ပြီး လုပ်ငန်းရှင်တွေကလဲ ဝန်ထမ်းတွေ သွားလာခဲ့တဲ့ လမ်းကြောင်းတွေကို ပြန်လည်ကြည့်ရှု့တာတွေ စီမံခန့်ခွဲ နိုင်ဖို့

လုပ်ငန်းဆောင်တာ ကိစ္စရပ်များအတွက် မြို့တွင်းခရီးစဉ် သွားလာခြင်းကို ရိုးရှင်းတဲ့နည်းလမ်းနဲ့ စီးနင်းလို့ရမည့် Grab for Business ကို ဖေဖော်ဝါရီ ၆ ရက်နေ့က မိတ်ဆက်လိုက်တာဖြစ်ပါတယ်။ Grab for Business ဟာ လုပ်ငန်းဆိုင်ရာ ခရီးစဉ်တွေ ကုန်ကျစရိတ်နည်းနည်း ဖြစ်အောင်စီစဉ်ထားတာဖြစ်ပြီး စာရွက်စာတမ်းစက္ကူကိုင်ဆောင် မှု့တွေ လျော့ချနိုင်တယ်လို့ ပြောပါတယ်။ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ အနေနဲ့ Grab App အတွင်းမှာ ရှိတဲ့ Business Rides ကိုရွေးချယ်ပြီး စီးပွားရေးလုပ်ငန်းစု အနေနဲ့ ဌားရမ်း စီးနင်းနိုင်မှာ ဖြစ်ပြီး လုပ်ငန်းရှင်တွေကလဲ ဝန်ထမ်းတွေ သွားလာခဲ့တဲ့ လမ်းကြောင်းတွေကို ပြန်လည်ကြည့်ရှု့တာတွေ စီမံခန့်ခွဲ နိုင်ဖို့ စုစည်းပေးထားတယ်လို့ပြောပါတယ်။ အသုံးစရိတ်တွေ စီမံခန့်ခွဲရတာ လွယ်ကူလာမှာ ဖြစ်သလို ကုန်ကျငွေတွေကိုလဲ ငွေပေးချေနည်းမျိုးစုံနဲ့ ပြန်လည်ပေးချေနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

 

ဒီ စနစ်ကို ဖောဖော်ဝါရီ ၆ ရက်နေ့ မတိုင်ခင် စမ်းသပ်ကာလ ပြေးဆွဲ ပြီးနောက် တရားဝင်မိတ်ဆက်လိုက်တာ ဖြစ်ပြီး စင်ကာပူ၊ထိုင်း၊မလေးရှာ၊ အင်ဒိုနီးရှာ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားး နိုင်ငံတွေမှာ ဝန်ဆောင်မှု့ပေးနေတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလည်း စီးပွားရေးလုပ်ငန်းပေါင်း ၅၀ ကျော်မှာ အသုံးပြုနေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က