ခရီးသည်များအနေဖြင့် ဈေးဆစ်စရာမလိုတော့ဘဲ အက်ပလီကေးရှင်းဖြင့်

GrabThoneBane အမည်ဖြင့် သုံးဘီးကားများ ဌားရမ်းနိုင်မည့် ဝန်ဆောင်မှုကို စတင် စမ်းသပ်ပြေးဆွဲနေပြီလို့သိရပါတယ်။ Grab ခရီးသည်များမှာ Grab မိုဘိုင်း အက်ပလီကေးရှင်းကို အသုံးပြုပြီး ပုံသေဈေးနှုန်းဖြင့် လွယ်ကူးစွာ ဌားရမ်းနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ ဝန်ဆောင်မှုကို ၂၀၁၈ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် စတင်ခဲ့တာဖြစ်ပြီး လက်ရှိ စမ်းသပ်ပြေးဆွဲနေချိန်အတွင်း GrabThoneBane ယာဉ်မောင်းအုပ်စုတစ်စုဖြင့် လက်တွဲလုပ်ကိုင်လျက် ရှိပါသည်။ စမ်းသပ် ပြေးဆွဲသည့် ကာလတွင် ယာဉ်မောင်းနှင့် ခရီးသည်များ၏ အကြံပြုချက်များအပေါ် အခြေခံပြီး Grab က GrabThoneBane ဝန်ဆောင်မှုကို ပိုမို အဆင်ပြေချောမွေ့လာစေရန် တစ်ဆင့်ထက်တစ်ဆင့် တစ်ဖြည်းဖြည်း တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

 

ခရီးသည်များအနေဖြင့် ဈေးဆစ်စရာမလိုတော့ဘဲ အက်ပလီကေးရှင်းဖြင့် ယာဉ်ဌားရမ်းမှုပြုလုပ်ပြီး မိနစ်ပိုင်းအတွင်းတွင် GrabThoneBane တက္ကစီမှ မိမိနေရာအရောက် လာရောက်ခေါ်ဆောင်ပေးမည်ဖြစ်သောကြောင့် နေ့စဉ် သွားလာရေးအတွက် ပိုမိုအဆင်ပြေချောမွေ့စေမယ်လို့ သိရပါတယ်။

 

"အပြိုင်ဖြစ်လာတာကတော့ ကောင်းပါတယ်။ Oway ကတော့ လူနှစ်ယောက်စီးရင် အဆင်ပြေတယ် မြို့ကျော်ကြေးတွေဘာတွေတော့ ပေးရတယ်။ ဒါပေမဲ့ သုံးယောက်ဆိုရင် တစ်ယောက်ခ အပိုပေးရတယ်။ Grab ကတော့ သုံးယောက် မစီးဘူးသေးဘူး နှစ်ယောက်တော့ စီးနေတယ်။ ဒါပေမဲ့ ဈေးအရကြည့်ရင်တော့ Grab က ပိုဈေးများနေတယ်" ဟု လက်ရှိ သုံးဘီး အသုံးပြုနေသူ ကိုစိုးသူက သူ့ရဲ့ အမြင်ကိုပြောပါတယ်။

 

 Grab ကဲ့သို့ သုံးဘီး ဝန်ဆောင်မှု တစ်ခုကိုလဲ ပြည်တွင်းပို့ဆောင်ရေး ဝန်ဆောင်မှု ကုမ္ပဏီ ဖြစ်တဲ့ Oway ဟာ Mini Oway အမည်ဖြင့် ယခင်နှစ် အောက်တိုဘာ စတုတ္တအပတ် မှာလဲ မိတ်ဆက်ပြီး ပြေးဆွဲနေတာဖြစ်ပါတယ်။ Grab ဟာ မန္တလေးမှာ GrabBike ကို ၂၀၁၇ ဒီဇင်ဘာမှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး ယခု GrabBike နဲ့ GrabThoneBane ဝန်ဆောင်မှုနှစ်မျိုး ရရှိနေတာပါ။

Share

Loading Next Article...
က္က