AD
AD
AD

MyHealthcare မိုဘိုင်းအက်ပလီကေးရှင်းဟာ USAID, fhi360, Phandeeyar တို့ ပူးပေါင်းစီစဉ်သည့် Innovation Marketplace (Civic Tech Solution) ပြိုင်ပွဲ မှာပါဝင် ဖြစ်ခဲ့ရာက နေ ထွက်ပေါ်လာတဲ့ Mobile App တစ်ခုဖြစ်ပါတယ်။ အရပ်ဖက်အဖွဲ့အစည်း နှင့် နည်းပညာ ကုမ္ဗဏီ ပူးပေါင်းပြီး ပြည်သူ့ အကျိုးပြု application တွေ ထွက်ပေါ်စေဖို့ ရည်ရွယ်ပြီး ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ Trust Oo Enterprise နှင့် Global New Wave Technology တို့ပူးပေါင်း ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

play
play


ယခုတစ်ခေါက် ရရှိတဲ့ ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ MyHealthcare Mobile App အနေနဲ့ ဒုတိယအဆင့် မှာ ထပ်မံ ရရှိခဲ့တာ ဖြစ်ပါတယ်။ ပထမအဆင့် Round-1 တုန်းကလည်း ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ ၁၀၀၀၀ ရရှိခဲ့တယ်လို့ သိရပါတယ်။ ပထမအဆင့်တုန်းကတော့ မြန်မာနိုင်ငံက အဖွဲ့ ကိုးဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

အခုရရှိတဲ့ ရင်နှီးမြှုပ်နှံငွေ တွေကို မျိုးဆက်ပွားကျန်းမာရေး အပြင် အခြား ကျန်းမာရေး ကိစ္စများ ကို မေးမြန်းနိုင်ဖို့ Feature အသစ်တွေ ထပ်မံ ဖြည့်သွင်းသွင်းရာမှာ သုံးစွဲသွားမယ်လို့ သိရပါတယ်။

မျိုးဆက်ပွား ကျန်းမာရေး  အကြောင်းတွေ ကို ဒီ MyHealthcare application ကနေ တစ်ဆင့် မည်သူ မည်ဝါ ဖြစ်ကြောင်း ဖော်ပြရန် မလိုပဲ ပွင့်ပွင့်လင်းလင်းမေးမြန်းနိုင်ပါတယ်။ ဒီလို မေးမြန်းမှုတွေကတဆင့် မလိုလားအပ်တဲ့ မျိုးဆက်ပွား ကျန်းမာရေး နောက်ဆက်တွဲ ဆိုးကျိုးများကို လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ MyHealthcare အက်ပလီကေးရှင်းကို နေ့စဉ်အသုံးပြု သူ ၁၅၀ ကျော် ရှိနေပြီး အသုံးပြုသူတွေ ထဲမှာ ယောက်ျားလေး ဦးရေ ပိုများတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD