AD
AD
AD

တကယ်လို့ သင်ဟာ ပျံသန်းခြင်းနည်းပညာနဲ့ အကျွမ်းဝင်သူ ဖြစ်မယ်ဆိုရင် ဒေါ်လာ ၂ သန်း (မြန်မာငွေ သိန်းပေါင်း ၂၇၀၀၀ ကျော်)အထိ ဆုကြေးရမယ့် ဒီပြိုင်ပွဲကို မဖြစ်မနေ ဝင်ပြိုင်သင့်ပါတယ်။

play

 

ပျံသန်းခြင်းခေတ် တစ်ခေတ်ဆန်းသစ်လာချိန်မှာ ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးများ သာမက သိပ္ပံပညာရှင်တစ်ဦးချင်းစီမှလည်း မိုးပျံယာဉ်အကြီးအလတ် အသေးမှသည် တစ်ကိုယ်စာ jetpack တွေအထိ တီထွင်ကြံဆနေပြီ ဖြစ်ပါတယ်။ ကမ္ဘာကျော် Boeing လေကြောင်းကုမ္ပဏီဟာ ဘေးကင်းစိတ်ချရပြီး အသုံးပြုရလွယ်ကူတဲ့ တစ်ကိုယ်ရေသုံး မိုးပျံထုတ်ကုန်အတွက် ဆုကြေး ဒေါ်လာ သန်း ချီပေးမယ့် ပြိုင်ပွဲတစ်ရပ်ကျင်းပပြီး ပျံသန်းခြင်းခေတ်ကို အရှိန်မြှင့်တင်ဖို့ ကြိုးပမ်းလိုက်ပါတယ်။

 

ဒီပြိုင်ပွဲကို GoFly လို့ နာမည်ပေးထားပြီး Boeing ဝန်ထမ်းတွေက လွဲလို့ တစ်ကမ္ဘာလုံးက အသက် ၁၈ နှစ် နဲ့ အထက် မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်လို့ ဆိုပါတယ်။ ပြိုင်ပွဲမှာ အဆင့် ၃ ဆင့်ရှိပြီး တစ်ဆင့်စီ အောင်မြင်တိုင်း ဒေါ်လာ ၂ သန်းထဲမှ ခွဲပေးသွားမှာ ဖြစ်ပါတယ်။ ကိုယ့်ပြိုင်ပွဲဝင်မယ့် jetpack ဒီဇိုင်း ၊ အစီအစဉ်နဲ့ နမူနာ prototypes ပေါ်မူတည်ပြီး ပထမအဆင့် ဒေါ်လာ ၂၀၀၀၀ တန် ဆု ၁၀ မျိုးနဲ့ အထက် ချီးမြှင့်သွားမှာ ဖြစ်ပြီး ဒုတိယအဆင့်မှာ ပထမပိုင်းက နမူနာတကယ် အလုပ်ဖြစ်မဖြစ်ပေါ်ကြည့်ပြီး ဒေါ်လာ ၅၀၀၀၀ တန် ဆု ၄ ဆုကို အနိုင်ရပြိုင်ပွဲဝင်တွေကို ချီးမြှင့်သွားမှာပါ။ နောက်ဆုံး အဆင့်မှာတော့ ဒီ jetpacks တွေကို တကယ်လက်တွေ့ စမ်းသပ်ပျံသန်းရမှာ ဖြစ်ပြီး Grand Prize ရတဲ့ အဖွဲ့ က ဒေါ်လာ ၁ သန်း ရမှာ ဖြစ်ပါတယ်။

 

ပျံသန်းစဉ် ဆူညံမှုမရှိဘဲ အသံအလုံဆုံး jetpack အဖွဲ့ ကို ဒေါ်လာ ၂၅၀၀၀၀ ၊ အရွယ်အစားကျစ်လစ်မှု အရှိဆုံး အဖွဲ့ ကို ဒေါ်လာ ၂၅၀၀၀၀ နဲ့ နည်းပညာပိုင်းအရ ဆန်းသစ်မှု အရှိဆုံးအဖွဲ့ အတွက် ဒေါ်လာ ၁၀၀၀၀၀ အထိ ပေးအပ်သွားမယ်လို့ ဆိုပါတယ်။ ဒီပြိုင်ပွဲဟာ ၂ နှစ်အထိ ကြာမယ့် ပြိုင်ပွဲဖြစ်ပြီး ပြိုင်ပွဲတစ်လျှောက်မှာ တစ်ဦးချင်းဖြစ်စေ အဖွဲ့ လိုက်ဖြစ်စေ ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒုတိယအဆင့်ကို လာမယ့်နှစ် ဧပြီလ ၄ ရက် နောက်ဆုံးသတ်မှတ်ထားပြီး ဒီပြိုင်ပွဲအနိုင်ရသူကိုတော့ ၂၀၁၉ ခုနှစ်မှာ မြင်ရမှာ ဖြစ်ပါတယ်။

Jetpack တွေဟာ အနာဂါတ် သွားလာရေး ၊ သယ်ယူပို့ ဆောင်ရေးနဲ့ ကယ်ဆယ်ရေးများအတွက်ပါ အဖြေတစ်ခု ဖြစ်လာဖို့ ရှိနေပါတယ်။ နှစ်ဆန်းပိုင်းကလည်း ဒူဘိုင်းမြို့ တော်မှာတော့ ယာဉ်ကြောကြပ်တဲ့ တံတားတစ်ခုပေါ်က မီးလောင်မှုကို့ ဒူဘိုင်းမီးသတ်သမားတွေဟာ Jetpack သုံးပြီး မီးငြိမ်းသတ်ခဲ့ပါတယ်။ ဗြိတိန်နိုင်ငံမှ လေကြောင်းပျံသန်းရေး နည်းပညာ startup တစ်ခုမှ စွန့် ဦးတီထွင်သူ ရစ်ချတ်ဘရောင်းနင်းဆိုသူမှလည်း မိုးပေါ် ပျံသန်းနိုင်တဲ့ Daedelus Jetpack တီထွင်စမ်းသပ် ပျံသန်းပြခဲ့ပါတယ်။

play

 

မောင်းသူမဲ့ကား ၊ မိုးပျံတက္ကစီ အစရှိသဖြင့် ပျံသန်းရေးနည်းပညာမြင့် ထုတ်ကုန်များ ထွန်းကာလာချိန်မှာ တစ်ကိုယ်ရေး ပျံသန်းရေးသုံး jetpack တွေဟာ တကယ့်ကို ကြီးမားလှတဲ့ အနာဂါတ်ဈေးကွက်ကြီးတစ်ခု ဖြစ်ဖို့ ရှိပါတယ်။ တကယ်လို့ သာ jetpack များ ဈေးကွက်ထဲရောက်လာမယ်ဆိုရင်တော့ သယ်ယူပို့ ဆောင်ရေးကဏ္ဍ တစ်ခေတ်ပြောင်းသွားဖို့ ရှိနေပါတယ်။ Boeing ရဲ့ GoFly ပြိုင်ပွဲဟာ အနာဂါတ်မျိုးဆက်သစ် ပျံသန်းရေးယာဉ်ငယ်နဲ့ ပညာရှင်များကို မွေးထုတ်ပေးနိုင်မယ့် ပြိုင်ပွဲတစ်ခု ဖြစ်လာဖို့ ရှိနေပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD