AD
AD
AD

Myanmar Rice Bowl မှ နိုင်ငံအဆင့် Startup ကုမ္ပဏီများ ရွေးချယ်ဆုပေးပွဲကို အောက်တိုဘာလ ၂၇ ရက်နေ့ က ရန်ကုန်မြို့ ၊ Utopia Tower Restaurant မှာ ကြေငြာသွားပါတယ်။

play

 

ဒီပွဲမှာ ဆု ၈ မျိုးပေးခဲ့ပြီး ပြည်တွင်း Startup ကုမ္ပဏီ ၈ ခုမှ ရရှိသွားတာပါ။ Myanmar Rice Bowl မှ ပေးအပ်တဲ့ Best Newcomer ဆုကို Chate Sat Freelancing Platform ၊ Best Smart City Solution ဆုကို Grab ၊ Best e-Commerce/Supply Chain Startup ဆုကို Go Outz ၊ Best Healthy Lifestyle Tech Startup နဲ့ Startup of The Year ဆုကို Flexible Pass ၊ Best Deep Tech/AI/Big Data Startup ဆုကို MOA ၊ Best Co-Working Space ဆုကို Phandeeyar နဲ့ Founder of The Year ဆုကိုတော့ Openads မှ ကိုဟိန်းသက်တို့ က ရရှိသွားခဲ့တယ်လို့ ဆိုပါတယ်။

Myanmar Rice Bowl ရဲ့ Best Newcomer ဆုရရှိခဲ့တဲ့အပေါ် Chate Sat ရဲ့ CEO ဖြစ်သူ မဟန်နီမြဝင်းက "RiceBowl Awards ဆုရတဲ့အတွက် အားတက်ရပါတယ်.. မြန်မာနိုင်ငံရဲ့ပထမဦးဆုံးအချိန်ပိုင်းအလုပ်အကိုင်ရှာပေးတဲ့ Tech Startup တစ်ခုအနေနဲ့ တည်ထောင်ပြီးပြီးချင်းတနှစ်ကျော်အတွင်းမှာ Freelancer ခြောက်ထောင်ကျော် စာရင်းပေးသွင်းခဲ့ပြီး ရာနဲ့ချီတဲ့လူတွေကို ကျပ်သိန်းပေါင်းများစွာအပိုဝင်ငွေရရှိအောင် စွမ်းဆောင်ပေးခဲ့နိုင်တဲ့အတွက်လည်း အားရှိပါတယ်.. နောက်နှစ်တွေမှာလည်း မြန်မာ့ freelance community ကို ဒီထက်ပိုတိုးတက်အောင် ပံ့ပိုးကူညီနိုင်ဖို့ ကြိုးစားသွားမှာပါ." လို့ ဆိုပါတယ်။

 

ဒီပွဲမှာ Startup of the Year Award နဲ့ Best Healthy Lifestyle Tech Startup ဆုနှစ်ခုလုံး ရရှိထားတဲ့ Flexible Pass မှ တည်ထောင်သူ Sully ခေါ် ကိုထက်အောင်လတ်ကလည်း "အ ခု လို ဆု ၂ ခု ရ သည့် အ တွက် လည်း အ တိုင်း မ သိဝမ်း သာ ပီ တိ ဖြစ် မိ ပါ သည်။ အ ခု လို Startup of the Year ဆု ရ ပြီး Regional Final မှာ မြန် မာ နိုင် ငံ ကို ကိုယ် စား ပြု ပြီး ယှဉ် ပြိုင် ခွင့် ရ ရှိ တဲ့ အ တွက် လည်း အ လွန် ဂုဏ် ယူ မိ ပါ သည်။ အ ခု လိုဆု မျိုး တွေ ရ ရှိ တာ ကျွန် တော့ တို့ အ တွက် ရှေ့ ဆက် သွား ရ မယ့် Startup ခ ရီး စဉ် အ တွက် တွန်းအား တွေ ဖြစ် စေ ပါတယ်" လို့ ပြောကြားသွားပါတယ်။

Myanmar Rice Bowl Award ဆုများထဲမှ Founder of the Year ဆုရရှိခဲ့သူ ကိုဟိန်းသက်ဇော်ကလည်း ယခုလို ဆုရရှိခြင်းအပေါ် "Founder of the Year  အဖြစ် ရွေးချယ်ခံရခြင်းက ကျနော့်အတွက် တကယ်ကို စိတ်လှုပ်ရှားပြီး ပျော်ရွှင်ရပါတယ် ဒီနှစ်အတွင်းမှာ တကယ်ကြိုးစားအလုပ်လုပ်ပေးခဲ့တဲ့ ကျနော်ရဲ့  အဖွဲ့ဝင်တွေကိုလဲ ကျေးဇူးတင်ပါတယ် ပြီးတော့ ဒီ Myanmar Circuit မှာ အနိုင်ရ တဲ့ အခြား winners တွေကိုလဲ ဂုဏ်ယူပါတယ်" လို့ ဝမ်းမြောက်စကား ပြောသွားခဲ့ပါတယ်။

play

 

Rice Bowl Awards ပြိုင်ပွဲများကို နှစ်စဉ် မေလမှာ Nomination များကို လက်ခံခဲ့ပြီး နိုင်ငံအဆင့်ပြိုင်ပွဲ နဲ့ အာဆီယံအဆင့်ပြိုင်ပွဲများကို ဒီဇင်ဘာလထဲမှာ ကျင်းပလေ့ရှိပါတယ်။ Myanmar Rice Bowl Startup Awards ဟာ နိုင်ငံအဆင့်ပြိုင်ပွဲ ဖြစ်ပြီး နောက်ဆုံးအဆင့် ASEAN Level ပြိုင်ပွဲကို လာမယ့် ဒီဇင်ဘာလ ၁၃ ရက်နေ့ မလေးရှားနိုင်ငံ ၊ ကွာလာလန်ပူမြို့ မှာ ယှဉ်ပြိုင်ရမှာ ဖြစ်တယ်လို့ လည်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD