Nexlabs ဟာ ၅ နှစ်အတွင်း လျင်မြန်စွာ တိုးတက်လာတဲ့ မြန်မာရှေ့ပြေး နည်းပညာကုမူ္ပဏီတစ်ခုဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

လန်ဒန်နှင့် စီးပွားရေးလုပ်ဆောင်သည့် Myanmar Strategic Holdings (MSH) ကုမ္ပဏီက မြန်မာအခြေစိုက် နည်းပညာကုမ္ပဏီ nexlabs တွင် အမေရိကန်ဒေါ်လာ တစ်သိန်းခွဲရှိသည့် ရင်းနှီးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

MSH မှပြောကြားချက်များအရ CEO ဖြစ်တဲ့ ကိုရဲမြတ်မင်း ဟာ nexlabs ကိုဦးစီးကာ မြန်မာနိုင်ငံအတွက် နည်းပညာ ထုတ်ကုန်များနဲ့ ဈေးကွက်ကို တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ရှေ့ပြေးနည်းပညာ ကုမူ္ပဏီ တစ်ခုဖြစ်လာကြောင်း ပြောခဲ့သည်။ Nexlabs ရဲ့ ဝန်ဆောင်မှုရယူထားတဲ့  Carlsberg, Samsung, Wall Street English, MPT, City Mart Holdings, Wave Money နဲ့ Yoma Bank စတဲ့ နာမည်ကြီးကုမူ္ပဏီကြီး တွေဖြစ်ပြီး ဇန်နဝါရီလတုန်းကလည်း nexlabs အနေနဲ့ ရင်းနှီးမြုပ်နှံမှုတွေကို Singapore အခြေစိုက် venture capital firm Vulpes Innovative Myanmar Investment Company (VIMIC)နဲ့ လုပ်ဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။

 

MSH ရဲ့ CEO Enrico Cesenni ကတော့ Nexlabs ဟာ ၅ နှစ်အတွင်း လျင်မြန်စွာ တိုးတက်လာတဲ့ မြန်မာရှေ့ပြေး နည်းပညာကုမူ္ပဏီတစ်ခုဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

 

ခုလိုရင်းနှီးမြှပ်နှံမှုတွေ လုပ်ရခြင်းဟာ MSH အနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းချဲ့ထွင်ဖို့အပြင် ပညာရေးဝန်ဆောင်မှု့နဲ့ တခြားနယ်ပယ်တွေမှာလည်း ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ပေးနိုင်အောင် လုပ်ဆောင်ဖို့ ဖြစ်ကြောင်း ပြောခဲ့ပါသေးတယ်။

 

Mr. Cesenni က ခုလို အောင်မြင်မှုရရှိနေတဲ့ ကုမူ္ပဏီတစ်ခုမှာ ရင်းနှီးမှုတွေ လုပ်ရတာဟာ နည်းပညာဈေးကွက် ထဲကိုထိုးဖောက်ဖို့ အခွင့်အလမ်းကောင်း တစ်ခုဖြစ်ကြောင်း ဆက်လက်ပြောကြား ခဲ့ပါသေးတယ်။

 

Nexlabs CEO ကိုရဲမြတ်မင်းကလည်း “ မိမိတို့အနေနဲ့ MSH ကုမ္ပူဏီရဲ့ Wall Street English Digital ဝန်ဆောင်မှု့ကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း” ပြောကြားခဲ့ပါသေးတယ်။

 

၂၀၁၆ တုန်းက MSH အနေနဲ့ မြန်မာနိုင်ငံမှာ UK အခြေစိုက် အဂူူူူ်လိပ်ဘာသာစင်တာ တွေကိုဖွင့်ဖို့ စီစဉူ်ခဲ့ပြီး ၂၀၁၇ ဖေဖော်ဝါရီလမှာတော့ ရန်ကုန်မြို့တွင်းမှာ ငါးထပ်မြင့်စင်တာ တစ်ခုမှာ ဖွင့်လှစ်နိုင်ခဲ့ပြီး နိုင်ဝင်ဘာလထဲမှာတော့ ဒုတိယမြောက်စင်တာကို ထပ်မံဖွင့်လှစ်နိုင်ခဲ့တာပါ။

 

ပြီးခဲ့တဲ့လတုန်းကတော့ MSH နဲ့ Auston Institute of Management တို့ပူးပေါင်းပြီး ကိုယ်ပိုင်ကျောင်းတစ်ခု ဖွင့်လှစ်မှာ ဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။လောလောဆယ် အစပိုင်းမှာတော့

 Diploma in Engineering Technology, Diploma in Construction Project Management and Diploma in Networking, Information Systems and Security စတဲ့ဘွဲ့တွေ ကိုတက်ရောက်နိုင်မှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

 

MSH အနေနဲ့လည်း တတိယမြောက် Wall Street English Language စင်တာကို လာမယ့် သြဂုတ်လထဲမှာ ဖွင့်လှစ်ဖို့စီစဉူ်နေကြောင်းနဲ့  ၂၀၂၇ မှာ စင်တာပေါင်းး ၂၀ အထိဖွင့်လှစ်ဖို့ စီစဉူ်ထားကြောင်း သိရပါတယ်။

 

MSH ဟာ စကူ်ာပူအခြေစိုက် ကုမူ္ပဏီတစ်ခုဖြစ်ပြီး လန်ဒန်စတော့ဈေးကွက်ဝင် ကုမူ္ပဏီတစ်ခု ဖြစ်ပါတယ်။ CEO ဖြစ်တဲ့ Mr.Cesenni ဟာ ဘဏ်လုပ်ငန်းရှင် တစ်ဦးဖြစ်ပြီး လောလောဆယ် ကုမူ္ပဏီမှာ ရှယ်ယာ အများဆုံး ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ၂၀၁၄ သြဂုတ်ကစတင်ပြီး Ostello Bello Bagan ဟိုတယ်ဝန်ဆောင်မှု ကိုစတင်ခဲ့ပါတယ်။ လောလောဆယ်မှာတော့ Ostello Bello ဟိုတယ်တွေဟာ ပုဂံ၊မန္တလေး နဲ့ အင်းလေးတို့မှာ တိုးချဲ့ထားပြီး ဟိုတယ်တွေမှာ  လူပေါင်း ၅၀၀ ခန့် တည်းခိုနိုင်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က