မြန်မာနိုင်ငံ ကိုယ်စားပြု startups တစ်ခုအနေနဲ့တက်ရောက်ခဲ့တာပါ

စွန့်ဦးတီထွင်မှုနဲ့စတုတ္ထစက်မှုတော်လှန်ရေး ခေါင်းစဉ်အဖြစ် ၃ ရက်ကြာ ကျင်းပခဲ့တဲ့ World Economic Forum မှာ မြန်မာနိုင်ငံရဲ့ ဆန်းသစ်မှုအရှိဆုံး start-up ကုမ္ပဏီတွေထဲက တစ်ခု ဖြစ်တဲ့ Kargo လည်း တက်ရောက်ဖို့ဖိတ်ကြားခံခဲ့ရပါတယ်။

unnamed (2)_1280x853.jpg

Photo: Kargo

 

စက်တင်ဘာ ၁၁ ရက်ကနေ ၁၃ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာ ကျင်းပခဲ့တဲ့ အာဆီယံ WEF ပွဲမှာ နိုင်ငံပေါင်း ၄၃ နိုင်ငံမှ ကိုယ်စားလှယ် ၁၀၀၀ ကျော် ၊ ဒေသတွင်း အစိုးရအကြီးအကဲ ၈ ဦး နဲ့ကိုရီးယား ၊ သီရိလကာၤနဲ့ထိုင်းတို့မှ ထူးချွန်ထင်ရှားသူများလည်း တက်ရောက်ခဲ့ပါတယ်။ Kargo ဟာ ဒီပွဲမှာ အာဆီယံ ထိပ်တန်း startups တွေထဲက တစ်ခုအဖြစ် ရွေးချယ်ခံရတာ ဖြစ်ပါတယ်။

ကုန်တင်ကား ငှားရမ်းတဲ့ ကုမ္ပဏီများနဲ့ချိတ်ဆက်လုပ်ဆောင်နေတဲ့ Kargo ဟာ ၂၀၁၆ ခုနှစ်က စတင် တည်ထောင်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာ သုံးစွဲသူ ၈ ထောင်ခန့်ရှိနေပြီလို့ဆိုါပတယ်။ Kargo ဟာ ဇူလိုင်လဆန်းက စကာၤပူမှာ ပြုလုပ်ခဲ့တဲ့ Echelon Asia Summit 2018 ပွဲမှာ ထူးချွန်ဆု ၂ ဆု ရရှိခဲ့ပါတယ်။

ASEAN WEF ပွဲမှာ Kargo ကုမ္ပဏီဟာ အာဆီယံ startup အသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့အနာဂါတ် ပူးပေါင်း ဆောင်ရွက်မှုများ ဆွေးနွေးခဲ့တဲ့ Entrepreneur Workshop မှာ ပါဝင်ခဲ့ပါတယ်။

ကွန်ဖရင့်မှာ ပါဝင်ခဲ့တဲ့ အဖွဲ့အစည်းနဲ့လူပုဂ္ဂိုလ်များဟာ စတုတ္ထစက်မှုတော်လှန်ရေးရဲ့ သက်ရောက်မှုများ ၊ တည်တံ့တဲ့ စီးပွားရေး ဖွံ့ဖြိုးမှု ဖန်တီးရေး နဲ့အလုပ်အကိုင် လုံလုံလောက်လောက် ဖန်တီးရေးများပါ ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

Photo: Kargo

 

၃ ရက်တာ ကွန်ဖရင့်မှာ ခေါင်းစဉ်ပေါင်း ၅၅ မျိုး ဆွေးနွေးခဲ့ကြပြီး ဒီထဲမှာ ဒစ်ဂျစ်တယ်ခေတ်အတွင်း စီးပွားရေးနဲ့အစိုးရဆိုင်ရာ ပုံစံသစ်များ ချမှတ်ရေး ၊ စမတ်နည်းပညာဆိုင်ရာ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးလာရေး ၊ ကျွမ်းကျင်မှု ၊ အလုပ်အကိုင်သစ်နဲ့startupsပိုင်း ဆန်းသစ်တီထွင်မှုပိုင်းမှာ သင်တန်းများ ပေးဖို့ပါ ဆွေးနွေး ပြောကြားခဲ့တယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က