Pitch@Palace ဟာ စွန့်ဦးတီထွန်သူတွေကို ပိုမိုမြှင့်တင်စေဖို့ရန် Platform တစ်ခုအဖြစ်

လာမည့် June လ (၅)ရက်နေ့ စင်ကာပူနိုင်ငံ Marina Bay Sands မှာ ကျင်းပမဲ့ Pitch@Palace ASEAN မှာ  Flexible Pass ဟာပါဝင်ဖို့ ရွေးချယ်ခံခဲ့ရပါတယ်။ Pitch@Palace ဟာ စွန့်ဦးတီထွန်သူတွေကို ပိုမိုမြှင့်တင်စေဖို့ရန် Platform တစ်ခုအဖြစ် The Duke of York က ၂၀၁၄ က တည်ထောင်ခဲ့တာပါ။ ဒီပွဲတွေမှာ CEO တွေ၊ Influencers တွေ၊ Angels တွေ၊ Mentors တွေ၊ ရင်းနှီးမြှပ်နှံသူတွေ နဲ့ စီးပွားရေးလုပ်ငန်းပါတနာတွေ တက်ရောက်ကြပြီး စွန့်ဦးတီထွင် လုပ်ငန်းတွေအတွက် အခွင့်အလမ်းတစ်ခုဆိုရင်လဲ မမှားပါဘူး။

 

ဒိုင်တွေဟာ စွန့်ဦးတီထွင် လုပ်ငန်း ၁၂ ခုကိုရွေးချယ်ပြီး ဒီပွဲမှာ ၃ မိနစ်ကြာ Pitch လုပ်ရမှာဖြစ်ပါတယ်။ Pitch@Palace ASEAN Winner နဲ့ runners up ကိုတော့ အများဆန္ဒမဲနဲ့ ရွေးချယ်မှာ ဖြစ်ပါတယ်။ Pitch@Palace ASEAN မှာ Winner ဖြစ်သူကတော့ December လ လန်ဒန်မြို့မှာ ကျင်းပမည့် Pitch@Palace Global ကိုတက်ရောက်ခွင့်ရမှာပါ။ ဒီပွဲနဲ့ ပတ်သတ်ပြီး ရွေးချယ်ခံရတဲ့ မြန်မာနိုင်ငံက Flexible Pass ရဲ့ CEO ဖြစ်တဲ့ Sully Bholat ကတော့ "Flexible Pass ဟာ ခုလို ရွေးချယ်ခံရတဲ့အတွက် အလွန်ဂုဏ်ယူမိပါတယ် ဒါဟာ pitch လုပ်ဖို့အတွက် ကြီးမားတဲ့ အခွင့်အလမ်းတစ်ခုဖြစ်တယ်။ မြန်မာကိုယ်စားပြု ဝင်ပြိုင်ရမဲ့ ဒီပြိုင်ပွဲ ရဲ့ ခရီးစဉ်ကို လဲစိတ်လှုပ်ရှား နေမိပါတယ်" လို့ Duwun Tech ကိုပြောပါတယ်။

 

Flexible Pass ဟာ အားကစားဆိုင်ရာ mobile application တစ်ခုဖြစ်ပြီး gym တွေနဲ့ Fitness Center တွေကို app မှ တစ်ဆင့် booking လုပ်ကာအသုံးပြုနိုင်ပါတယ်။ လက်ရှိမှာ gym နဲ့ fitness center ၆၀ ကျော်ကို အသုံးပြုနိုင်ပြီး အခြား fitness ဆိုင်ရာ activities တွေကို ပြုလုပ်နိုင်နေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က