မိတ်ဖက်အငှားယာဉ်မောင်းပေါင်း ၂.၄ သန်းကျော်ရှိပါတယ်။

အရှေ့တောင်အာရှ ထိပ်တန်း သယ်ယူပို့ဆောင်ရေးနှင့် မိုဘိုင်းငွေပေးချေမှုစနစ် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သော Grab နှင့် ကမ္ဘာစမတ်ဖုန်းဈေးကွက်တွင် ထိပ်တန်း ကုမ္ပဏီတစ်ခုဖြစ်သော Samsung Electronic တို့ နှစ်ရှည် သဘောတူညီမှု စာချုပ် MOU တစ်ခုကို ဇန်နဝါရီလ ၃၀ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြကြောင်း ဖေဖော်ဝါရီလ ၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။



ထို ပူးပေါင်းမှု၏ အစိတ်အပိုင်း တစ်ခု အဖြစ် Grab နှင့် Samsung တို့က Grab ၏ မိတ်ဖက် ယာဉ်မောင်း ၂.၄ သိန်းကျော်အတွက် အသေးစား ချေခးငွေ အစီအစဉ်များမှ စပြီး ခရီးသည်များအတွက် အဌားယာဉ် ဌားရမ်းမှု၊ ကားအတွင်းပိုင်း ဝန်ဆောင်မှု့ တိုးတက်လာစေရေးတို့ အပါအဝင် အဌားယာဉ် ဝန်ဆောင်မှု ဈေးကွက် လိုအပ်ချက်များနှင့် အညီ အထူးသီးသန့် နည်းပညာနှင့် သယ်ယူပို့ဆောင်ရေး နည်းပညာအသစ်များ ကို ပူးပေါင်း ဖော်ဆောင်သွားမယ်လို့ သိရပါတယ်။


Grab ၏ Group CEO နှင့် Co-founder ဖြစ်သူ Anthony Tan က “ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံး ဈေးကွက်တွေ ထွက်ပေါ်တဲ့ အဓိက မိခင်မြေဟာ အရှေ့တောင်အာရှပါပဲ။ ဒါပေမယ့်လည်း မြို့ရွာလေးတွေ တော်တော်များများက အခုထိ တိုးတက်နေတဲ့ ဒစ်ဂျစ်တယ် စီးပွားရေးစနစ်မှာ အလွယ်တကူ မပါဝင်နိုင်ကြသေးပါဘူး။ မိုဘိုင်းနည်းပညာက ဒီလို အခြေခံလိုအပ်ချက် ကွာခြားမှုတွေကို ပေါင်းကူးပေးနိုင်ပြီး စီးပွားရေးအရလည်း ပိုပြီး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်အောင် ထောက်ကူပေးနိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ Samsung က ကမ္ဘာ့ တီထွင်ဆန်းသစ်မှု အရှိဆုံး နည်းပညာကုမ္ပဏီတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အခုလို သူတို့နဲ့ ပူးပေါင်းပြီး Grab ကွန်ယက်ကြီးထဲက လူတိုင်းကို ဒစ်ဂျစ်တယ် ဝန်ဆောင်မှုတွေ ပိုပြီးပေးနိုင်ဖို့နဲ့ အရှေ့တောင်အာရှက လူတွေကို သူတို့ရဲ့ နေထိုင်မှုဘဝတွေမှာ ပိုပြီး အဆင်ပြေ ချော့မွေ့လာစေဖို့ လုပ်ဆောင်ပေးခွင့်ရတဲ့အတွက် စိတ်လှုပ်ရှား ဝမ်းသာမိပါတယ်” ဟု ပြောသည်။

Grab သည် အရှေ့တောင်အာရှဒေသတွင်း အကြီးမားဆုံး သယ်ယူပို့ဆောင်ရေး ကွန်ယက်တစ်ခုဖြစ်ပြီး နေ့စဉ် ငှားရမ်းစီးနင်းမှုပေါင်း ၃.၅ သန်းကျော်ရှိရာ မိုဘိုင်းဖုန်း အသုံးပြုမှု အများဆုံး ကွန်ယက်ထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။

မိတ်ဖက်အငှားယာဉ်မောင်းပေါင်း ၂.၄ သန်းကျော်ရှိပြီး  ယခုအခါ Grab သည် ကိုယ်ပိုင်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ အငှားယာဉ်နှင့် ကြို/ပို့ကား ဝန်ဆောင်မှုလုပ်ငန်းများကို အရှေ့တောင်အာရှဒေသတွင်း နိုင်ငံပေါင်း ၈ နိုင်ငံရှိ မြို့ပေါင်း ၁၇၈ မြို့တွင် လုပ်ကိုင်လျက်ရှိပါသည်။

Share

Loading Next Article...
က္က